အေဘရာဟီမိုဗစ်ကို ယုံကြည်သလို ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ပြောခဲ့တဲ့ အေစီမီလန်နည်းပြ ပိုင်အိုလီ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကက်ဂလီယာရီအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရပြီးနောက်မှာတော့ အေစီမီလန်နည်းပြ ပိုင်အို လီက အသင်းကိုအားပေးတဲ့ပရိသတ်တွေအနေနဲ့ သူကိုယုံကြည်ဖို့ ပြောခဲ့သလို သူအနေနဲ့လည်း တိုက်စစ်မှူး အေဘရာ ဟီမိုဗစ်ကို ယုံကြည်ကြောင်းလည်း ပြောခဲ့ပါတယ်။ အေစီမီလန်ဟာ ၁၀ နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုရဖို့ အတွက် ဒီရာသီမှာ ရေပန်းစားနေပြီး ခြေစွမ်းအကောင်းဆုံးအနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။


နည်းပြ ပိုင်အိုလီရဲ့လက်အောက်မှာ ပြီးခဲ့တဲ့ရာသီကတည်းက ခြေစွမ်းကောင်းရနေတဲ့ အေစီမီလန်ဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။ အေစီ မီလန်နည်းပြ ပိုင်အိုလီက အသက် ၃၉ နှစ်ရှိပြီဖြစ်ပေမယ့် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အေဘရာဟီမိုဗစ်ကို ယုံကြည်ပြီး သူရဲ့ ဦးဆောင်မှုကြောင့် အေစီမီလန်အနေနဲ့ ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။


လက်ရှိစီးရီးအေဂိုးသွင်းအများဆုံးကစားသမားနေရာမှာ ၁၂ ဂိုးအထိသွင်းယူပေးထားတဲ့ အေဘရာဟီမိုဗစ်ဟာ ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုပြီးရင် ခြေစွမ်းအပြနိုင်ဆုံး ကစားသမားလို့တောင် ဆိုရမှာဖြစ်ပါတယ်။ အေစီမီလန်အနေနဲ့ လာမယ့် စီးရီးအေပွဲစဉ်မှာ ခြေစွမ်းမာကျောတဲ့ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ကိုပါအီတာ လီယာဖလားပွဲစဉ်မှာတော့ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ေအဘရာဟီမိုဗစ္ကို ယံုၾကည္သလို ခ်န္ပီယံဆုကို ရယူႏိုင္မယ္လို႔ ေျပာခဲ့တဲ့ ေအစီမီလန္နည္းျပ ပိုင္အိုလီ
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကက္ဂလီယာရီအသင္းနဲ႔ပြဲစဥ္မွာ အႏိုင္ရၿပီးေနာက္မွာေတာ့ ေအစီမီလန္နည္းျပ ပိုင္အို လီက အသင္းကိုအားေပးတဲ့ပရိသတ္ေတြအေနနဲ႔ သူကိုယံုၾကည္ဖို႔ ေျပာခဲ့သလို သူအေနနဲ႔လည္း တိုက္စစ္မွဴး ေအဘရာ ဟီမိုဗစ္ကို ယံုၾကည္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။ ေအစီမီလန္ဟာ ၁၀ ႏွစ္ၾကာေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆုရဖို႔ အတြက္ ဒီရာသီမွာ ေရပန္းစားေနၿပီး ေျခစြမ္းအေကာင္းဆံုးအေနအထားမွာ ရွိေနတာ ျဖစ္ပါတယ္။
နည္းျပ ပိုင္အိုလီရဲ႕လက္ေအာက္မွာ ၿပီးခဲ့တဲ့ရာသီကတည္းက ေျခစြမ္းေကာင္းရေနတဲ့ ေအစီမီလန္ဟာ ဒီရာသီမွာလည္း ေျခစြမ္းေကာင္းကို ဆက္လက္ထိန္းထားႏိုင္ခဲ့ၿပီး စီးရီးေအ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။ ေအစီ မီလန္နည္းျပ ပိုင္အိုလီက အသက္ ၃၉ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ေျခစြမ္းျပေနတဲ့ တိုက္စစ္မွဴး ေအဘရာဟီမိုဗစ္ကို ယံုၾကည္ၿပီး သူရဲ႕ ဦးေဆာင္မႈေၾကာင့္ ေအစီမီလန္အေနနဲ႔ ခ်န္ပီယံဆုကို ရယူႏိုင္မွာျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။
လက္ရွိစီးရီးေအဂိုးသြင္းအမ်ားဆံုးကစားသမားေနရာမွာ ၁၂ ဂိုးအထိသြင္းယူေပးထားတဲ့ ေအဘရာဟီမိုဗစ္ဟာ ဂ်ဴဗင္တပ္ တိုက္စစ္မွဴး စီေရာ္နယ္ဒိုၿပီးရင္ ေျခစြမ္းအျပႏိုင္ဆံုး ကစားသမားလို႔ေတာင္ ဆိုရမွာျဖစ္ပါတယ္။ ေအစီမီလန္အေနနဲ႔ လာမယ့္ စီးရီးေအပြဲစဥ္မွာ ေျခစြမ္းမာေက်ာတဲ့ အတၱလႏၲာအသင္းကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး ကိုပါအီတာ လီယာဖလားပြဲစဥ္မွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာမီလန္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။