ရမ်ဆေးအနေနဲ့ တစ်နေ့မှာ အာဆင်နယ်ကို ပြန်လာနိုင်တယ်လို့ ပြောခဲ့တဲ့ ရေးပါလာ


အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရေးပါလားက ၂၀၁၉ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင် တပ်ကို ပြောင်းရွှေ့သွားတဲ့ ရမ်ဆေးအနေနဲ့ တစ်နေ့မှာ အာဆင်နယ်ကိုပြန်လာနိုင်ကြောင်းပြောခဲ့ပါတယ်။ အသက် ၃၀ ရှိပြီဖြစ်တဲ့ ရမ်ဆေးဟာ ၁၁ နှစ်ကြာကစားခဲ့တဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်း ရွှေ့သွားပေမယ့် နေရာရဖို့အတွက်တော့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။


ရမ်ဆေးဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၃၆၉ ပွဲ ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အက်ဖ်အေဖလား ၃ ကြိမ် အထိရရှိခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းကိုပြောင်းရွှေ့သွားတာ ကြောင့် စီးရီးအေချန်ပီယံဆုကို ရရှိခဲ့တယ်ဆိုပေမယ့် ရမ်ဆေးအနေနဲ့ ပွဲထွက်ခွင့် နည်းပါးခဲ့တာကြောင့် အဓိက,ကစားသ မားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ခြင်းလည်း မရှိတာ တွေ့ရပါတယ်။


အာဆင်နယ်ကစားသမားဟောင်း ရေးပါလာက “ လက်ရှိမှာ ရမ်ဆေးအနေနဲ့ ဂျုဗင်တပ်အသင်းမှာ ပျော်ရွှင်နေတယ်ဆိုပေ မယ့် တစ်ချိန်မှာ အာဆင်နယ်ကို ပြန်လာမှာပဲဖြစ်ပါတယ်။ ဒီမှာ သူအနေနဲ့ အကောင်းဆုံးအမှတ်တရတွေ ရှိနေခဲ့ပါတယ်။ သူက အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ပါ။ သူအနေနဲ့ ကစားသမားဘဝ အဆုံးသတ်ကို အင်္ဂလန်ကို ပြန်လာပြီး ကစားဖို့ ရှိနေပါတယ်။ အာဆင်နယ်အပြင် သူရဲ့ပရော်ဖက်ရှင်ကစားသမား စတင်ခဲ့တဲ့ ကာဒစ်ဖ်လည်း ဖြစ်နိုင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ရမ္ေဆးအေနနဲ႔ တစ္ေန႔မွာ အာဆင္နယ္ကို ျပန္လာႏိုင္တယ္လို႔ ေျပာခဲ့တဲ့ ေရးပါလာ
အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေရးပါလားက ၂၀၁၉ ခုႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဂ်ဴဗင္ တပ္ကို ေျပာင္းေရႊ႕သြားတဲ့ ရမ္ေဆးအေနနဲ႔ တစ္ေန႔မွာ အာဆင္နယ္ကိုျပန္လာႏိုင္ေၾကာင္းေျပာခဲ့ပါတယ္။ အသက္ ၃၀ ရွိၿပီျဖစ္တဲ့ ရမ္ေဆးဟာ ၁၁ ႏွစ္ၾကာကစားခဲ့တဲ့ အာဆင္နယ္ကို စြန္႔ခြာၿပီး ဂ်ဴဗင္တပ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္း ေရႊ႕သြားေပမယ့္ ေနရာရဖို႔အတြက္ေတာ့ ႐ုန္းကန္ေနရသူလည္း ျဖစ္ပါတယ္။
ရမ္ေဆးဟာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစံုမွာ ပြဲေပါင္း ၃၆၉ ပြဲ ကစားခဲ့သူျဖစ္ၿပီး အသင္းနဲ႔အတူ အက္ဖ္ေအဖလား ၃ ႀကိမ္ အထိရရွိခဲ့တဲ့ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အသင္းကိုေျပာင္းေရႊ႕သြားတာ ေၾကာင့္ စီးရီးေအခ်န္ပီယံဆုကို ရရွိခဲ့တယ္ဆိုေပမယ့္ ရမ္ေဆးအေနနဲ႔ ပြဲထြက္ခြင့္ နည္းပါးခဲ့တာေၾကာင့္ အဓိက,ကစားသ မားတစ္ဦးအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ျခင္းလည္း မရွိတာ ေတြ႕ရပါတယ္။
အာဆင္နယ္ကစားသမားေဟာင္း ေရးပါလာက “ လက္ရွိမွာ ရမ္ေဆးအေနနဲ႔ ဂ်ဳဗင္တပ္အသင္းမွာ ေပ်ာ္ရႊင္ေနတယ္ဆိုေပ မယ့္ တစ္ခ်ိန္မွာ အာဆင္နယ္ကို ျပန္လာမွာပဲျဖစ္ပါတယ္။ ဒီမွာ သူအေနနဲ႔ အေကာင္းဆံုးအမွတ္တရေတြ ရွိေနခဲ့ပါတယ္။ သူက အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ေယာက္ပါ။ သူအေနနဲ႔ ကစားသမားဘဝ အဆံုးသတ္ကို အဂၤလန္ကို ျပန္လာၿပီး ကစားဖို႔ ရွိေနပါတယ္။ အာဆင္နယ္အျပင္ သူရဲ႕ပေရာ္ဖက္ရွင္ကစားသမား စတင္ခဲ့တဲ့ ကာဒစ္ဖ္လည္း ျဖစ္ႏိုင္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။