ရော်နယ်ဒို နဲ့ ဒီဘားလား တို့နဲ့ အတူတူ ကစားခဲ့တယ်ဆိုတာကို ကျွန်တော့်ကလေးတွေကို ပြောပြသွားမယ်လို့ ဆိုလိုက်တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး မိုရာတာ

မိုရာတာက လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒို ၊ ဒီဘားလားတို့နဲ့ အတူတူ တွဲကစားနေတာနဲ့ ပတ်သက်ပြီး ဂုဏ်ယူတယ်ဆိုတာကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် နဲ့ ချဲလ်ဆိးတိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ နွေရာသီက အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ အငှားနဲ့ ပြန်လည်ရောက်ရှိသွားသူ ဖြစ်ပါတယ်။

“ရော်နယ်ဒိုနဲ့ ကျွန်တော်က သိတာ ကြာပြီဖြစ်လို့ သူနဲ့ တွဲကစားရတာ လွယ်ကူပါတယ်။ ပုံမှကစားသမားတွေ ပုံမှန်အခြေအနေမျိုးမှာ ဂိုးမသွင်းနိုင်ပေမယ့် သူက သွင်းပါတယ်။ သူဘယ်လိုလုပ်တာကို ကြိုက်သလဲဆိုတာကို ကျွန်တော်သိပြီး သူ့လှုပ်ရှားမှုတွေကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်မကြာခဏ သူ့နားမှာ ကပ်နေတဲ့ ကစားသမားတွေ ကျွန်တော့်နောက်ကို လိုက်လာအောင် အယောင်ပြပြီး ပြေးလေ့ရှိပါတယ်။ ဒါက သူ့ကို အကူညီဖြစ်စေမှာပါ။ သူနဲ့ အတူတူကစားရတာ ကျေနပ်စရာပါ။

သူဟာ သူလိုချင်တဲ့ အရာကို ရအောင် လုပ်နိုင်ပါတယ်။ သူဟာ နေရာအစုံလည်း ကစားနိုင်ပါတယ်။ ကျွန်တော်လုပ်နိုင်တာက နေ့တိုင်း သူနဲ့အတူတူ ဖြတ်သန်းနိုင်တာပါပဲ။ သူနဲ့ အချိန်အကြာကြီး အတူတူကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။

သူကစားတာကို ကြည့်ပြီး ကြီးပြင်းခဲ့တာပါ။ ကျွန်တော်ဒီကို ရောက်တော့ သူရယ် ၊ ဒီဘားလား ရယ်နဲ့ အတူတူ ကစားမယ့်အကြောင်းကို စဉ်းစားရင် စိတ်လှုပ်ရှားခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာ့အဆင့်ကစားသမားတွေပါ။ ကျွန်တော် ရော်နယ်ဒို ၊ ဒီဘားလားတို့နဲ့ အတူတူ ကစားခဲ့တယ်ဆိုတာကို ကျွန်တော့်ကလေးတွေကို ပြောပြသွားမှာပါ” လို့ မိုရာတာက စကိုင်းစပေါ့သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

ေရာ္နယ္ဒို နဲ႔ ဒီဘားလား တို႔နဲ႔ အတူတူ ကစားခဲ့တယ္ဆိုတာကို ကၽြန္ေတာ့္ကေလးေတြကို ေျပာျပသြားမယ္လို႔ ဆိုလိုက္တဲ့ ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴး မိုရာတာ

မိုရာတာက လက္ရွိ ဂ်ဴဗင္တပ္စ္အသင္းမွာ ေရာ္နယ္ဒို ၊ ဒီဘားလားတို႔နဲ႔ အတူတူ တြဲကစားေနတာနဲ႔ ပတ္သက္ၿပီး ဂုဏ္ယူတယ္ဆိုတာကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ နဲ႔ ခ်ဲလ္ဆိးတိုက္စစ္မွဴးေဟာင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီက အက္သလက္တီကိုမက္ဒရစ္အသင္းကေန ဂ်ဴဗင္တပ္စ္အသင္းဆီ အငွားနဲ႔ ျပန္လည္ေရာက္ရွိသြားသူ ျဖစ္ပါတယ္။

“ေရာ္နယ္ဒိုနဲ႔ ကၽြန္ေတာ္က သိတာ ၾကာၿပီျဖစ္လို႔ သူနဲ႔ တြဲကစားရတာ လြယ္ကူပါတယ္။ ပံုမွကစားသမားေတြ ပံုမွန္အေျခအေနမ်ိဳးမွာ ဂိုးမသြင္းႏိုင္ေပမယ့္ သူက သြင္းပါတယ္။ သူဘယ္လိုလုပ္တာကို ႀကိဳက္သလဲဆိုတာကို ကၽြန္ေတာ္သိၿပီး သူ႔လႈပ္ရွားမႈေတြကို ကၽြန္ေတာ္နားလည္ပါတယ္။ ကၽြန္ေတာ္မၾကာခဏ သူ႔နားမွာ ကပ္ေနတဲ့ ကစားသမားေတြ ကၽြန္ေတာ့္ေနာက္ကို လိုက္လာေအာင္ အေယာင္ျပၿပီး ေျပးေလ့ရွိပါတယ္။ ဒါက သူ႔ကို အကူညီျဖစ္ေစမွာပါ။ သူနဲ႔ အတူတူကစားရတာ ေက်နပ္စရာပါ။

သူဟာ သူလိုခ်င္တဲ့ အရာကို ရေအာင္ လုပ္ႏိုင္ပါတယ္။ သူဟာ ေနရာအစံုလည္း ကစားႏိုင္ပါတယ္။ ကၽြန္ေတာ္လုပ္ႏိုင္တာက ေန႔တိုင္း သူနဲ႔အတူတူ ျဖတ္သန္းႏိုင္တာပါပဲ။ သူနဲ႔ အခ်ိန္အၾကာႀကီး အတူတူကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါက ကၽြန္ေတာ့္အတြက္ ဂုဏ္ယူစရာပါ။

သူကစားတာကို ၾကည့္ၿပီး ႀကီးျပင္းခဲ့တာပါ။ ကၽြန္ေတာ္ဒီကို ေရာက္ေတာ့ သူရယ္ ၊ ဒီဘားလား ရယ္နဲ႔ အတူတူ ကစားမယ့္အေၾကာင္းကို စဥ္းစားရင္ စိတ္လႈပ္ရွားခဲ့ပါတယ္။ သူတို႔ဟာ ကမာၻ႕အဆင့္ကစားသမားေတြပါ။ ကၽြန္ေတာ္ ေရာ္နယ္ဒို ၊ ဒီဘားလားတို႔နဲ႔ အတူတူ ကစားခဲ့တယ္ဆိုတာကို ကၽြန္ေတာ့္ကေလးေတြကို ေျပာျပသြားမွာပါ” လို႔ မိုရာတာက စကိုင္းစေပါ့သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။