ပြောင်းချင်သူနဲ့ ခေါ်ချင်သူတို့ ထပ်တူကျနေတာကြောင့် အင်တာမီလန်ကို လင်ဂတ် ရောက်တော့မှာလား


အင်္ဂလန်မြေဟာ နည်းပြလုပ်ဖူးခဲ့ပြီး ပြိုင်ဘက်အသင်းအဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်ကစားသမားတွေကို နှစ်ခြိုက်စွာ ခေါ်ယူလေ့ရှိတဲ့ အင်တာမီလန်နည်းပြ ကွန်တီဟာ အခုဆိုရင်လည်း အသင်းမှာနေရာရာဖို့ ရုန်းကန်နေရတဲ့ ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ကစားသမားဖြစ်တဲ့ လင်ဂတ်ကိုယ်တိုင် လည်း ပုံမှန်ကစားခွင့်ရဖို့ အသင်းပြောင်းချင်နေတယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


Mirror သတင်းစာရဲ့ ဖော်ပြချက်အရတော့ လင်ဂတ်ဟာ ယူနိုက်တက်အသင်းမှာ အတူတွဲကစားခဲ့ဖူးတဲ့ လူကာကူ၊ ဆန်း ချက်ဇ် ၊ အက်ရှလေယန်းတို့ ရှိတဲ့အင်တာမီလန်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ ရာ ခိုင်နှုန်းအတော်လေးများနေတယ်လို့လည်း သိရပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရလည်း ယူနိုက်တက်နည်းပြ ဆိုးလ် ရှားအနေနဲ့ လင်ဂတ်အတွက် ကမ်းလှမ်းမှုရှိလာခဲ့ရင် လက်ခံသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ဒီရာသီဖလားပွဲတွေမှာ ၃ ပွဲသာကစားခွင့်ရခဲ့သလို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လည်း ကစားခွင့်ရခဲ့တဲ့ပွဲအရေအတွက်က ၄ ပွဲပဲ ရှိခဲ့ပါတယ်။ လင်ဂတ်မတိုင်ခင် အသင်းကိုရောက်ရှိလာတဲ့ လူကာကူ အတွက် ပေါင် ၇၄ သန်း၊ အက်ရှလေယန်းအတွက် ပေါင် ၁.၅ သန်းနဲ့ ဆန်းချက်ဇ်ကိုတော့ အဌားခေါ်ယူပြီးမှ အပြီးသတ် စာချုပ်ချုပ်ဆိုကာ အင်တာမီလန်က ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ေျပာင္းခ်င္သူနဲ႔ ေခၚခ်င္သူတို႔ ထပ္တူက်ေနတာေၾကာင့္ အင္တာမီလန္ကို လင္ဂတ္ ေရာက္ေတာ့မွာလား
အဂၤလန္ေျမဟာ နည္းျပလုပ္ဖူးခဲ့ၿပီး ၿပိဳင္ဘက္အသင္းအျဖစ္ ရင္ဆိုင္ခဲ့ရတဲ့ ယူႏိုက္တက္ကစားသမားေတြကို ႏွစ္ၿခိဳက္စြာ ေခၚယူေလ့ရွိတဲ့ အင္တာမီလန္နည္းျပ ကြန္တီဟာ အခုဆိုရင္လည္း အသင္းမွာေနရာရာဖို႔ ႐ုန္းကန္ေနရတဲ့ ယူႏိုက္တက္ ကြင္းလယ္လူ လင္ဂတ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ ကစားသမားျဖစ္တဲ့ လင္ဂတ္ကိုယ္တိုင္ လည္း ပံုမွန္ကစားခြင့္ရဖို႔ အသင္းေျပာင္းခ်င္ေနတယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
Mirror သတင္းစာရဲ႕ ေဖာ္ျပခ်က္အရေတာ့ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းမွာ အတူတြဲကစားခဲ့ဖူးတဲ့ လူကာကူ၊ ဆန္း ခ်က္ဇ္ ၊ အက္ရွေလယန္းတို႔ ရွိတဲ့အင္တာမီလန္ကို ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သိရတာေၾကာင့္ အေျပာင္းအေရႊ႕ျဖစ္ဖို႔ ရာ ခိုင္ႏႈန္းအေတာ္ေလးမ်ားေနတယ္လို႔လည္း သိရပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရလည္း ယူႏိုက္တက္နည္းျပ ဆိုးလ္ ရွားအေနနဲ႔ လင္ဂတ္အတြက္ ကမ္းလွမ္းမႈရွိလာခဲ့ရင္ လက္ခံသြားဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။
အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ လင္ဂတ္ဟာ ဒီရာသီဖလားပြဲေတြမွာ ၃ ပြဲသာကစားခြင့္ရခဲ့သလို ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ လည္း ကစားခြင့္ရခဲ့တဲ့ပြဲအေရအတြက္က ၄ ပြဲပဲ ရွိခဲ့ပါတယ္။ လင္ဂတ္မတိုင္ခင္ အသင္းကိုေရာက္ရွိလာတဲ့ လူကာကူ အတြက္ ေပါင္ ၇၄ သန္း၊ အက္ရွေလယန္းအတြက္ ေပါင္ ၁.၅ သန္းနဲ႔ ဆန္းခ်က္ဇ္ကိုေတာ့ အဌားေခၚယူၿပီးမွ အၿပီးသတ္ စာခ်ဳပ္ခ်ဳပ္ဆိုကာ အင္တာမီလန္က ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။