ဂီရော့ဒ်က အသင်းအတွက် လိုအပ်တဲ့ကစားသမားဖြစ်တာကြောင့် ခေါ်ယူချင်ကြောင်း ပြောခဲ့တဲ့ ဂျူဗင်တပ်နည်းပြ ပီယာလို


ဂျူဗင်တပ်အသင်နးည်းပြ ပီယာလိုက ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး ဂီရော့ဒ်က အသင်းအတွက် လိုအပ်တဲ့ကစားသမား ဖြစ်တာကြောင့် ခေါ်ယူချင်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ အသက် ၃၄ နှစ် ရှိပြီ ဖြစ်တဲ့ ဂီရော့ဒ်ဟာ ချဲလ်ဆီးအသင်းမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခွင့်ရဖို့အတွက် တီမိုဝါနာ၊ အေဘရာဟမ်တို့ရဲ့ နောက်မှာပဲ ရှိနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်နေခဲ့သူလည်း ဖြစ်ပါတယ်။


ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ DAZN ကနေတဆင့် မေးမြန်းမှုကိုတော့ ဂျူဗင်တပ်နည်းပြ ပီယာလိုက “ အပြောင်းအရွှေ့ ဈေး ကွက်ဖွင့်ချိန်မှာ သူကိုခေါ်ယူဖို့အတွက် လုပ်ဆောင်သွားမှာပါ။ ဂီရော့ဒ်ကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်သွားမှာပါ။ သူကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းမှာရှိတဲ့တိုက်စစ်မှူးတွေကို အလှည့်ကျအသုံးပြုလို့ရမှာဖြစ်ပြီး သူက အသင်းအတွက်လိုအပ်တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။


ဂီရော့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ၈ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းနည်းပြ ပီယာလိုကတော့ ဂီရော့ဒ်ရဲ့ ကစားဟန်ကို ကြိုက်နှစ်သက်ခဲ့တယ်လို့ သတင်းတွေရဲ့ဖော်ပြချက် အရ သိရပါတယ်။ ဂီရော့ဒ်အနေနဲ့ ဒီရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၁၅ ပွဲအထိ ပါဝင်ကစားခွင့်ရထားတယ်ဆိုပေ မယ့် မိနစ် ၉၀ အပြည့်ကစားခွင့်ရခဲ့တဲ့ပွဲက တစ်ပွဲပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ဂီေရာ့ဒ္က အသင္းအတြက္ လိုအပ္တဲ့ကစားသမားျဖစ္တာေၾကာင့္ ေခၚယူခ်င္ေၾကာင္း ေျပာခဲ့တဲ့ ဂ်ဴဗင္တပ္နည္းျပ ပီယာလို
ဂ်ဴဗင္တပ္အသင္နးည္းျပ ပီယာလိုက ခ်ဲလ္ဆီးအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတဲ့ တိုက္စစ္မွဴး ဂီေရာ့ဒ္က အသင္းအတြက္ လိုအပ္တဲ့ကစားသမား ျဖစ္တာေၾကာင့္ ေခၚယူခ်င္တယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ဂီေရာ့ဒ္ဟာ ခ်ဲလ္ဆီးအသင္းမွာ အေထာင္တိုက္စစ္မွဴးအျဖစ္ ကစားခြင့္ရဖို႔အတြက္ တီမိုဝါနာ၊ ေအဘရာဟမ္တို႔ရဲ႕ ေနာက္မွာပဲ ရွိေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေနခဲ့သူလည္း ျဖစ္ပါတယ္။
႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ DAZN ကေနတဆင့္ ေမးျမန္းမႈကိုေတာ့ ဂ်ဴဗင္တပ္နည္းျပ ပီယာလိုက “ အေျပာင္းအေရႊ႕ ေစ်း ကြက္ဖြင့္ခ်ိန္မွာ သူကိုေခၚယူဖို႔အတြက္ လုပ္ေဆာင္သြားမွာပါ။ ဂီေရာ့ဒ္ကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းနဲ႔ ေဆြးေႏြးမႈ ေတြ ျပဳလုပ္သြားမွာပါ။ သူကိုေခၚယူႏိုင္ခဲ့မယ္ဆိုရင္ အသင္းမွာရွိတဲ့တိုက္စစ္မွဴးေတြကို အလွည့္က်အသံုးျပဳလို႔ရမွာျဖစ္ၿပီး သူက အသင္းအတြက္လိုအပ္တဲ့ တိုက္စစ္မွဴးတစ္ေယာက္ျဖစ္ပါတယ္” ဆိုၿပီး ေျပာသြားခဲ့ပါတယ္။
ဂီေရာ့ဒ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအတြက္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ၈ ဂိုးသာသြင္းယူႏိုင္ခဲ့ေပမယ့္ ဂ်ဴဗင္တပ္အသင္းနည္းျပ ပီယာလိုကေတာ့ ဂီေရာ့ဒ္ရဲ႕ ကစားဟန္ကို ႀကိဳက္ႏွစ္သက္ခဲ့တယ္လို႔ သတင္းေတြရဲ႕ေဖာ္ျပခ်က္ အရ သိရပါတယ္။ ဂီေရာ့ဒ္အေနနဲ႔ ဒီရာသီမွာ ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲစံုမွာ ၁၅ ပြဲအထိ ပါဝင္ကစားခြင့္ရထားတယ္ဆိုေပ မယ့္ မိနစ္ ၉၀ အျပည့္ကစားခြင့္ရခဲ့တဲ့ပြဲက တစ္ပြဲပဲ ရွိခဲ့တာ ျဖစ္ပါတယ္။