၁၀ နှစ်တာ ဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုကို ပြန်ရဖို့ ဇန်နဝါရီမှာ ဇာဟာကို ခေါ်ယူဖို့ လုပ်နေတဲ့ အေစီမီလန်

စီးရီးအေထိပ်သီးအသင်းကြီး တစ်သင်းဖြစ်တဲ့ အေစီမီလန်ဟာ ၂၀၁၀-၁၁ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ကြောင့် ဒီရာသီမှာတော့ ချန်ပီယံဆု ပြန်လည်ရယူဖို့အတွက် ကြိုးစားနေပြီး လက်ရှိမှာလည်း အမှတ်ပေးဇယားကို ဦး ဆောင် ထားနိုင်ပါတယ်။ နည်းပြ ပိုင်အိုလီရဲ့ လက်အောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြနေတဲ့ အေစီမီလန်ဟာ ဒီရာသီဥရောပထိပ်သီးလိဂ် ၅ ခုမှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းလည်း ဖြစ်ပါတယ်။


ချန်ပီယံရယူဖို့ ကြိုးစားနေတဲ့ အေစီမီလန်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ အသင်းကို လူအင်အားဖြည့်ဖို့ လုပ်ဆောင်နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဇာဟာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဇာဟာရဲ့ ဒီနှစ်ပိုင်း စွမ်းဆောင်ရည်တွေကြောင့် သူကိုခေါ်ယူဖို့အတွက် အသင်းဟောင်းယူနိုက်တက်၊ အာဆင်နယ်အပြင် အခြားအသင်းကြီးတွေကပါ စောင့်ကြည့်နေပေမယ့် သူရဲ့ပြောင်းရွှေ့ကြေးကြောင့် မခေါ်ယူနိုင်ဖြစ်နေတယ်လို့လည်း သိရ ပါတယ်။


ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း သူရဲ့အဓိက,ကစားသမားတစ်ဦးဖြစ်တဲ့ ဇာဟာကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေ တယ်လို့ သတင်းတွေဖော်ပြခဲ့ပါတယ်။ ဇာဟာ အနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ၁၄ ပွဲမှာ ၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်တော့တဲ့ ဇာဟာကို ခေါ်ယူဖို့အတွက် အေစီမီလန်က ဇန်နဝါရီအပြောင်းအရွှေ့မှာ လုပ်ဆောင်လာဖို့ရှိတယ်လို့လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version
