နောက်ဆုံး ၁၅ နှစ်ဆက် လိဂ်သွင်းဂိုး ၁၅ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စီရော်နယ်ဒို စံချိန်တင်နိုင်ခဲ့


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆက်ဆူအိုလိုနဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို တိုက်စစ်မှူး စီရော်နယ်ဒိုက ပွဲပြီးခါနီးမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် စီရော်နယ်ဒိုဟာ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ စီရော်နယ်ဒို ရရှိခဲ့တဲ့ မှတ်တမ်းကတော့ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ နောက်ဆုံး ၁၅ နှစ်ဆက် လိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။


အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အေစီမီလန်က နိုင်ပွဲရထားတာကြောင့် ဂျူဗင်တပ်အသင်းအနေနဲ့ အနိုင်ရဖို့ ပွဲအစ ကတည်းက ကြိုးစားကစားခဲ့ပေမယ့် ဆက်ဆူအိုလိုရဲ့ ကစားအားကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေ ကျခဲ့ပြီး ပွဲချိန် ၅၀ မိနစ်မှာ နောက်ခံလူ ဒါနီလိုက အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ၅၈ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့ရပေမယ့် ပွဲချိန် ၈၂ မှာ ရမ်ဆေး နဲ့ ပွဲချိန် ၉၀ မိနစ်တွေမှာ စီရော်နယ်ဒိုတို့က ဂျူဗင်တပ်အတွက် အနိုင်ဂိုးတွေကို သွင်းယူပေးခဲတာပဲ ဖြစ်ပါတယ်။


ဒီရာသီမှာ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အတွက် စီးရီးအေသွင်းဂိုး ၁၅ ဂိုးမြောက်ကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အချက်အလက်မှတ်တမ်းတွေကောက်ယူတဲ့အဖွဲ့ရဲ့ ဖော်ပြမှုအရတော့ ၂၀၀၆-၀၇ ဘောလုံးရာသီက စပြီး ဥရောပထိပ်သီး လိဂ် ၅ ခုမှာ လိဂ်သွင်းဂိုး ၁၅ ဂိုးကို ၁၅ နှစ်ဆက်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရ ပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၄-၁၅ ဘောလုံးရာသီ ရီးရဲလ်မှာကစားခဲ့စဉ်တုန်းက တစ်ရာသီအတွင်း လိဂ်သွင်းဂိုး ၄၈ ဂိုး အထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ေနာက္ဆံုး ၁၅ ႏွစ္ဆက္ လိဂ္သြင္းဂိုး ၁၅ ဂိုး သြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမားအျဖစ္ စီေရာ္နယ္ဒို စံခ်ိန္တင္ႏိုင္ခဲ့
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆက္ဆူအိုလိုနဲ႔ ပြဲစဥ္မွာ ဂ်ဴဗင္တပ္အသင္းအတြက္ အႏိုင္ဂိုးတစ္ဂိုးကို တိုက္စစ္မွဴး စီေရာ္နယ္ဒိုက ပြဲၿပီးခါနီးမွာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒီသြင္းဂိုးေၾကာင့္ စီေရာ္နယ္ဒိုဟာ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ စီေရာ္နယ္ဒို ရရွိခဲ့တဲ့ မွတ္တမ္းကေတာ့ ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ ေနာက္ဆံုး ၁၅ ႏွစ္ဆက္ လိဂ္သြင္းဂိုး ၁၅ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမား ျဖစ္လာခဲ့တာပဲ ျဖစ္ပါတယ္။
အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ေအစီမီလန္က ႏိုင္ပြဲရထားတာေၾကာင့္ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ အႏိုင္ရဖို႔ ပြဲအစ ကတည္းက ႀကိဳးစားကစားခဲ့ေပမယ့္ ဆက္ဆူအိုလိုရဲ႕ ကစားအားေၾကာင့္ ႐ုန္းကန္ခဲ့ရပါတယ္။ ပထမပိုင္းမွာ ဂိုးမရွိသေရ က်ခဲ့ၿပီး ပြဲခ်ိန္ ၅၀ မိနစ္မွာ ေနာက္ခံလူ ဒါနီလိုက အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ၅၈ မိနစ္မွာ ေခ်ပဂိုး ျပန္ေပးခဲ့ရေပမယ့္ ပြဲခ်ိန္ ၈၂ မွာ ရမ္ေဆး နဲ႔ ပြဲခ်ိန္ ၉၀ မိနစ္ေတြမွာ စီေရာ္နယ္ဒိုတို႔က ဂ်ဴဗင္တပ္အတြက္ အႏိုင္ဂိုးေတြကို သြင္းယူေပးခဲတာပဲ ျဖစ္ပါတယ္။
ဒီရာသီမွာ စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အတြက္ စီးရီးေအသြင္းဂိုး ၁၅ ဂိုးေျမာက္ကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အခ်က္အလက္မွတ္တမ္းေတြေကာက္ယူတဲ့အဖြဲ႕ရဲ႕ ေဖာ္ျပမႈအရေတာ့ ၂၀၀၆-၀၇ ေဘာလံုးရာသီက စၿပီး ဥေရာပထိပ္သီး လိဂ္ ၅ ခုမွာ လိဂ္သြင္းဂိုး ၁၅ ဂိုးကို ၁၅ ႏွစ္ဆက္သြင္းယူႏိုင္တဲ့ ပထမဆံုးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္လို႔ သိရ ပါတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၁၄-၁၅ ေဘာလံုးရာသီ ရီးရဲလ္မွာကစားခဲ့စဥ္တုန္းက တစ္ရာသီအတြင္း လိဂ္သြင္းဂိုး ၄၈ ဂိုး အထိ သြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။