လာဇီယိုကို အနိုင်ရခဲ့တဲ့ပွဲမှာ လွန်ခဲ့တဲ့ ၇၂ နှစ်က ဘာစီလိုနာရဲ့ စံချိန်မှတ်တမ်းကို လိုက်မီသွားခဲ့တဲ့ အေစီမီလန်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာတော့ အေစီမီလန်အသင်းဟာ လာဇီယိုအသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ နည်းပြ ပိုင်အိုလီရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ရာသီကတည်းက ခြေစွမ်းကောင်းရနေတဲ့ အေစီမီလန်ဟာ ဒီရာသီမှာလည်း မြို့ခံပြိုင်ဘက် အင်တာမီလန်ကို တစ်မှတ်အသာ ၊ လက်ရှိချန်ပီယံဖြစ်တဲ့ ဂျူဗင်တပ်ကို ၁၀ မှတ်အသာ နဲ့ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။

လက်ရှိရာသီရဲ့ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ခြေစွမ်းပြနေတဲ့ အေစီမီလန် ဟာ လာဇီယိုကို အနိုင်ရတဲ့ပွဲမှာတော့ ပထမပိုင်းမှာပဲ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အေစီမီလန်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ် ၁၅ ပွဲမှာ ပြိုင်ဘက်အသင်းတွေကို နှစ်ဂိုးနဲ့အထက်သွင်းယူနိုင် တာ ၁၅ ပွဲဆက်ရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ ၇၂ နှစ်က ဘာစီလိုနာအသင်းရဲ့ တင်ထားတဲ့စံချိန်ကို လိုက်မီနိုင်ခဲ့တာဖြစ်တယ် လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


စီးရီးအေ ချန်ပီယံဆုကို ဂျူဗင်တပ်အသင်းက ကာလရှည်ရယူထားနိုင်တာကြောင့် မီလန်မြို့အသင်းတွေရဲ့ အောင်မြင်မှု ဟာ မှေးမှိန်ခဲ့ပေမယ့် ဒီရာသီမှာတော့ မီလန်မြို့ခံနှစ်သင်းဟာ စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်အသင်းဆီက လုယူနိုင်ဖို့ အကောင်းဆုံးခြေစွမ်းပြနေတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ကိုဗစ်အလွန်ပွဲစဉ်တွေပြန်ကစားတဲ့ အချိန်ကတည်းက စီးရီးအေပြိုင်ပွဲမှာ ရှုံးပွဲမရှိခဲ့တာ ၂၆ ပွဲအထိ ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

zawgyi version

လာဇီယိုကို အႏိုင္ရခဲ့တဲ့ပြဲမွာ လြန္ခဲ့တဲ့ ၇၂ ႏွစ္က ဘာစီလိုနာရဲ႕ စံခ်ိန္မွတ္တမ္းကို လိုက္မီသြားခဲ့တဲ့ ေအစီမီလန္
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္ေတြမွာေတာ့ ေအစီမီလန္အသင္းဟာ လာဇီယိုအသင္းကို သံုးဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ နည္းျပ ပိုင္အိုလီရဲ႕ လက္ေအာက္မွာ ၿပီးခဲ့တဲ့ရာသီကတည္းက ေျခစြမ္းေကာင္းရေနတဲ့ ေအစီမီလန္ဟာ ဒီရာသီမွာလည္း ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာမီလန္ကို တစ္မွတ္အသာ ၊ လက္ရွိခ်န္ပီယံျဖစ္တဲ့ ဂ်ဴဗင္တပ္ကို ၁၀ မွတ္အသာ နဲ႔ စီးရီးေအအမွတ္ေပးဇယားကို ဦးေဆာင္ထားတာ ျဖစ္ပါတယ္။
လက္ရွိရာသီရဲ႕ ဥေရာပထိပ္သီးလိဂ္ ၅ ခုမွာ ရႈံးပြဲမရွိတဲ့ တစ္သင္းတည္းေသာအသင္းအျဖစ္ ေျခစြမ္းျပေနတဲ့ ေအစီမီလန္ ဟာ လာဇီယိုကို အႏိုင္ရတဲ့ပြဲမွာေတာ့ ပထမပိုင္းမွာပဲ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအစီမီလန္အေနနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ စီးရီးေအပြဲစဥ္ ၁၅ ပြဲမွာ ၿပိဳင္ဘက္အသင္းေတြကို ႏွစ္ဂိုးနဲ႔အထက္သြင္းယူႏိုင္ တာ ၁၅ ပြဲဆက္ရွိခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ ၇၂ ႏွစ္က ဘာစီလိုနာအသင္းရဲ႕ တင္ထားတဲ့စံခ်ိန္ကို လိုက္မီႏိုင္ခဲ့တာျဖစ္တယ္ လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
စီးရီးေအ ခ်န္ပီယံဆုကို ဂ်ဴဗင္တပ္အသင္းက ကာလရွည္ရယူထားႏိုင္တာေၾကာင့္ မီလန္ၿမိဳ႕အသင္းေတြရဲ႕ ေအာင္ျမင္မႈ ဟာ ေမွးမွိန္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ မီလန္ၿမိဳ႕ခံႏွစ္သင္းဟာ စီးရီးေအခ်န္ပီယံဆုကို ဂ်ဴဗင္တပ္အသင္းဆီက လုယူႏိုင္ဖို႔ အေကာင္းဆံုးေျခစြမ္းျပေနတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ကိုဗစ္အလြန္ပြဲစဥ္ေတြျပန္ကစားတဲ့ အခ်ိန္ကတည္းက စီးရီးေအၿပိဳင္ပြဲမွာ ရႈံးပြဲမရွိခဲ့တာ ၂၆ ပြဲအထိ ရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။