ဒိုင်ဘာလာအနေနဲ့ ဖိအားတွေအောက်မှာ ရုန်းကန်နေရတယ်လို့ ပြောခဲ့တာကြောင့် ဝေဖန်ခဲ့တဲ့ကက်ဆာနို

အီတလီတိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ကက်ဆာနိုက ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး ဒိုင်ဘာလာအနေနဲ့ လက်ရှိမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေတာကြောင့် ဖိအားတွေအောက်ရောက်နေတယ်ဆိုပြီး ပြောခဲ့တဲ့အပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပါ တယ်။ ကက်ဆာနိုက သူအနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာရဲ့ပရိသတ်တစ်ဦး မဟုတ်ပေမယ့် သူရဲ့ အနာ ဂတ်အတွက် အခုလိုပြောဆိုမှုမျိုးကို မလုပ်သင့်ကြောင်း ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။


ဒိုင်ဘာလာဟာ ၂၀၂၂ ခုနှစ်အထိ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းရှိနေသူဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ အလို ရှိနေသူဖြစ်ပြီး လက်ရှိမှာ သဘောတူညီမှုမရသေးတာကြောင့် အသင်းပြောင်းရွှေ့မယ့်သတင်းတွေလည်း ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖြစ်ရင် တစ်နှစ်ကို ယူရို ၁၀ သန်း ရရှိဖို့အတွက် အလိုရှိနေတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။


ဂျူဗင်တပ်အသင်းနည်းပြ ပီယာလိုကတော့ ဒိုင်ဘာလာရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုခဲ့ခြင်း မရှိပေမယ့် ချန်ပီယံအသင်းတစ်သင်းအနေနဲ့ အခြေခံကျတဲ့အချက်လေးတွေက အစ တောင့်တင်းနေရမယ်ဆိုပြီး ပြောခဲ့ပါ တယ်။ကက်ဆာနိုကတော့ ဒိုင်ဘာလာအနေနဲ့ ဂျူဗင်တပ်အသင်းရဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ထားတာကြောင့် အခုလို ပိုပြီး ခြေစွမ်းပြနိုင်ဖို့အတွက် ကြိုးစားရမှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

zawgyi version

ဒိုင္ဘာလာအေနနဲ႔ ဖိအားေတြေအာက္မွာ ႐ုန္းကန္ေနရတယ္လို႔ ေျပာခဲ့တာေၾကာင့္ ေဝဖန္ခဲ့တဲ့ကက္ဆာႏို
အီတလီတိုက္စစ္မွဴးေဟာင္း တစ္ဦးျဖစ္တဲ့ ကက္ဆာႏိုက ဂ်ဴဗင္တပ္အသင္းရဲ႕တိုက္စစ္မွဴး ဒိုင္ဘာလာအေနနဲ႔ လက္ရွိမွာ ပံုုမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနတာေၾကာင့္ ဖိအားေတြေအာက္ေရာက္ေနတယ္ဆိုၿပီး ေျပာခဲ့တဲ့အေပၚ ေဝဖန္မႈေတြျပဳလုပ္ခဲ့ပါ တယ္။ ကက္ဆာႏိုက သူအေနနဲ႔ အာဂ်င္တီးနား တိုက္စစ္မွဴး ဒိုင္ဘာလာရဲ႕ပရိသတ္တစ္ဦး မဟုတ္ေပမယ့္ သူရဲ႕ အနာ ဂတ္အတြက္ အခုလိုေျပာဆိုမႈမ်ိဳးကို မလုပ္သင့္ေၾကာင္း ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။
ဒိုင္ဘာလာဟာ ၂၀၂၂ ခုႏွစ္အထိ ဂ်ဴဗင္တပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းရွိေနသူျဖစ္ေပမယ့္ စာခ်ဳပ္သက္တမ္းတိုးဖို႔ အလို ရွိေနသူျဖစ္ၿပီး လက္ရွိမွာ သေဘာတူညီမႈမရေသးတာေၾကာင့္ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြလည္း ထြက္ေပၚေနသူ ျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့ ဒိုင္ဘာလာဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျဖစ္ရင္ တစ္ႏွစ္ကို ယူ႐ို ၁၀ သန္း ရရွိဖို႔အတြက္ အလိုရွိေနတယ္လို႔လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။
ဂ်ဴဗင္တပ္အသင္းနည္းျပ ပီယာလိုကေတာ့ ဒိုင္ဘာလာရဲ႕ အေျပာင္းအေရႊ႕သတင္းေတြနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ျပဳခဲ့ျခင္း မရွိေပမယ့္ ခ်န္ပီယံအသင္းတစ္သင္းအေနနဲ႔ အေျခခံက်တဲ့အခ်က္ေလးေတြက အစ ေတာင့္တင္းေနရမယ္ဆိုၿပီး ေျပာခဲ့ပါ တယ္။ကက္ဆာႏိုကေတာ့ ဒိုင္ဘာလာအေနနဲ႔ ဂ်ဴဗင္တပ္အသင္းရဲ႕ ေက်ာနံပါတ္ ၁၀ ဂ်ာစီကို ဝတ္ဆင္ထားတာေၾကာင့္ အခုလို ပိုၿပီး ေျခစြမ္းျပႏိုင္ဖို႔အတြက္ ႀကိဳးစားရမွာ ျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။