အင်တာမီလန်ကို ရှုံးနိမ့်ခဲ့သော်လည်း အမှတ်ပေးဖလား မျှော်လင့်ချက်ကို လက်လျော့သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဂျူဗင်တပ်စ်နည်းပြ ပီယာလို

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက အင်တာမီလန်အသင်းကို ရှုံးခဲ့သော်လည်း သူတို့ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်က မပြီးသေးဘူးလို့ ပြောသွားခဲ့ပါတယ်။ ရှုံးပွဲကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အဆင့် (၅) နေရာကို ရောက်သွားခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အေစီမီလန်အသင်းထက် (၇) မှတ်လျော့နေတာဖြစ်ပါတယ်။

သို့သော်လည်း ပီယာလိုက “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တစ်ထပ်တည်း ရှိနေပါတယ်။ ဒါက အားကောင်းတဲ့ ပြိုင်ဘက်ကြောင့် ရှုံးနိမ့်ခဲ့တာပါ။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်စိတ်ပျက်တာက စိတ်ဓာတ်ပါပဲ။ ဂျူဗင်တပ်စ်လို အသင်းမျိုးက ယုံကြည်ချက် အပြည့်နဲ့ ရည်ရွယ်ချက် အပြည့်ရှိရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က တွန့်ဆုတ် တွန့်ဆုတ်နဲ့ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေပါတယ်။

ကျွန်တော်တို့ရဲ့ ပေးပို့မှုတွေကလည်း အရမ်းကို လေးလံနေပါတယ်။ ကျွန်တော်တို့ နောက်ခံလူတွေကတောင် ကွင်းလယ်လူတွေထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အင်တာမီလန်ကစားသမားတွေကို မယှဉ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လှုပ်ရှားမှုတွေက မှန်းရ လွယ်ကူနေပါတယ်။ ကျွန်တော်တို့ စီစဉ်ထားသလို အလုပ်မဖြစ်ရင် နည်းပြက အရင်ဆုံး အပြစ်တင်ခံရမှာပါ။ ကျွန်တော်တို့ဟာ အစီအစဉ်မကျခဲ့ပါဘူး။ နောက်ပိုင်း ကျွန်တော်တို့ ဒီထက်ပိုကြိုးစားဖို့ လိုနေပြီဆိုတာကို ဒီနေ့ပွဲမှာ တွေ့ရပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

 

အင္တာမီလန္ကို ရႈံးနိမ့္ခဲ့ေသာ္လည္း အမွတ္ေပးဖလား ေမွ်ာ္လင့္ခ်က္ကို လက္ေလ်ာ့သြားမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလို

ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုက အင္တာမီလန္အသင္းကို ရႈံးခဲ့ေသာ္လည္း သူတို႔ရဲ႕ အမွတ္ေပးဖလား ေမွ်ာ္လင့္ခ်က္က မၿပီးေသးဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ရႈံးပြဲေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းဟာ အဆင့္ (၅) ေနရာကို ေရာက္သြားခဲ့ၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ေအစီမီလန္အသင္းထက္ (၇) မွတ္ေလ်ာ့ေနတာျဖစ္ပါတယ္။

သို႔ေသာ္လည္း ပီယာလိုက “ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္က တစ္ထပ္တည္း ရွိေနပါတယ္။ ဒါက အားေကာင္းတဲ့ ၿပိဳင္ဘက္ေၾကာင့္ ရႈံးနိမ့္ခဲ့တာပါ။ ဒါမ်ိဳးေတြက ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္စိတ္ပ်က္တာက စိတ္ဓာတ္ပါပဲ။ ဂ်ဴဗင္တပ္စ္လို အသင္းမ်ိဳးက ယံုၾကည္ခ်က္ အျပည့္နဲ႔ ရည္ရြယ္ခ်က္ အျပည့္ရွိရမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔က တြန္႔ဆုတ္ တြန္႔ဆုတ္နဲ႔ မလုပ္ရဲ မကိုင္ရဲ ျဖစ္ေနပါတယ္။

ကၽြန္ေတာ္တို႔ရဲ႕ ေပးပို႔မႈေတြကလည္း အရမ္းကို ေလးလံေနပါတယ္။ ကၽြန္ေတာ္တို႔ ေနာက္ခံလူေတြကေတာင္ ကြင္းလယ္လူေတြထက္ ပိုေကာင္းခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ဟာ အင္တာမီလန္ကစားသမားေတြကို မယွဥ္ႏိုင္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ လႈပ္ရွားမႈေတြက မွန္းရ လြယ္ကူေနပါတယ္။ ကၽြန္ေတာ္တို႔ စီစဥ္ထားသလို အလုပ္မျဖစ္ရင္ နည္းျပက အရင္ဆံုး အျပစ္တင္ခံရမွာပါ။ ကၽြန္ေတာ္တို႔ဟာ အစီအစဥ္မက်ခဲ့ပါဘူး။ ေနာက္ပိုင္း ကၽြန္ေတာ္တို႔ ဒီထက္ပိုႀကိဳးစားဖို႔ လိုေနၿပီဆိုတာကို ဒီေန႔ပြဲမွာ ေတြ႕ရပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။