အီဘရာဟီမိုဗစ် က ကျွန်တော်တို့အတွက် စံထားရမယ့် ကစားသမားလို့ ဆိုလိုက်တဲ့ အေစီမီလန် နောက်ခံလူ ဒါလော့

အေစီမီလန်နောက်ခံလူ ဒီယိုဂို ဒါလော့ က အသင်းဖော် ဇလာတန်အီဘရာဟီမိုဗစ်နဲ့ ပတ်သက်ပြီး ချီးကျူးစကားပြောသွားခဲ့ပါတယ်။ ဒါလော့က အီဘရာဟီမိုဗစ်က ကစားသမားတွေအတွက် စံထားရမယ့်သူ တစ်ယောက်လို့ ပြောခဲ့တာဖြစ်ပါတယ်။

“ဒါက အားလုံးအတွက် နမူနာပဲလို့ ကျွန်တော် ထင်ပါတယ်။ အီဘရာဟီမိုဗစ် တစ်ယောက်ထဲမှ မဟုတ်ပါဘူး။ ကိန်းဂဏန်းပိုင်းအရ သူဟာ အသင်းအများစုထက် ပိုပြီး အောင်မြင်မှုတွေ ရထားသူတစ်ယောက်ဖြစ်ပါတယ်။ အဝတ်လဲခန်းမှာဆိုရင်လည်း သူဟာ စံနမူနာယူရမယ့် သူပါ။

ဒါ့အပြင် လေ့ကျင့်ရေး ဆင်းနေတဲ့အချိန်မှာလည်း သူဟာ အကူအညီတွေ ပေးပါတယ်။ သူ့မှာ ရှိထားတဲ့ အတွေ့အကြုံတွေက တန်ဖိုးဖြတ်လို့မရပါဘူး။ ကျွန်တော်တို့ အားလုံး အဲ့ဒါကို အတူတကွ အသုံးချနေပြီး အောင်မြင်မှု တွေ ရဖို့ အိမ်မက်မက်နေပါတယ်” လို့ ဒါလော့က ပြောသွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ္ က ကၽြန္ေတာ္တို႔အတြက္ စံထားရမယ့္ ကစားသမားလို႔ ဆိုလိုက္တဲ့ ေအစီမီလန္ ေနာက္ခံလူ ဒါေလာ့

ေအစီမီလန္ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ က အသင္းေဖာ္ ဇလာတန္အီဘရာဟီမိုဗစ္နဲ႔ ပတ္သက္ၿပီး ခ်ီးက်ဴးစကားေျပာသြားခဲ့ပါတယ္။ ဒါေလာ့က အီဘရာဟီမိုဗစ္က ကစားသမားေတြအတြက္ စံထားရမယ့္သူ တစ္ေယာက္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

“ဒါက အားလံုးအတြက္ နမူနာပဲလို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အီဘရာဟီမိုဗစ္ တစ္ေယာက္ထဲမွ မဟုတ္ပါဘူး။

ကိန္းဂဏန္းပိုင္းအရ သူဟာ အသင္းအမ်ားစုထက္ ပိုၿပီး ေအာင္ျမင္မႈေတြ ရထားသူတစ္ေယာက္ျဖစ္ပါတယ္။ အ၀တ္လဲခန္းမွာဆိုရင္လည္း သူဟာ စံနမူနာယူရမယ့္ သူပါ။ ဒါ့အျပင္ ေလ့က်င့္ေရး ဆင္းေနတဲ့အခ်ိန္မွာလည္း သူဟာ အကူအညီေတြ ေပးပါတယ္။ သူ႔မွာ ရွိထားတဲ့ အေတြ႕အၾကံဳေတြက တန္ဖိုးျဖတ္လို႔မရပါဘူး။ ကၽြန္ေတာ္တို႔ အားလံုး အဲ့ဒါကို အတူတကြ အသံုးခ်ေနၿပီး ေအာင္ျမင္မႈ ေတြ ရဖို႔ အိမ္မက္မက္ေနပါတယ္” လို႔ ဒါေလာ့က ေျပာသြားခဲ့ပါတယ္။