အတ္တလန္တာအသင်းကို ရှုံးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့ဟာ ကလေးတွေလို ကစားနေကြတယ်လို့ ဆိုလိုက်တဲ့ ရိုးမားနည်းပြ ဖွန်ဆီကာ
ရိုးမားအသင်းနည်းပြ ဖွန်ဆီကာ က အတ္တလန္တာအသင်းကို (၄-၁) နဲ့ ရှုံးခဲ့တဲ့အပေါ် ဆင်ခြေပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ရိုးမားအသင်းအတွက် ဒီဇီကိုက ပွဲကစားချိန် (၃) မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းပေးခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်ကတော့ ဆင်ခြေတွေ မပေးချင်ပါဘူး။ အသင်းရဲ့ ပထမပိုင်းကစားပုံက အရမ်းကောင်းခဲ့ပေမယ့် ဒုတိယပိုင်းကတော့ ကလေးဆန်ခဲ့ပါတယ်။
ဒါက ကလေးတွေနဲ့ လူကြီးတွေလို ဖြစ်နေပါတယ်။ အသင်းရဲ့ ပျံ့ကဲျနေပြီး အချိတ်အဆက်မမိခဲ့ပါဘူး။ ဒါက အတ္တလန္တာလို အသင်းမျိုးနဲ့ ရင်ဆိုင်တဲ့အခါ အန္တရယ်ရှိသွားတာပါ။ ဒါက ကြံံ့ခိုင်မှုပိုင်မဟုတ်ပါဘူး။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ မေးခွန်းပါ။ ကျွန်တော်တို့ဟာ ပွဲချိန် (၂၅) မိနစ်အထိ ကစားပုံကောင်းခဲ့ပြီး နောက်ပိုင်း လုံး၀ ပြောင်းလဲသွားတာပါ။ ဒါမျိုး ဖြစ်လို့ မရပါဘူး။
ကျွန်တော်တို့အနေနဲ့ ပွဲတိုင်း အနိုင်လိုချင်ရင် ပထမပိုင်းက စိတ်ဓာတ်မျိုးနဲ့ ဆက်ကစားသွားရမှာပါ။ ကျွန်တော်တို့ အနိုင်ရကောင်း ရနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်းကစားပုံက ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ရင် အရမ်းဒုက္ခရောက်နိုင်ပါတယ်။ အသင်းဟာ ဦးတည်ချက်ပျောက်နေသလိုတောင်း ဖြစ်ခဲ့တာပါ။
ကျွန်တော်တို့ဟာ အတ္တလန္တာအသင်းကို လွယ်ကူစေခဲ့တာပါ။ ကစားသမားတွေကိုလည်း အဲ့ဒီလို မလုပ်ရဘူးဆိုတာကို နားလည်အောင် ပြောရပါမယ်။ စိတ်အားထက်သန်မှု မရှိရင် ဒီလိုပွဲမျိုးကို နိုင်မှာမဟုတ်ပါဘူး” လို့ နည်းပြ ဖွန်ဆီကာ က အီတလီက စကိုင်းစပေါ့ကို ပြောသွားခဲ့ပါတယ။်