အသက် ၅၀ လောက်အထိ မိုဗစ်က ဘောလုံးကစားနိုင်မှာပါ လို့ ပြောခဲ့တဲ့ အေးဂျင့်ရွိုင်အိုလာ

နာမည်ကျော်ကစားသမားတွေရဲ့ အေးဂျင့်အဖြစ် လုပ်ကိုင်နေတဲ့ ရွိုင်အိုလာရဲ့ ကစားသမားတွေထဲမှာ အေဘရာဟီမိုဗစ် လည်း တစ်ယောက်ပါဝင်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ဖို့ ရက်ပိုင်းလောက်ပဲလိုတော့တာကြောင့် အေးဂျင့် ရွိုင်အိုလာအနေနဲ အလုပ်တွေလုပ်ရင်း အင်တာဗျုးတစ်ခုမှာတော့ အေစီမီလန်တိုက်စစ်မှူး အေဘရာဟီမိုဗစ်အနေနဲ့ လက် ရှိမှာ အသက် ၃၉ နှစ်ဆိုပေမယ့် အသက် ၅၀ အရွယ်ထိ ဘောလုံးကစားနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။


ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အေစီမီလန်ကို ကာလတိုစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ အေဘရာဟီမိုဗစ်အနေနဲ့ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကိုလည်း ယူရိုပါလိဂ်ကစားခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ မှာ အသင်းလက်မဲ့ဖြစ်သွားတဲ့ အေဘရာဟီမိုဗစ်ကို အေစီမီလန်က စာချုပ်တစ်နှစ် ထပ်မံချုပ်ဆိုခဲ့တာကြောင့် သူအနေနဲ့ အသင်းမှာ ဆက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။


အေစီမီလန်ဟာ နည်းပြပိုင်အိုလီရဲ့ ဦးဆောင်မှုအောက်နဲ့ အေဘရာဟီမိုဗစ်တို့ရဲ့ ခြေစွမ်းပြမှုတို့ကြောင့် စီးရီးအေအမှတ် ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မြို့ခံပြိုင်ဘက်အင်တာမီလန်ကို သုံးမှတ်ဖြတ်ထားနိုင်ပါတယ်။ အေဘရာဟီမိုဗစ်ကလည်း အသင်းအတွက် လိဂ်သွင်းဂိုး ၁၀ ဂိုးသွင်းယူပေးထားပြီး နာမည်ကျော် ဂျူဗင်တပ်တိုက်စစ်မှူး စီ ရော်နယ်ဒိုနဲ့ ဂိုးသွင်းအများဆုံး ကစားသမားနေရာမှာ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

အသက္ ၅၀ ေလာက္အထိ မိုဗစ္က ေဘာလံုးကစားႏိုင္မွာပါ လို႔ ေျပာခဲ့တဲ့ ေအးဂ်င့္ရြိဳင္အိုလာ
နာမည္ေက်ာ္ကစားသမားေတြရဲ႕ ေအးဂ်င့္အျဖစ္ လုပ္ကိုင္ေနတဲ့ ရြိဳင္အိုလာရဲ႕ ကစားသမားေတြထဲမွာ ေအဘရာဟီမိုဗစ္ လည္း တစ္ေယာက္ပါဝင္ပါတယ္။ အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္လွစ္ဖို႔ ရက္ပိုင္းေလာက္ပဲလိုေတာ့တာေၾကာင့္ ေအးဂ်င့္ ရြိဳင္အုိလာအေနနဲ အလုပ္ေတြလုပ္ရင္း အင္တာဗ်ဳးတစ္ခုမွာေတာ့ ေအစီမီလန္တိုက္စစ္မွဴး ေအဘရာဟီမိုဗစ္အေနနဲ႔ လက္ ရွိမွာ အသက္ ၃၉ ႏွစ္ဆိုေပမယ့္ အသက္ ၅၀ အရြယ္ထိ ေဘာလံုးကစားႏုိင္မွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေအစီမီလန္ကို ကာလတိုစာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့တဲ့ ေအဘရာဟီမိုဗစ္အေနနဲ႔ ေျခစြမ္းျပႏိုင္ခဲ့ၿပီး အသင္းကိုလည္း ယူရိုပါလိဂ္ကစားခြင့္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕ မွာ အသင္းလက္မဲ့ျဖစ္သြားတဲ့ ေအဘရာဟီမိုဗစ္ကို ေအစီမီလန္က စာခ်ဳပ္တစ္ႏွစ္ ထပ္မံခ်ဳပ္ဆိုခဲ့တာေၾကာင့္ သူအေနနဲ႔ အသင္းမွာ ဆက္ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။
ေအစီမီလန္ဟာ နည္းျပပိုင္အိုလီရဲ႕ ဦးေဆာင္မႈေအာက္နဲ႔ ေအဘရာဟီမိုဗစ္တို႔ရဲ႕ ေျခစြမ္းျပမႈတို႔ေၾကာင့္ စီးရီးေအအမွတ္ ေပးဇယားကို ဦးေဆာင္ထားႏိုင္ၿပီး အနီးဆံုးၿပိဳင္ဘက္ျဖစ္တဲ့ ျမိဳ႕ခံၿပိဳင္ဘက္အင္တာမီလန္ကုိ သံုးမွတ္ျဖတ္ထားႏိုင္ပါတယ္။ ေအဘရာဟီမိုဗစ္ကလည္း အသင္းအတြက္ လိဂ္သြင္းဂိုး ၁၀ ဂိုးသြင္းယူေပးထားၿပီး နာမည္ေက်ာ္ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီ ေရာ္နယ္ဒိုနဲ႔ ဂိုးသြင္းအမ်ားဆံုး ကစားသမားေနရာမွာ ဦးေဆာင္ေနတာပဲ ျဖစ္ပါတယ္။