အကောင်းဆုံးပြန်လာတဲ့ လာဇီယိုကို လက်ဆောင်ဂိုးတွေပေးခဲ့တယ်လို့ ပြောခဲ့တဲ့ ရိုးမားနည်းပြ ဖွန်ဆီကာ


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရောမဒါဘီပွဲစဉ်မှာတော့ လာဇီယိုအသင်းက ရိုးမားအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရသွား ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ဒါဘီပွဲဖြစ်တဲ့အပြင် အကောင်းဆုံးခြေစွမ်းတွေကိုလည်း ရရှိထားတာကြောင့် အနိုင်ရဖို့အ တွက် ပြင်ဆင်လာခဲ့ကြပေမယ့် ရိုးမားအသင်းရဲ့ခံစစ်အမှားတွေကနေတဆင့် လာဇီယိုအသင်းက သွင်းဂိုးတွေရရှိသွားခဲ့ တာဖြစ်ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ရိုးမားအသင်းနည်းပြ ဖွန်ဆီကာက “ ပွဲအစပိုင်း မိနစ်တွေမှာ ခက်ခဲခဲ့ပြီး ပွဲချိန် ၂၅ မိနစ်အတွင်းမှာပဲ နှစ်ဂိုး ပေးလိုက်ရတာကြောင့် ပြန်လာနိုင်ဖို့အတွက် ခက်ခဲခဲ့ပါတယ်။ လာဇီယိုက အသင်းကောင်းတစ်သင်းဖြစ်ပြီး သွင်းဂိုးတွေရရှိ ပြီးနောက်မှာတော့ သေချာထိန်းကစားသွားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒီပွဲမှာခြေစွမ်းပြသွားတဲ့သူကတော့ ညာတောင်ပံမှာ ကစားတဲ့ လာဇာရီပဲ ဖြစ်ပါတယ်။သူကြောင့် လာဇီယိုအနေနဲ့ အစောပိုင်းသွင်းဂိုးတွေကို ရရှိခဲ့တာပါ”လို့ပြောသွားခဲ့ပါတယ်။


ဒါဘီပွဲမှာ အနိုင်ရပြီးနောက်မှာတော့ လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီကလည်း အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျေ နပ်မိကြောင်းနဲ့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမျိုးကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။ လာဇီယိုဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးချန်ပီယံဆုအတွက် ဂျူဗင်တပ်ကို တစ်ရာသီလုံးဖိအားပေးနိုင်ခဲ့ပြီး ရာသီကုန်ခါနီးမှ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာတော့ လာဇီယိုဟာ အမှတ်ပေးဇယား အဆင့်-၇ နေရာမှာ ရှိနေပြီး ထိပ်ဆုံးက အေစီမီလန်နဲ့ ၉ မှတ်အထိကွာဟနေတာ ဖြစ်ပါတယ်။

zawgyi version

အေကာင္းဆံုးျပန္လာတဲ့ လာဇီယိုကို လက္ေဆာင္ဂိုးေတြေပးခဲ့တယ္လို႔ ေျပာခဲ့တဲ့ ႐ိုးမားနည္းျပ ဖြန္ဆီကာ
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေရာမဒါဘီပြဲစဥ္မွာေတာ့ လာဇီယိုအသင္းက ႐ိုးမားအသင္းကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရသြား ခဲ့ပါတယ္။ ႏွစ္သင္းစလံုးဟာ ဒါဘီပြဲျဖစ္တဲ့အျပင္ အေကာင္းဆံုးေျခစြမ္းေတြကိုလည္း ရရွိထားတာေၾကာင့္ အႏိုင္ရဖို႔အ တြက္ ျပင္ဆင္လာခဲ့ၾကေပမယ့္ ႐ိုးမားအသင္းရဲ႕ခံစစ္အမွားေတြကေနတဆင့္ လာဇီယိုအသင္းက သြင္းဂိုးေတြရရွိသြားခဲ့ တာျဖစ္ၿပီး ဂိုးျပတ္အႏိုင္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ႐ိုးမားအသင္းနည္းျပ ဖြန္ဆီကာက “ ပြဲအစပိုင္း မိနစ္ေတြမွာ ခက္ခဲခဲ့ၿပီး ပြဲခ်ိန္ ၂၅ မိနစ္အတြင္းမွာပဲ ႏွစ္ဂိုး ေပးလိုက္ရတာေၾကာင့္ ျပန္လာႏိုင္ဖို႔အတြက္ ခက္ခဲခဲ့ပါတယ္။ လာဇီယိုက အသင္းေကာင္းတစ္သင္းျဖစ္ၿပီး သြင္းဂိုးေတြရရွိ ၿပီးေနာက္မွာေတာ့ ေသခ်ာထိန္းကစားသြားႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ဒီပြဲမွာေျခစြမ္းျပသြားတဲ့သူကေတာ့ ညာေတာင္ပံမွာ ကစားတဲ့ လာဇာရီပဲ ျဖစ္ပါတယ္။သူေၾကာင့္ လာဇီယိုအေနနဲ႔ အေစာပိုင္းသြင္းဂိုးေတြကို ရရွိခဲ့တာပါ”လို႔ေျပာသြားခဲ့ပါတယ္။
ဒါဘီပြဲမွာ အႏိုင္ရၿပီးေနာက္မွာေတာ့ လာဇီယိုနည္းျပ ဆီႁမြန္နီအင္ဇာဂီကလည္း အသင္းရဲ႕စြမ္းေဆာင္ရည္အတြက္ ေက် နပ္မိေၾကာင္းနဲ႔ ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းမ်ိဳးကို ျပန္လည္ရရွိေနၿပီျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ လာဇီယိုဟာ ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးခ်န္ပီယံဆုအတြက္ ဂ်ဴဗင္တပ္ကို တစ္ရာသီလံုးဖိအားေပးႏိုင္ခဲ့ၿပီး ရာသီကုန္ခါနီးမွ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရတာ ျဖစ္ပါတယ္။ လက္ရွိရာသီမွာေတာ့ လာဇီယိုဟာ အမွတ္ေပးဇယား အဆင့္-၇ ေနရာမွာ ရွိေနၿပီး ထိပ္ဆံုးက ေအစီမီလန္နဲ႔ ၉ မွတ္အထိကြာဟေနတာ ျဖစ္ပါတယ္။