စာချုပ်သစ်ကမ်းလှမ်းတာကို ပယ်ချရင် ဒီဘားလားကို ရောင်းချသွားမယ့် ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ ဒီဘားလားအနေနဲ့ စာချုပ်သစ်ကမ်းလှမ်းတာကို ငြင်းဆန်းပါက ရောင်းချရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပြီး ဒီဘားလား နဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူကို အလဲအထပ်လုပ်ရန် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။

ဒီဘားလားရဲ့ စီးရီးအေ ချန်ပီယံအသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရန် ၁၈ လ ကျန်ရှိနေသေးတာဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းဟာ တိုက်စစ်ကစားသမားကို ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းရန် ကြိုးစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သို့သော်လည်း ဒေးလီးမေးလ်က အဆိုအရ ဒီဘားလားသာ ဂျူဗင်တပ်စ်အသင်းက ကမ်းလှမ်းတာကို ပယ်ချလိုက်ပါက အီတလီဘီလူးအသင်းဟာ သူ့ကို ရောင်းချမယ့် စာရင်းထဲ ထည့်သွားရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒီဘားလားရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့ချ်အန်တန်ဟာ မကြာခင်မှာ အီတလီကို သွားပြီး ညှိနိုင်းမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းဘက်က တစ်နှစ် ပေါင် ၆.၈ သန်း ပေးချေထားရတဲ့ ကစားသမားကို ပေါင် ၉ သန်းထပ် ပိုပေးဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဒီဘားလားဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ နည်းပြသစ် ပီယာလိုလက်အောက်၌ ပုံမှန်ကစားခွင့်ရရှိရန် ရုန်းကန်နေရပြီး အခုအချိန်အထိ တစ်ဂိုးပဲ သွင်းထားသူ ဖြစ်ပါတယ်။

စာခ်ဳပ္သစ္ကမ္းလွမ္းတာကို ပယ္ခ်ရင္ ဒီဘားလားကို ေရာင္းခ်သြားမယ့္ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီဘားလားအေနန႔ဲ စာခ်ဳပ္သစ္ကမ္းလွမ္းတာကို ျငင္းဆန္းပါက ေရာင္းခ်ရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာကို ေခၚယူရန္ စိတ္၀င္စားေနတာျဖစ္ၿပီး ဒီဘားလား နဲ႔ ျပင္သစ္လက္ေရြးစင္ကြင္းလယ္လူကို အလဲအထပ္လုပ္ရန္ သတ္မွတ္ျခင္းခံထားရတာျဖစ္ပါတယ္။

ဒီဘားလားရဲ႕ စီးရီးေအ ခ်န္ပီယံအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ကုန္ဆံုးရန္ ၁၈ လ က်န္ရွိေနေသးတာျဖစ္ေသာ္လည္း ဂ်ဴဗင္တပ္စ္အသင္းဟာ တိုက္စစ္ကစားသမားကို ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ကို ကမ္းလွမ္းရန္ ႀကိဳးစားေနတယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ သို႔ေသာ္လည္း ေဒးလီးေမးလ္က အဆိုအရ ဒီဘားလားသာ ဂ်ဴဗင္တပ္စ္အသင္းက ကမ္းလွမ္းတာကို ပယ္ခ်လိုက္ပါက အီတလီဘီလူးအသင္းဟာ သူ႔ကို ေရာင္းခ်မယ့္ စာရင္းထဲ ထည့္သြားရန္ ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။

ဒီဘားလားရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့ခ်္အန္တန္ဟာ မၾကာခင္မွာ အီတလီကို သြားၿပီး ညွိႏိုင္းမႈေတြ လုပ္ေဆာင္ေတာ့မွာ ျဖစ္ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းဘက္က တစ္ႏွစ္ ေပါင္ ၆.၈ သန္း ေပးေခ်ထားရတဲ့ ကစားသမားကို ေပါင္ ၉ သန္းထပ္ ပိုေပးဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ ဒီဘားလားဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ နည္းျပသစ္ ပီယာလိုလက္ေအာက္၌ ပံုမွန္ကစားခြင့္ရရွိရန္ ႐ုန္းကန္ေနရၿပီး အခုအခ်ိန္အထိ တစ္ဂိုးပဲ သြင္းထားသူ ျဖစ္ပါတယ္။