ဆွီဒင်က ကျွန်တော့်ကလေးတွေကို ကျွန်တော်လွမ်းပေမယ့် အေစီမီလန်မှာလည်း ကျွန်တော့်ကို လိုအပ်နေတဲ့ ကလေး ၂၅ ယောက် ရှိတယ် လို့ ဆိုလိုက်တဲ့ တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်

အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က အနားယူရမယ့် ကိစ္စက သူ့အတွက်တော့ အရယ်ရဆုံးကိစ္စဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးကြီးဟာ တံကောက်ကြောဒဏ်ရာကနေ အမြန်ဆုံးပြန်လည်သက်သာလာရန် မျှော်လင့်နေသူ ဖြစ်ပါတယ်။

သူက “လူတော်တော်များများက ကျွန်တော့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းကြပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်အခုလုပ်နေသလိုမျိုး စွမ်းဆောင်နိုင်သလောက်ကစားသွားမယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အေစီမီလန်မှာ ကျွန်တော်အစစအရာရာ အဆင်ပြေနေတယ်လို့ ခံစားရပါတယ်။

ကျွန်တော့်ကိုယ် ကျွန်တော် မဆုံးဖြတ်ပါဘူး။ အရာအားလုံးထက် ကျွန်တော့်မိသားစုက အရေးကြီးပါတယ်။ သူတို့ကို ကျွန်တော်အရမ်းလွမ်းပါတယ်။ ဒါပေမယ့် နည်းပြ ပိုင်အိုလီက ဆွီဒင်မှာ ကျွန်တော် ကလေး (၂) ယောက်ရှိတယ်ဆိုရင် မီလန်မှာ ကျွန်တော့်ကို လိုအပ်နေတာ (၂၅) ယေက်တောင် ရှိတယ်လို့ ကျွန်တော့်ကို ပြောပါတယ်””လို့ ပြောသွားခဲ့ပါတယ်။



