၂၇ ပွဲဆက် စီးရီးအေ ရှုံးပွဲမရှိခဲ့ဘဲ ခြေစွာနေတဲ့ အေစီမီလန်ကို အိမ်ကွင်းမှာပဲ ရှုံးပွဲတွေ့စေခဲ့တဲ့ ဂျူဗင်တပ်


အေစီမီလန်အသင်းဟာ နည်းပြ ပိုင်အိုလီရဲ့လက်အောက်မှာ ခြေစွမ်းပြနေသလို တိုက်စစ်မှူး အေဘရာဟီမိုဗစ်ကလည်း ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတာကြောင့် စီးရီးအေပွဲစဉ်တွေမှာ ခြေစွမ်းပြပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ၂၀၁၀-၁၁ ဘောလုံးရာသီနောက်ပိုင်း ပထမအကြိမ် ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ရေပန်းစားခဲ့ပေမယ့် ဂျူဗင်တပ်ကို အိမ်ကွင်းမှာ လက်ခံကစားတဲ့ပွဲစဉ်မှာတော့ သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။


ဂျူဗင်တပ်ကို ရှုံးတဲ့ပွဲဟာ အေစီမီလန်အတွက် စီးရီးအေနောက်ဆုံး ၂၇ ပွဲမှာ ပထမဆုံး ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အေစီမီ လန်ဟာ ပြီးခဲ့တဲ့မတ်လက အိမ်ကွင်းမှာ ဂျီနိုအာကို ရှုံးပြီးနောက်ပိုင်း ရက်ပိုင်း ၃၀၄ ရက်အကြာမှ ပထမဆုံးရှုံးပွဲကို ကြုံ တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ အေစီမီလန်မှာ အဓိကတိုက်စစ်မှူး အေဘရာဟီမိုဗစ် မပါတာကလွဲပြီး လူစုံပါခဲ့သလို ဂျူဗင် တပ်မှာလည်း အဓိက,ကစားသမားအားလုံးပါဝင်ခဲ့ပါတယ်။


ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ ချီယေဆာက သွင်းယူခဲ့ပေမယ့် အေစီမီလန်အတွက် ကာလာဘရီ ယာက ပွဲချိန် ၄၁ မိနစ်မှာ ပြန်လည်ချေပခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဧည့်သည်ဂျူဗင်တပ်အတွက် ဂိုးတွေကိုတော့ ချီယေဆာနဲ့ မက္ကင်နီတို့က ပွဲချိန် ၆၂ ၊ ၇၆ မိနစ်တွေမှာ သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ အေစီမီလန်အနေနဲ့ ရှုံးပွဲကြုံတွေ့ခဲ့ ပေမယ့် မြို့ခံပြိုင်ဘက် အင်တာမီလန်ကလည်း ဆမ်ဒိုးရီးယားကို ရှုံးခဲ့တာကြောင့် အမှတ်ပေးဇယားကို ဆက်လက်ဦး ဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

zawgyi version

၂၇ ပြဲဆက္ စီးရီးေအ ရႈံးပြဲမရွိခဲ့ဘဲ ေျခစြာေနတဲ့ ေအစီမီလန္ကို အိမ္ကြင္းမွာပဲ ရႈံးပြဲေတြ႕ေစခဲ့တဲ့ ဂ်ဴဗင္တပ္
ေအစီမီလန္အသင္းဟာ နည္းျပ ပိုင္အိုလီရဲ႕လက္ေအာက္မွာ ေျခစြမ္းျပေနသလို တိုက္စစ္မွဴး ေအဘရာဟီမိုဗစ္ကလည္း ေျခစြမ္းျပၿပီး ဂိုးေတြသြင္းယူေနတာေၾကာင့္ စီးရီးေအပြဲစဥ္ေတြမွာ ေျခစြမ္းျပၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။ ၂၀၁၀-၁၁ ေဘာလံုးရာသီေနာက္ပိုင္း ပထမအႀကိမ္ ခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ဖို႔ ေရပန္းစားခဲ့ေပမယ့္ ဂ်ဴဗင္တပ္ကို အိမ္ကြင္းမွာ လက္ခံကစားတဲ့ပြဲစဥ္မွာေတာ့ သံုးဂိုးတစ္ဂိုးနဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။
ဂ်ဴဗင္တပ္ကို ရႈံးတဲ့ပြဲဟာ ေအစီမီလန္အတြက္ စီးရီးေအေနာက္ဆံုး ၂၇ ပြဲမွာ ပထမဆံုး ရႈံးပြဲလည္း ျဖစ္ခဲ့ပါတယ္။ ေအစီမီ လန္ဟာ ၿပီးခဲ့တဲ့မတ္လက အိမ္ကြင္းမွာ ဂ်ီႏိုအာကို ရႈံးၿပီးေနာက္ပိုင္း ရက္ပိုင္း ၃၀၄ ရက္အၾကာမွ ပထမဆံုးရႈံးပြဲကို ၾကံဳ ေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။ ေအစီမီလန္မွာ အဓိကတိုက္စစ္မွဴး ေအဘရာဟီမိုဗစ္ မပါတာကလြဲၿပီး လူစံုပါခဲ့သလို ဂ်ဴဗင္ တပ္မွာလည္း အဓိက,ကစားသမားအားလံုးပါဝင္ခဲ့ပါတယ္။
ဂ်ဴဗင္တပ္အတြက္ ဦးေဆာင္ဂိုးကို ပြဲခ်ိန္ ၁၈ မိနစ္မွာ ခ်ီေယဆာက သြင္းယူခဲ့ေပမယ့္ ေအစီမီလန္အတြက္ ကာလာဘရီ ယာက ပြဲခ်ိန္ ၄၁ မိနစ္မွာ ျပန္လည္ေခ်ပခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ဧည့္သည္ဂ်ဴဗင္တပ္အတြက္ ဂိုးေတြကိုေတာ့ ခ်ီေယဆာနဲ႔ မကၠင္နီတို႔က ပြဲခ်ိန္ ၆၂ ၊ ၇၆ မိနစ္ေတြမွာ သြင္းယူခဲ့တာပဲ ျဖစ္ပါတယ္။ ေအစီမီလန္အေနနဲ႔ ရႈံးပြဲၾကံဳေတြ႕ခဲ့ ေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာမီလန္ကလည္း ဆမ္ဒိုးရီးယားကို ရႈံးခဲ့တာေၾကာင့္ အမွတ္ေပးဇယားကို ဆက္လက္ဦး ေဆာင္ထားႏိုင္ဆဲ ျဖစ္ပါတယ္။