ဒါဘီပွဲမှာ အနိုင် ၃ မှတ်အပြည့်ရယူနိုင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ပြောခဲ့တဲ့ နည်းပြ နှစ်ဦး

ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ ဒါဘီပွဲတွေထဲမှာ အကြိတ်အနယ်အရှိဆုံး ဒါဘီပွဲစဉ်တစ်ခုဖြစ်တဲ့ ရောမဒါဘီကိုတော့ ဒီနေ့ည မှာ ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ်။ ဒါဘီပွဲတွေရဲ့ အစဉ်အလာအတိုင်း အကြိတ်အနယ်ရှိမှာ သေချာပေမယ့် ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း သက်ဆိုင်ရာနည်းပြ နှစ်ဦးပြောဆိုမှုကြောင့် ဒီနေ့ညမှာ ကစားမယ့်ဒါဘီပွဲစဉ်က တော့ စောင့်ကြည့်ချင်စရာကောင်းနေခဲ့ပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။


နည်းပြ ဆီမြွန်နီရဲ့လက်အောက်မှာ ခြေစွမ်းပြနေတဲ့ လာဇီယိုအသင်းကလည်း စီးရီးအေမှာ သုံးပွဲဆက်နိုင်ပွဲရဖို့အတွက် အခြေခံကျတဲ့အချက်တွေကစပြီး ပြင်ဆင်လာမှာဖြစ်တယ်လို့ ပြောခဲ့သလို ရိုးမားအသင်းနည်းပြဖွန်ဆီကာကလည်း အနိုင် ၃ မှတ်အတွက် ပြင်ဆင်လာမယ်လို့ ပြောသွားခဲ့ပါတယ်။ လာဇီယိုနည်းပြ အင်ဇာဂီက ဒါဘီပွဲဆိုပေမယ့် ကွင်းအတွင်းမှာ ပရိသတ် ရှိမနေတာကြောင့် အခွင့်အရေးအတူတူ ရှိနေတယ်လို့ ပြောသွားခဲ့ပါတယ်။


ဆက်လက်ပြီး အင်ဇာဂီက အသင်းအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ရှုံးပွဲမရှိသေးတာကြောင့် ဒီစံချိန်ကောင်းကို ဆက်ထိန်း သွားနိုင်ဖို့အတွက် ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ ရိုးမားနည်းပြ ဖွန်ဆီကာကတော့ ဒါဘီပွဲတွေရဲ့ အစဉ်အလာအတိုင်း အကြိတ်အနယ်ရှိမယ်ဆိုပေမယ့် ကျွန်တော်တို့က အနိုင် ၃မှတ်ရဖို့အတွက် ပြင်ဆင်ပြီး ကစားမှာပါလို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ဒါဘီပြဲမွာ အႏိုင္ ၃ မွတ္အျပည့္ရယူႏိုင္ဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔ ေျပာခဲ့တဲ့ နည္းျပ ႏွစ္ဦး
ဥေရာပထိပ္သီးလိဂ္ ၅ ခုရဲ႕ ဒါဘီပြဲေတြထဲမွာ အႀကိတ္အနယ္အရွိဆံုး ဒါဘီပြဲစဥ္တစ္ခုျဖစ္တဲ့ ေရာမဒါဘီကိုေတာ့ ဒီေန႔ည မွာ ယွဥ္ၿပိဳင္ကစားမွာပဲ ျဖစ္ပါတယ္။ ဒါဘီပြဲေတြရဲ႕ အစဥ္အလာအတိုင္း အႀကိတ္အနယ္ရွိမွာ ေသခ်ာေပမယ့္ ပြဲမတိုင္ခင္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာလည္း သက္ဆိုင္ရာနည္းျပ ႏွစ္ဦးေျပာဆိုမႈေၾကာင့္ ဒီေန႔ညမွာ ကစားမယ့္ဒါဘီပြဲစဥ္က ေတာ့ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနခဲ့ၿပီလို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။
နည္းျပ ဆီႁမြန္နီရဲ႕လက္ေအာက္မွာ ေျခစြမ္းျပေနတဲ့ လာဇီယိုအသင္းကလည္း စီးရီးေအမွာ သံုးပြဲဆက္ႏိုင္ပြဲရဖို႔အတြက္ အေျခခံက်တဲ့အခ်က္ေတြကစၿပီး ျပင္ဆင္လာမွာျဖစ္တယ္လို႔ ေျပာခဲ့သလို ႐ိုးမားအသင္းနည္းျပဖြန္ဆီကာကလည္း အႏိုင္ ၃ မွတ္အတြက္ ျပင္ဆင္လာမယ္လို႔ ေျပာသြားခဲ့ပါတယ္။ လာဇီယိုနည္းျပ အင္ဇာဂီက ဒါဘီပြဲဆိုေပမယ့္ ကြင္းအတြင္းမွာ ပရိသတ္ ရွိမေနတာေၾကာင့္ အခြင့္အေရးအတူတူ ရွိေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး အင္ဇာဂီက အသင္းအေနနဲ႔ ၂၀၂၁ ခုႏွစ္အတြင္းမွာ ရႈံးပြဲမရွိေသးတာေၾကာင့္ ဒီစံခ်ိန္ေကာင္းကို ဆက္ထိန္း သြားႏိုင္ဖို႔အတြက္ ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္းလည္းေျပာခဲ့ပါတယ္။ ႐ိုးမားနည္းျပ ဖြန္ဆီကာကေတာ့ ဒါဘီပြဲေတြရဲ႕ အစဥ္အလာအတိုင္း အႀကိတ္အနယ္ရွိမယ္ဆိုေပမယ့္ ကၽြန္ေတာ္တို႔က အႏိုင္ ၃မွတ္ရဖို႔အတြက္ ျပင္ဆင္ၿပီး ကစားမွာပါလို႔ ေျပာသြားခဲ့ပါတယ္။