ယူနိုက်တက်နဲ့ စပါးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အင်တာမီလန်မှာပဲ ပျော်ရွှင်နေတယ်လို့ ပြောခဲ့တဲ့ စရင်နီယာ


အင်တာမီလန်အသင်းမှာ ပုံမှန်ပွဲထွက်ဖို့ ရဖို့ရုန်းကန်နေရတာကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ စရင်နီယာ က အင်တာမီလန်အသင်းမှာပဲ ပျော်ရွှင်နေတာကြောင့် အသင်းပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကတည်းက စရင်နီယာကို ခေါ်ယူဖို့အတွက် ယူနိုက်တက်နဲ့ စပါးအသင်းတို့က ကမ်းလှမ်းမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။


စရင်နီယာအနေနဲ့ ဒီရာသီမှာ အင်တာမီလန်အတွက် ၁၁ ပွဲသာကစားခွင့်ရရှိသေးတာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်မရှိတာ ကြောင့် အသင်းပြောင်းမယ့်သတင်းတွေထွက်နေပေမယ့် သူအနေနဲ့ အသင်းပြောင်းမှာ မဟုတ်ကြောင်းနဲ့ ထွက်နေတဲ့ သတင်းတွေက ကောလာဟလ သာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ စရင်နီယာက လက်ရှိအသင်းနည်းပြဖြစ်တဲ့ ကွန်တီရဲ့ ဦးဆောင်မှုကြောင့်လည်း အင်တာမီလန်အနေနဲ့ အောင်မြင်မှုရရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။


စရင်နီယာက “ အပြောင်းအရွှေ့သတင်းတွေက ဈေးကွက်ဖွင့်ချိန်ဖြစ်တာကြောင့် ထွက်ပေါ်လာတယ်လို့ပဲ ပြောရမှာပါ။ ကျွန်တော်အနေနဲ့ ပွဲအများကြီး မကစားရတာကြောင့် မပျော်ရွှင်ရတာကလွဲရင် အင်တာမီလန်မှာ ပျော်ရွှင်နေပါတယ်။ ကျွန် တော်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းတာထက်ကောင်းအောင် ပြုလုပ်သွားပြီး ပွဲကစားခွင့်ပိုရဖို့အတွက် ကြိုးစားသွားမှာ ပါ” လို့ ပြောသွားခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္နဲ႔ စပါးတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ အင္တာမီလန္မွာပဲ ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာခဲ့တဲ့ စရင္နီယာ
အင္တာမီလန္အသင္းမွာ ပံုမွန္ပြဲထြက္ဖို႔ ရဖို႔႐ုန္းကန္ေနရတာေၾကာင့္ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႔ စပါးအသင္းတို႔ရဲ႕ ေခၚယူဖို႔ စိတ္ဝင္စားျခင္းခံေနရတဲ့ စရင္နီယာ က အင္တာမီလန္အသင္းမွာပဲ ေပ်ာ္ရႊင္ေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕မွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕ကတည္းက စရင္နီယာကို ေခၚယူဖို႔အတြက္ ယူႏိုက္တက္နဲ႔ စပါးအသင္းတို႔က ကမ္းလွမ္းမႈေတြ ရွိခဲ့တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
စရင္နီယာအေနနဲ႔ ဒီရာသီမွာ အင္တာမီလန္အတြက္ ၁၁ ပြဲသာကစားခြင့္ရရွိေသးတာျဖစ္ၿပီး ပံုမွန္ပြဲထြက္ခြင့္မရွိတာ ေၾကာင့္ အသင္းေျပာင္းမယ့္သတင္းေတြထြက္ေနေပမယ့္ သူအေနနဲ႔ အသင္းေျပာင္းမွာ မဟုတ္ေၾကာင္းနဲ႔ ထြက္ေနတဲ့ သတင္းေတြက ေကာလာဟလ သာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ စရင္နီယာက လက္ရွိအသင္းနည္းျပျဖစ္တဲ့ ကြန္တီရဲ႕ ဦးေဆာင္မႈေၾကာင့္လည္း အင္တာမီလန္အေနနဲ႔ ေအာင္ျမင္မႈရရွိႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။
စရင္နီယာက “ အေျပာင္းအေရႊ႕သတင္းေတြက ေစ်းကြက္ဖြင့္ခ်ိန္ျဖစ္တာေၾကာင့္ ထြက္ေပၚလာတယ္လို႔ပဲ ေျပာရမွာပါ။ ကြ်န္ေတာ္အေနနဲ႔ ပြဲအမ်ားႀကီး မကစားရတာေၾကာင့္ မေပ်ာ္ရႊင္ရတာကလြဲရင္ အင္တာမီလန္မွာ ေပ်ာ္ရႊင္ေနပါတယ္။ ကြ်န္ ေတာ္ရဲ႕ စြမ္းေဆာင္ရည္ေတြကို ေကာင္းတာထက္ေကာင္းေအာင္ ျပဳလုပ္သြားၿပီး ပြဲကစားခြင့္ပိုရဖို႔အတြက္ ႀကိဳးစားသြားမွာ ပါ” လို႔ ေျပာသြားခဲ့ပါတယ္။