ဂျူဗင်တပ်စ် နဲ့ ပွဲက အမှတ်ပေးဖလားအတွက် အဆုံးအဖြတ်ပေးမယ့် ပွဲမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အေစီမီလန် နည်းပြ ပိုင်အိုလီ

အေစီမီလန်နည်းပြ ပိုင်အိုလီက ဂျူဗင်တပ်စ် နဲ့ စီးရီးအေပွဲစဉ်ဟာ အမှတ်ပေးဖလားကို အဆုံးအဖြတ်ပေးမယ့် ပွဲမဟုတ်ဘူးလို့ ဝန်ခံပြောသွားခဲ့ပါတယ်။ သို့သော်လည်း သူတို့အသင်းဟာ ဗုဒ္ဓဟူးနေ့ ကစားမယ့် ပွဲကို အနိုင်ကစားသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“ အဲ့ဒီနေ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းလည်း ပွဲကို မထင်ထားလောက်အောင် အကောင်းဆုံး စတင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့ဟာ တစ်ခုခု လွဲချော်နေပေမယ့် အသင်းကောင်း ဖြစ်နေဆဲပါ။ သူတို့ဟာ ကွင်းထဲမှာလည်း စုစည်းမှု ကောင်းနေဆဲဖြစ်ပြီး ခက်ခဲတဲ့ အခြေအနေတွေ ရှိနေဆဲပါ။ ဒါက နည်းစနစ်ပိုင်းအရ လေ့လာရဦးမယ့် ပွဲဖြစ်မှာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ မနက်ဖြန် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားမယ့်ပွဲမှာ အနိုင်ရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။သမိုင်းမှာ မီလန် နဲ့ ဂျူဗင်တပ်စ်က မီလန် နဲ့ ဂျူဗင်တပ်စ် ပဲ ဖြစ်မှာပါ။ ဒါက အရေးပါတဲ့ ပွဲဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က မာရသွန်ပြိုင်ပွဲထဲကို ရောက်နေတာပါ။ ဒါကြောင့် တစ်ချက်ထဲနဲ့ လုပ်ဖို့ စဉ်းစားလို့ မရပါဘူး။ ဒီပွဲက အဆုံးအဖြတ်ပေးမယ့် ပွဲမဟုတ်ပါဘူး။

ဒါပေမယ့် အရေးပါတဲ့ ပွဲတော့ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံးလည်း စွမ်းဆောင်နေပြီး အကောင်းဆုံး စွမ်းဆောင်ချင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားချင်ပါတယ်” လို့ ပိုင်အိုလီ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂ်ဴဗင္တပ္စ္ နဲ႔ ပြဲက အမွတ္ေပးဖလားအတြက္ အဆံုးအျဖတ္ေပးမယ့္ ပြဲမဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ေအစီမီလန္ နည္းျပ ပိုင္အိုလီ

ေအစီမီလန္နည္းျပ ပိုင္အိုလီက ဂ်ဴဗင္တပ္စ္ နဲ႔ စီးရီးေအပြဲစဥ္ဟာ အမွတ္ေပးဖလားကို အဆံုးအျဖတ္ေပးမယ့္ ပြဲမဟုတ္ဘူးလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ သို႔ေသာ္လည္း သူတို႔အသင္းဟာ ဗုဒၶဟူးေန႔ ကစားမယ့္ ပြဲကို အႏိုင္ကစားသြားမယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

“ အဲ့ဒီေန႔ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းလည္း ပြဲကို မထင္ထားေလာက္ေအာင္ အေကာင္းဆံုး စတင္မယ္လို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ သူတို႔ဟာ တစ္ခုခု လြဲေခ်ာ္ေနေပမယ့္ အသင္းေကာင္း ျဖစ္ေနဆဲပါ။ သူတို႔ဟာ ကြင္းထဲမွာလည္း စုစည္းမႈ ေကာင္းေနဆဲျဖစ္ၿပီး ခက္ခဲတဲ့ အေျခအေနေတြ ရွိေနဆဲပါ။ ဒါက နည္းစနစ္ပိုင္းအရ ေလ့လာရဦးမယ့္ ပြဲျဖစ္မွာပါ။ ကၽြန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကို ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။

ကၽြန္ေတာ္တို႔ဟာ မနက္ျဖန္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ကစားမယ့္ပြဲမွာ အႏိုင္ရဖို႔ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။သမိုင္းမွာ မီလန္ နဲ႔ ဂ်ဴဗင္တပ္စ္က မီလန္ နဲ႔ ဂ်ဴဗင္တပ္စ္ ပဲ ျဖစ္မွာပါ။ ဒါက အေရးပါတဲ့ ပြဲျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္တို႔ ေကာင္းေကာင္းသိပါတယ္။ ကၽြန္ေတာ္တို႔က မာရသြန္ၿပိဳင္ပြဲထဲကို ေရာက္ေနတာပါ။ ဒါေၾကာင့္ တစ္ခ်က္ထဲနဲ႔ လုပ္ဖို႔ စဥ္းစားလို႔ မရပါဘူး။ ဒီပြဲက အဆံုးအျဖတ္ေပးမယ့္ ပြဲမဟုတ္ပါဘူး။

ဒါေပမယ့္ အေရးပါတဲ့ ပြဲေတာ့ ျဖစ္ေနပါတယ္။ ကၽြန္ေတာ္တို႔ဟာ အေကာင္းဆံုးလည္း စြမ္းေဆာင္ေနၿပီး အေကာင္းဆံုး စြမ္းေဆာင္ခ်င္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အႏိုင္ရဖို႔ ႀကိဳးစားခ်င္ပါတယ္” လို႔ ပိုင္အိုလီ က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။