ဂတ်တူဆိုကို မြင်နေရတာ ကိုယ်ကိုယ်ကို ပြန်မြင်နေရသလိုပဲ ဆိုပြီး ပြောခဲ့တဲ့ အီတလီဂန္တဝင်နည်းပြကြီး လစ်ပ်ပီ


အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သလို စီးရီးအေရဲ့ထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ နာပို လီအသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီး လစ်ပ်ပီက နာပိုလီအသင်းနည်းပြ ဂတ်တူဆိုကို ကြည့်ရတာဟာ သူငယ်စဉ် ဘဝကို ပြန်မြင်နေရသလိုမျိုး ခံစားရတယ်ဆိုပြီး ပြောခဲ့ပါတယ်။ လစ်ပ်ဇစ်ဟာ ၂၀၀၆ ခုနှစ်က အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ဂတ်တူဆို ၊ပီယာလို ၊ဖိလစ်ပိုအင်ဇာဂီ နဲ့ ကွန်တီတို့လို ကစားသမား တွေကို နည်းပြအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။


Tuttosport ကနေတဆင့် လစ်ပ်ပီက “ တစ်ချိန်က ကျွန်တော်ရဲ့အသင်းသားတွေဖြစ်ခဲ့တယ်ဆိုပေမယ့် အခုချိန်မှာ သူတို့ တွေက စီးရီးအေထိပ်သီးအသင်းတွေရဲ့ နည်းပြတွေဖြစ်နေပါပြီ။ သူတို့ရဲ့အကြောင်းကို ကြားရတာ တကယ်ကိုဂုဏ်ယူစရာ ကောင်းပါတယ်။ ဂတ်တူဆိုကို နည်းပြတစ်ဦးအဖြစ် ပြန်မြင်ရတာဟာ ငယ်ငယ်တုန်းက ကိုယ်ကိုယ်ကို ပြန်မြင်နေရသလိုပါ ပဲ။သူက အောင်မြင်မှုရဖို့ အရမ်းကိုကြိုးစားတဲ့သူပါ။ သူကိုင်တွယ်တဲ့အသင်းအနေနဲ့လည်း အကောင်းဆုံးခြေစွမ်းပြနိုင်မယ် လို့ ယုံကြည်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။


ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ အီတလီဒါဘီဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်အသင်းတို့တွေ့ဆုံတဲ့ပွဲနဲ့ ပတ် သက်ပြီးတော့လည်း နှစ်သင်းစလုံးကိုကိုင်တွယ်ခဲ့ဖူးတဲ့ လစ်ပ်ပီက “ နှစ်သင်းစလုံးဟာ အသင်းကောင်းတွေဖြစ်ပြီး ချန်ပီယံ ဖြစ်နိုင်တဲ့အသင်းတွေပါ။ နည်းပြနှစ်ယောက်စလုံးကလည်း အရည်အချင်းရှိတဲ့သူတွေပါ။ ကွန်တီက အရာရာကို အသေး စိတ် လုပ်တတ်သလို ပီယာလိုကလည်း အမြဲတမ်း ကောင်းတာထက်ကောင်းအောင် လုပ်နိုင်တဲ့သူပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi versoin
