အီတလီစီးရီးအေ အမှတ်ပေးဖလားကို ရရှိရန် ဂျူဗင်တပ်စ်အသင်းကပဲ ရေပန်းစားနေတာပါလို့ ဆိုလိုက်တဲ့ အေစီမီလန်နည်းပြ ပိုင်အိုလီ

အေစီမီလန်နည်းပြ ပိုင်အိုလီက ဒီနှစ်ဘောလုံးရာသီ စီးရီးအေ အမှတ်ပေးဖလားကို ရရှိရန် သူ့အသင်းက ရေပန်းအစားဆုံးမဟုတ်ဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ စီးရီးအေ (၂)ပွဲဆက်တိုက် သရေကျခဲ့သော်လည်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေဆဲပါ။ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဖြစ်တဲ့ အီဘရာဟီမိုဗစ်ကလည်း လက်ရှိအေစီမီလန်အသင်းဟာ စတူဒက်တိုဖလားကို ဆွတ်ခူးရန် စိတ်အားထက်သန်နေတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း နည်းပြပိုင်အိုလီက “ ကျွန်တော်တို့ရဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်ဆိုတာကို သက်သေပြနိုင်ပြီး အင်အားအကြီးမားဆုံးအသင်းတွေကို ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းက ရေပန်းအစားဆုံးဆိုတာကို ဘာလို့ မစဉ်းစားကြတာလဲ။ သူတို့ဟာ ချန်ပီယံ (၉) နှစ်ဆက်တိုက် ဖြစ်ခဲ့ပြီး အင်တာမီလန်အသင်းကလည်း အင်အားကြီးအသင်းတစ်သင်း ဖြစ်ပါတယ်။

မနှစ်ကလည်း ဂျူဗင်တပ်စ်အသင်းထက် (၁) မှတ်ပဲ လျော့ခဲ့တာပါ။ဒါပေမယ့် ကျွန်တော်တို့ကတော့ လက်ရှိ လူအင်အားနဲ့ပဲ အကောင်းဆုံးရင်ဆိုင်တိုက်ခိုက်ချင်ပါသေးတယ်။ ဒီလမ်းကြောင်းမှာ ကျွန်တော်တို့အတွက် အခွင့်အရေးရှိပါသေးတယ်။ ကျွန်တော်တို့ ဟာ ဘယ်သူမှ မမျှော်လင့်ထားတာကို ထပ်ပြီး လုပ်ပြနိုင်မယ်ဆိုတာကို သိပါတယ်” လို့ စကိုင်းစပေါ့ အီတလီကို ပြောသွားခဲ့ပါတယ်။

အီတလီစီးရီးေအ အမွတ္ေပးဖလားကို ရရွိရန္ ဂ်ဴဗင္တပ္စ္အသင္းကပဲ ေရပန္းစားေနတာပါလို႔ ဆိုလိုက္တဲ့ ေအစီမီလန္နည္းျပ ပိုင္အိုလီ

ေအစီမီလန္နည္းျပ ပိုင္အိုလီက ဒီႏွစ္ေဘာလံုးရာသီ စီးရီးေအ အမွတ္ေပးဖလားကို ရရွိရန္ သူ႔အသင္းက ေရပန္းအစားဆံုးမဟုတ္ဘူးလို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ၿပီးခဲ့တဲ့ စီးရီးေအ (၂)ပြဲဆက္တိုက္ သေရက်ခဲ့ေသာ္လည္း အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရပ္တည္ေနဆဲပါ။ အသင္းရဲ႕ ဝါရင့္တိုက္စစ္မွဴး ျဖစ္တဲ့ အီဘရာဟီမိုဗစ္ကလည္း လက္ရွိေအစီမီလန္အသင္းဟာ စတူဒက္တိုဖလားကို ဆြတ္ခူးရန္ စိတ္အားထက္သန္ေနတယ္လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း နည္းျပပိုင္အိုလီက “ ကၽြန္ေတာ္တို႔ရဲ႕ ရလဒ္ေတြကို ၾကည့္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ဟာ အမွတ္ေပးဖလားကို စိန္ေခၚႏိုင္တယ္ဆိုတာကို သက္ေသျပႏိုင္ၿပီး အင္အားအႀကီးမားဆံုးအသင္းေတြကို ယွဥ္ၿပိဳင္ႏိုင္ပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက ေရပန္းအစားဆံုးဆိုတာကို ဘာလို႔ မစဥ္းစားၾကတာလဲ။ သူတို႔ဟာ ခ်န္ပီယံ (၉) ႏွစ္ဆက္တိုက္ ျဖစ္ခဲ့ၿပီး အင္တာမီလန္အသင္းကလည္း အင္အားႀကီးအသင္းတစ္သင္း ျဖစ္ပါတယ္။

မႏွစ္ကလည္း ဂ်ဴဗင္တပ္စ္အသင္းထက္ (၁) မွတ္ပဲ ေလ်ာ့ခဲ့တာပါ။ဒါေပမယ့္ ကၽြန္ေတာ္တို႔ကေတာ့ လက္ရွိ လူအင္အားနဲ႔ပဲ အေကာင္းဆံုးရင္ဆိုင္တိုက္ခိုက္ခ်င္ပါေသးတယ္။ ဒီလမ္းေၾကာင္းမွာ ကၽြန္ေတာ္တို႔အတြက္ အခြင့္အေရးရွိပါေသးတယ္။ ကၽြန္ေတာ္တို႔ ဟာ ဘယ္သူမွ မေမွ်ာ္လင့္ထားတာကို ထပ္ၿပီး လုပ္ျပႏိုင္မယ္ဆိုတာကို သိပါတယ္” လို႔ စကိုင္းစေပါ့ အီတလီကို ေျပာသြားခဲ့ပါတယ္။