ရာစုနှစ်အကောင်းဆုံးကစားသမားအဖြစ် ဆုချီးမြှင့်ခံခဲ့ရတဲ့ စီရော်နယ်ဒို


ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ ရာစုနှစ်ရဲ့ အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီဆုကိုတော့ Century Globe Soccer Award လို့ ခေါ်တွင်တယ်လို့ သိရပါတယ်။ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်းအကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမားကို ရွေးချယ်ခဲ့ရာမှာတော့ စီရော်နယ်ဒိုက အခြားနာမည်ကျော်ကစားသမားတွေကို ကျော် ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။


ဆုရရှိတဲ့အကြောင်းကို လက်ခံရပြီးနောက်မှာ စီရော်နယ်ဒိုက “ လွန်ခဲ့တဲ့ နှစ် ၂၀ ဆက်တိုက် ကျွန်တော်အနေနဲ့ ပရော် ဖက်ရှင်နယ်တစ်ယောက် ပီသသွားနဲ့ ကစားခဲ့သလို ဂိုးတွေလည်းသွင်းယူနိုင်ခဲ့ပါတယ်။ အခြားသူတွေရဲ့ စံချိန်တွေကို ချိုးဖျက်ဖို့ထက် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့အတွက် အမြဲလုပ်ဆောင်ခဲ့တာပါ။ ဒီဆုကို ရရှိတယ်ဆိုတဲ့အချိန်မှာ အရမ်းကို ပျော်ရွှင်မိသလို ဒီဆုကလည်း အသင်းဖော်တွေကြောင့်ရတဲ့ဆုပါ။ အသင်းဖော်ကောင်းတွေ၊ အသင်းကောင်းတွေမရှိဘဲနဲ့ ဒီဆုကို ကျွန်တော်မရနိုင်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။


အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ TuttoSport ရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ် က “ဒီ ဆုကို စီရော်နယ်ဒိုတို့ ရတာ မမျှတဘူးလို့ ဆိုရမှာပါ။ သူက မက်ဆီနဲ့ ကာလတစ်ခုလုံးယှဉ်ပြိုင်လာရတာပါ။ ကျွန်တော် တစ်ယောက်တည်းအတွက်ဆိုရင်တော့ ဒီဆုနဲ့ ထိုက်တန်တဲ့သူက ဘာစီလိုနာတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုပါပဲ။ ဒီနှစ်အတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ လီဝန်ဒေါစကီးနဲ့ ပတ်သက်ပြီးတော့ ပြောစရာမရှိပါဘူး” သိရပါတယ်။

zawgyi version

ရာစုႏွစ္အေကာင္းဆံုးကစားသမားအျဖစ္ ဆုခ်ီးႁမွင့္ခံခဲ့ရတဲ့ စီေရာ္နယ္ဒို
ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုအေနနဲ႔ ရာစုႏွစ္ရဲ႕ အေကာင္းဆံုးေဘာလံုးသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး ဒီဆုကိုေတာ့ Century Globe Soccer Award လို႔ ေခၚတြင္တယ္လို႔ သိရပါတယ္။ ၂၀၀၁ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အတြင္းအေကာင္းဆံုး စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားကို ေရြးခ်ယ္ခဲ့ရာမွာေတာ့ စီေရာ္နယ္ဒိုက အျခားနာမည္ေက်ာ္ကစားသမားေတြကို ေက်ာ္ ျဖတ္ၿပီး ဒီဆုကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္။
ဆုရရွိတဲ့အေၾကာင္းကို လက္ခံရၿပီးေနာက္မွာ စီေရာ္နယ္ဒိုက “ လြန္ခဲ့တဲ့ ႏွစ္ ၂၀ ဆက္တိုက္ ကြ်န္ေတာ္အေနနဲ႔ ပေရာ္ ဖက္ရွင္နယ္တစ္ေယာက္ ပီသသြားနဲ႔ ကစားခဲ့သလို ဂိုးေတြလည္းသြင္းယူႏိုင္ခဲ့ပါတယ္။ အျခားသူေတြရဲ႕ စံခ်ိန္ေတြကို ခ်ိဳးဖ်က္ဖို႔ထက္ အေကာင္းဆံုးေျခစြမ္းျပႏိုင္ဖို႔အတြက္ အၿမဲလုပ္ေဆာင္ခဲ့တာပါ။ ဒီဆုကို ရရွိတယ္ဆိုတဲ့အခ်ိန္မွာ အရမ္းကို ေပ်ာ္ရႊင္မိသလို ဒီဆုကလည္း အသင္းေဖာ္ေတြေၾကာင့္ရတဲ့ဆုပါ။ အသင္းေဖာ္ေကာင္းေတြ၊ အသင္းေကာင္းေတြမရွိဘဲနဲ႔ ဒီဆုကို ကြ်န္ေတာ္မရႏိုင္ပါဘူး” လို႔ ေျပာသြားခဲ့ပါတယ္။
အီတလီသတင္းစာတစ္ေစာင္ျဖစ္တဲ့ TuttoSport ရဲ႕ ေဖာ္ျပခ်က္အရ စီေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္စ္ က “ဒီ ဆုကို စီေရာ္နယ္ဒိုတို႔ ရတာ မမွ်တဘူးလို႔ ဆိုရမွာပါ။ သူက မက္ဆီနဲ႔ ကာလတစ္ခုလံုးယွဥ္ၿပိဳင္လာရတာပါ။ ကြ်န္ေတာ္ တစ္ေယာက္တည္းအတြက္ဆိုရင္ေတာ့ ဒီဆုနဲ႔ ထိုက္တန္တဲ့သူက ဘာစီလိုနာတိုက္စစ္မွဴးေဟာင္း ေရာ္နယ္ဒင္ဟိုပါပဲ။ ဒီႏွစ္အတြက္ အေကာင္းဆံုးကစားသမားအျဖစ္ ေရြးခ်ယ္ခံရတဲ့ လီဝန္ေဒါစကီးနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာစရာမရွိပါဘူး” သိရပါတယ္။