ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ ယောက်ထဲမှာ သူပါတယ်ဆိုပြီး ပြောခဲ့တဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူ


ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကနေ အင်တာမီလန်ကို ပြောင်းရွှေ့လာပြီးနောက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ လူကာကူဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ အသင်းအတွက် ၃၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ စီးရီးအေချန်ပီယံဆုရယူ မယ့် အသင်းမှာ အဓိက,ကစားသမားအဖြစ် ပါဝင်နေသူလည်း ဖြစ်ပါတယ်။ လူကာကူရဲ့ အေးဂျင့်ဖြစ်တဲ့ ပက်စထရိုလို ကလည်း သူရဲ့ကစားသမားအနေနဲ့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး တစ်ဦးဖြစ်လာမှာ သေချာကြောင်းပြောခဲ့ပါတယ်။


အင်တာမီလန်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ဗီယာရီက ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးခဲ့တဲ့ လီဝန်ဒေါစကီးအနေနဲ့ ကွန်တီရဲ့လက်အောက်မှာပါ လာကစားမယ်ဆိုရင် လူကာကူလောက်ဂိုး သွင်းယူနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောသွားခဲ့ပါတယ်။ လူကာကူဟာ ဒီရာသီစီးရီးအေပွဲစဉ် ၁၃ ပွဲမှာ ၁၁ ဂိုးသွင်းယူထား နိုင်သူဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာလည်း သွင်းဂိုး ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလင်္ညး ဖြစ်ပါတယ်။


လူကာကူက သူရဲ့ခြေစွမ်းတိုးတက်ဖို့ ကူညီခဲ့တဲ့သူတွေကတော့ လက်ရှိစပါးနည်းပြဖြစ်နေတဲ့ မော်ရင်ဟိုနဲ့ ဘယ်ဂျီယံအ သင်းနည်းပြ မာတီနက်ဇ်တို့ပဲ ဖြစ်တယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ လူကာကူက “ အသက် ၂၀ အရွယ်တုန်းက ကျွန်တော် အနေနဲ့ အများကြီးသင်ယူခဲ့ရပါတယ်။ နည်းပြကောင်းတွေနဲ့တွေ့ခဲ့လို့သာ အခုလို ခြေစွမ်းပြနိုင်တာပါ။ အသက် ငယ်ငယ်နဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်နိုင်ခဲ့တာက ကောင်းခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ကမ႓ာ့အေကာင္းဆံုး တိုက္စစ္မွဴး ၅ ေယာက္ထဲမွာ သူပါတယ္ဆိုၿပီး ေျပာခဲ့တဲ့ အင္တာမီလန္ တိုက္စစ္မွဴး လူကာကူ
ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္အသင္းကေန အင္တာမီလန္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ အေကာင္းဆံုးေျခစြမ္းျပေနတဲ့ လူကာကူဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာ အသင္းအတြက္ ၃၅ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး အသင္းရဲ႕ စီးရီးေအခ်န္ပီယံဆုရယူ မယ့္ အသင္းမွာ အဓိက,ကစားသမားအျဖစ္ ပါဝင္ေနသူလည္း ျဖစ္ပါတယ္။ လူကာကူရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ပက္စထ႐ိုလို ကလည္း သူရဲ႕ကစားသမားအေနနဲ႔ ကမ႓ာ့အေကာင္းဆံုးတိုက္စစ္မွဴး တစ္ဦးျဖစ္လာမွာ ေသခ်ာေၾကာင္းေျပာခဲ့ပါတယ္။
အင္တာမီလန္တိုက္စစ္မွဴးေဟာင္းတစ္ဦးျဖစ္တဲ့ ဗီယာရီက ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ေျခစြမ္းျပၿပီး ဂိုးေတြသြင္းယူေပးခဲ့တဲ့ လီဝန္ေဒါစကီးအေနနဲ႔ ကြန္တီရဲ႕လက္ေအာက္မွာပါ လာကစားမယ္ဆိုရင္ လူကာကူေလာက္ဂိုး သြင္းယူႏိုင္မွာ မဟုတ္ဘူးလို႔လည္း ေျပာသြားခဲ့ပါတယ္။ လူကာကူဟာ ဒီရာသီစီးရီးေအပြဲစဥ္ ၁၃ ပြဲမွာ ၁၁ ဂိုးသြင္းယူထား ႏိုင္သူျဖစ္ၿပီး ေနာက္ဆံုးကစားခဲ့တဲ့ ၇ ပြဲမွာလည္း သြင္းဂိုး ၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့သူလညၤး ျဖစ္ပါတယ္။
လူကာကူက သူရဲ႕ေျခစြမ္းတိုးတက္ဖို႔ ကူညီခဲ့တဲ့သူေတြကေတာ့ လက္ရွိစပါးနည္းျပျဖစ္ေနတဲ့ ေမာ္ရင္ဟိုနဲ႔ ဘယ္ဂ်ီယံအ သင္းနည္းျပ မာတီနက္ဇ္တို႔ပဲ ျဖစ္တယ္ဆိုၿပီး ေျပာသြားခဲ့ပါတယ္။ လူကာကူက “ အသက္ ၂၀ အရြယ္တုန္းက ကြ်န္ေတာ္ အေနနဲ႔ အမ်ားႀကီးသင္ယူခဲ့ရပါတယ္။ နည္းျပေကာင္းေတြနဲ႔ေတြ႕ခဲ့လို႔သာ အခုလို ေျခစြမ္းျပႏိုင္တာပါ။ အသက္ ငယ္ငယ္နဲ႔ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို စတင္ႏိုင္ခဲ့တာက ေကာင္းခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။