စီရော်နယ်ဒိုရဲ့ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုက အခြားကစားသမားတွေထက် ခေါင်းတစ်လုံးသာတယ်လို့ ပြောခဲ့တဲ့ ဂျူဗင် တပ်နည်းပြဟောင်း အလီဂရီ


ဂျူဗင်တပ်အသင်းနည်းပြဟောင်းတစ်ဦးဖြစ်တဲ့ အလီဂရီက လက်ရှိမှာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်ပေမယ့် အကောင်းဆုံး ခြေစွမ်းနဲ့ အတူ ဂိုးတွေသွင်းယူနေတဲ့ စီရော်နယ်ဒိုရဲ့ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုက အခြားကစားသမားတွေထွက် ခေါင်း တစ်လုံးပိုသာနေတယ်လို့ ပြောခဲ့ပါတယ်။ အလီဂရီနဲ့ စီရော်နယ်ဒိုတို့ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက ဂျူဗင်တပ်အ သင်းမှာ အတူလက်တွဲပြီး လုပ်ဆောင်ခဲ့ကြဖူးသူတွေလည်း ဖြစ်ပါတယ်။


စီရော်နယ်ဒိုဟာ အလီဂရီရဲ့ ဂျူဗင်တပ်ကိုကိုင်တွယ်တဲ့နောက်ဆုံးရာသီမှာ အသင်းအတွက် လိဂ်သွင်းဂိုး ၂၁ ဂိုးအထိသွင်း ယူပေးခဲ့ပြီး အမှတ်ပေးချန်ပီယံရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ အလီဂရီက စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့အ ကောင်းဆုံးဘောလုံးသမားဆု ၅ကြိမ်အထိရရှိတာဟာ အံသြဖို့မကောင်းဘဲ သူရဲ့အားထုတ်မှုတွေက အခြားသူတွေထက် သာလွန်နေတာကြောင့် သူအနေနဲ့ အောင်မြင်မှုတွေရနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


The Times သတင်းစာနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ အလီဂရီက “ ကျွန်တော်အနေနဲ့ ကျန်းမာသန်စွမ်းတဲ့ကစားသမား ကောင်းတွေကို အများကြီးတွေ့ဖူးပါတယ်။ ချီရယ်လီနီ၊ နက်စတာ၊ ဂတ်တူဆို ၊ဆီးဒေါ့ဖ် ၊ အေဘရာဟီမိုဗစ်နဲ့ စီရော်နယ်ဒို လို ကစားသမားမျိုးတွေပေါ့။ ဒီလိုကစားသမားတွေထဲမှာ စီရော်နယ်ဒိုရဲ့ စိတ်ပိုင်းဆိုင်ရာအားထုတ်မှုက အခြားကစားသ မားတွေထက် သာလွန်နေတာကြောင့် သူအနေနဲ့ အောင်မြင်မှုတွေကို ရရှိနေတာပဲ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုရဲ႕ စိတ္ပိုင္းဆိုင္ရာ အားထုတ္မႈက အျခားကစားသမားေတြထက္ ေခါင္းတစ္လံုးသာတယ္လို႔ ေျပာခဲ့တဲ့ ဂ်ဴဗင္ တပ္နည္းျပေဟာင္း အလီဂရီ
ဂ်ဴဗင္တပ္အသင္းနည္းျပေဟာင္းတစ္ဦးျဖစ္တဲ့ အလီဂရီက လက္ရွိမွာ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ အေကာင္းဆံုး ေျခစြမ္းနဲ႔ အတူ ဂိုးေတြသြင္းယူေနတဲ့ စီေရာ္နယ္ဒိုရဲ႕ စိတ္ပိုင္းဆိုင္ရာ အားထုတ္မႈက အျခားကစားသမားေတြထြက္ ေခါင္း တစ္လံုးပိုသာေနတယ္လို႔ ေျပာခဲ့ပါတယ္။ အလီဂရီနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီတုန္းက ဂ်ဴဗင္တပ္အ သင္းမွာ အတူလက္တြဲၿပီး လုပ္ေဆာင္ခဲ့ၾကဖူးသူေတြလည္း ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုဟာ အလီဂရီရဲ႕ ဂ်ဴဗင္တပ္ကိုကိုင္တြယ္တဲ့ေနာက္ဆံုးရာသီမွာ အသင္းအတြက္ လိဂ္သြင္းဂိုး ၂၁ ဂိုးအထိသြင္း ယူေပးခဲ့ၿပီး အမွတ္ေပးခ်န္ပီယံရရွိေအာင္ စြမ္းေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။ အလီဂရီက စီေရာ္နယ္ဒိုအေနနဲ႔ ကမ႓ာ့အ ေကာင္းဆံုးေဘာလံုးသမားဆု ၅ႀကိမ္အထိရရွိတာဟာ အံၾသဖို႔မေကာင္းဘဲ သူရဲ႕အားထုတ္မႈေတြက အျခားသူေတြထက္ သာလြန္ေနတာေၾကာင့္ သူအေနနဲ႔ ေအာင္ျမင္မႈေတြရေနတာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
The Times သတင္းစာနဲ႔ ေတြ႕ဆံုေမးျမန္းမႈမွာေတာ့ အလီဂရီက “ ကြ်န္ေတာ္အေနနဲ႔ က်န္းမာသန္စြမ္းတဲ့ကစားသမား ေကာင္းေတြကို အမ်ားႀကီးေတြ႕ဖူးပါတယ္။ ခ်ီရယ္လီနီ၊ နက္စတာ၊ ဂတ္တူဆို ၊ဆီးေဒါ့ဖ္ ၊ ေအဘရာဟီမိုဗစ္နဲ႔ စီေရာ္နယ္ဒို လို ကစားသမားမ်ိဳးေတြေပါ့။ ဒီလိုကစားသမားေတြထဲမွာ စီေရာ္နယ္ဒိုရဲ႕ စိတ္ပိုင္းဆိုင္ရာအားထုတ္မႈက အျခားကစားသ မားေတြထက္ သာလြန္ေနတာေၾကာင့္ သူအေနနဲ႕ ေအာင္ျမင္မႈေတြကို ရရွိေနတာပဲ ျဖစ္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။