အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား က ဒွန်နာရူမာလို့ ဆိုလိုက်တဲ့ အေစီမီလန်ဂိုးသမားဟောင်း ဂဲလ်လီ

အေစီမီလန်ဂိုးသမားဟောင်း ဂဲလ်လီ က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားက ဒွန်နာရူမာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒွန်နာရူမာဟာ အေစီမီလန်အသင်းအတွက် ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်နေသူ ဖြစ်ပါတယ်။

ဂဲလ်လီက “လွန်ခဲ့တဲ့ (၅) နှစ် (၆) နှစ်လောက်ကတော့ နူအာ က ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ပါတယ်။ အခုကတော့ ဒွန်နာရူမာက အကောင်းဖြစ်ပါတယ်။ သူဟာ အရမ်းကို ထူးခြားပြီး ပိုထူးခြားတာက သူ့အသက်အရွယ်ပါပဲ။ ဒီရာသီမှာက ပိုပြီး သူ့ကို အထင်ကြီးစေခဲ့တာပါ။ သူဟာ အရမ်းကို ကောင်းတဲ့ ဂိုးသမားပါ။ သူ့ကို လိုအပ်တဲ့အခါတိုင်း သူဟာ သူ့နေရာမှာ အမြဲရှိနေပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဒွန်နာရူမာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ဂဲလ်လီက “ ကျွန်တော်သူ့ကို နိုင်ငံခြားကလပ်အသင်းကို ပြောင်းမှာလား ၊ ဂျူဗင်တပ်စ်ကို ပြောင်းမှာလား ပေါ့၊ အေစီမီလန်အသင်းကိုလည်း သူ့ရဲ့ ပခုံးပေါ်မှာ (၁၅) နှစ်လောက် ထမ်းထားပြီး သမိုင်းကို ပြောင်းလဲနိုင်တယ်လို့ ပြောခဲ့ပါတယ်”လို့ ထပ်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

အခုလက္ရွိ ကမာၻ႕အေကာင္းဆံုး ဂိုးသမား က ဒြန္နာ႐ူမာလို႔ ဆိုလိုက္တဲ့ ေအစီမီလန္ဂိုးသမားေဟာင္း ဂဲလ္လီ

ေအစီမီလန္ဂိုးသမားေဟာင္း ဂဲလ္လီ က လက္ရွိ ကမာၻ႕အေကာင္းဆံုး ဂိုးသမားက ဒြန္နာ႐ူမာ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဒြန္နာ႐ူမာဟာ ေအစီမီလန္အသင္းအတြက္ ဒီရာသီမွာ အေကာင္းဆံုး စြမ္းေဆာင္ေနသူ ျဖစ္ပါတယ္။

ဂဲလ္လီက “လြန္ခဲ့တဲ့ (၅) ႏွစ္ (၆) ႏွစ္ေလာက္ကေတာ့ ႏူအာ က ကမာၻ႕အေကာင္းဆံုး ဂိုးသမား ျဖစ္ပါတယ္။ အခုကေတာ့ ဒြန္နာ႐ူမာက အေကာင္းျဖစ္ပါတယ္။ သူဟာ အရမ္းကို ထူးျခားၿပီး ပိုထူးျခားတာက သူ႔အသက္အရြယ္ပါပဲ။ ဒီရာသီမွာက ပိုၿပီး သူ႔ကို အထင္ႀကီးေစခဲ့တာပါ။ သူဟာ အရမ္းကို ေကာင္းတဲ့ ဂိုးသမားပါ။ သူ႔ကို လိုအပ္တဲ့အခါတိုင္း သူဟာ သူ႔ေနရာမွာ အၿမဲရွိေနပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

ဒြန္နာ႐ူမာရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ဂဲလ္လီက “ ကၽြန္ေတာ္သူ႔ကို  ႏိုင္ငံျခားကလပ္အသင္းကို ေျပာင္းမွာလား ၊ ဂ်ဴဗင္တပ္စ္ကို ေျပာင္းမွာလား ေပါ့၊ ေအစီမီလန္အသင္းကိုလည္း သူ႔ရဲ႕ ပခံုးေပၚမွာ (၁၅) ႏွစ္ေလာက္ ထမ္းထားၿပီး သမိုင္းကို ေျပာင္းလဲႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္”လို႔ ထပ္ၿပီး ေျပာခဲ့တာ ျဖစ္ပါတယ္။