ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို အပြိုင်လိုက်နေတဲ့ ဂျူဗင်တပ်စ် နဲ့ အေစီမီလန်အသင်း

ဂျူဗင်တပ်စ် နဲ့ အေစီမီလန်အသင်းတို့ဟာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို လက်ရှိမှာ စိတ်ဝင်စားနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားဟာ နည်းပြ လမ်းပတ်ရဲ့ လက်အောက်မှာ ပွဲကစားခွင့် ပျောက်ဆုံးနေသူပါ။ လမ်းပတ်ဟာ နွေရာသီက ပီအက်စ်ဂျီအသင်းကနေ အလွတ်ခေါ်ယူထားတဲ့ သီယာဂိုဆေးလ်ဗား နဲ့ ဇူးမားတို့ကိုပဲ ပထမဦးစားပေးအဖြင့် ရွေးချယ်ထားတာဖြစ်ပါတယ်။

အီတလီက ထွက်ပေါ်လာတဲ့ သတင်းများအရ ဂျူဗင်တပ်စ် နဲ့ အေစီမီလန်အသင်းတို့ဟာ ရူဒီဂါကို စီးရီးအေထံ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းကလည်း အသက် ၂၇ နှစ်အရွယ်ကစားသမားကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ရူဒီဂါကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားချထားပြီး နောက်ပိုင်းမှာ ပေါင် ၁၆ သန်းလောက်နဲ့ အပြီးသတ်ရောင်းချသွားဖွယ်ရှိနေပါတယ်။


