ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ သွင်းဂိုး ၇၅၀ ပြည့်မြောက်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒို


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဂျူဗင်တပ်ဟာ ဒိုင်နမိုကိဗ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရ ပြီး ဒီပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ စီရော်နယ်ဒိုကတော့ သူရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ သွင်းဂိုး ၇၅၀ မြောက်ကို သွင်းယူခဲ့နိုင်တာပဲ ဖြစ်ပါတယ်။ ဂျူဗင်တပ်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၂၁ မိနစ်မှာ ချီယေဆာ၊ ပွဲချိန် ၅၇ မိနစ်မှာ စီရော်နယ်ဒို နဲ့ ပွဲချိန် ၆၆ မိနစ်မှာ မိုရာတာတို့က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။


စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကစားသမားဘဝမှာ သွင်းဂိုး ၇၅ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ သွင်းဂိုးတွေကို ကြည့်မယ်ဆိုရင်တော့ နိုင်ငံလက်ရွေးစင်အသင်း အတွက် သွင်းဂိုး ၁၀၂ ဂိုးသွင်းယူပေးထားခဲ့နိုင်ပါတယ်။ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ကစားခဲ့တုန်းက သွင်းဂိုး ၁၁၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ရီးရဲလ်မှာ ၉ နှစ်တာကစားခဲ့တဲ့အချိန်အတွင်းမှာတော့ သွင်းဂိုး ၄၅၀ ဂိုး သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။


စီရော်နယ်ဒိုဟာ သူရဲ့ ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုးကိုလည်း လွန်ခဲ့တဲ့ ၁၃ နှစ် တုန်းက ဒိုင်နမိုကိဗ်နဲ့ ကစားခဲ့တဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘောလုံးလောကမှာ ကစားနေပြီး သွင်းဂိုး ၅၀၀ အထက် သွင်းယူနိုင်တဲ့ကစားသမား တွေထဲမှာ မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ အေဘရာဟီမိုဗစ်တို့နဲ့အတူ စီရော်နယ်ဒို ပါဝင်ခဲ့ပြီး သွင်းဂိုး ၇၀၀ အထက် သွင်းယူ နိုင်တဲ့သူအဖြစ်တော့ မက်ဆီနဲ့ အတူ နှစ်ယောက်တည်း ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

zawgyi version

ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝ သြင္းဂိုး ၇၅၀ ျပည့္ေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒို
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြမွာ ဂ်ဴဗင္တပ္ဟာ ဒိုင္နမိုကိဗ္ကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရ ၿပီး ဒီပြဲမွာ အႏိုင္ဂိုးတစ္ဂိုးသြင္းယူေပးခဲ့တဲ့ စီေရာ္နယ္ဒိုကေတာ့ သူရဲ႕ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝ သြင္းဂိုး ၇၅၀ ေျမာက္ကို သြင္းယူခဲ့ႏိုင္တာပဲ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္အတြက္ အႏိုင္ဂိုးေတြကိုေတာ့ ပြဲခ်ိန္ ၂၁ မိနစ္မွာ ခ်ီေယဆာ၊ ပြဲခ်ိန္ ၅၇ မိနစ္မွာ စီေရာ္နယ္ဒို နဲ႔ ပြဲခ်ိန္ ၆၆ မိနစ္မွာ မိုရာတာတို႔က သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္အသင္းကစားသမားဘဝမွာ သြင္းဂိုး ၇၅ ဂိုးေျမာက္ကို သြင္းယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝ သြင္းဂိုးေတြကို ၾကည့္မယ္ဆိုရင္ေတာ့ ႏိုင္ငံလက္ေရြးစင္အသင္း အတြက္ သြင္းဂိုး ၁၀၂ ဂိုးသြင္းယူေပးထားခဲ့ႏိုင္ပါတယ္။ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ယူႏိုက္တက္မွာ ကစားခဲ့တုန္းက သြင္းဂိုး ၁၁၈ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ရီးရဲလ္မွာ ၉ ႏွစ္တာကစားခဲ့တဲ့အခ်ိန္အတြင္းမွာေတာ့ သြင္းဂိုး ၄၅၀ ဂိုး သြင္းယူေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။
စီေရာ္နယ္ဒိုဟာ သူရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္သြင္းဂိုးကိုလည္း လြန္ခဲ့တဲ့ ၁၃ ႏွစ္ တုန္းက ဒိုင္နမိုကိဗ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိေဘာလံုးေလာကမွာ ကစားေနၿပီး သြင္းဂိုး ၅၀၀ အထက္ သြင္းယူႏိုင္တဲ့ကစားသမား ေတြထဲမွာ မက္ဆီ၊ လီဝန္ေဒါစကီးနဲ႔ ေအဘရာဟီမိုဗစ္တို႔နဲ႔အတူ စီေရာ္နယ္ဒို ပါဝင္ခဲ့ၿပီး သြင္းဂိုး ၇၀၀ အထက္ သြင္းယူ ႏိုင္တဲ့သူအျဖစ္ေတာ့ မက္ဆီနဲ႔ အတူ ႏွစ္ေယာက္တည္း ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။