ဒေါ့မွန်အသင်းကို ယုံကြည်ချက် အပြည့်နဲ့ ရင်ဆိုင်သွားမယ်လို့ ဆိုလိုက်တဲ့ လာဇီယိုနည်းပြ အင်ဇာဂီ

လာဇီယိုနည်းပြ ဆင်မြွန်နီ အင်ဇာဂီက ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို အနိုင်ရဖို့ ယုံကြည်ချက်အပြည့်နဲ့ ကစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ သူတို့ (၂) သင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်တစ်ဆင့်ကို တက်ရောက်နိုင်ရေးအတွက် ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ဟာ အရမ်းကောင်းတဲ့ အောင်မြင်မှုကို ရဖို့ နီးစပ်နေတာကို သိပါတယ်။ ဒါပေမယ့် ကစားဖို့ (၂) ပွဲကျန်ပါသေးတယ်၊ ကျွန်တော်တို့ မပြီးသေးပါဘူး။

မနက်ဖြန်မှာ အရေးပါတဲ့ ပွဲတစ်ပွဲကို ကစားဖို့ ရှိပါတယ်။ တစ်သင်းက ဥရောပက အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆) သင်း နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ခြေလှမ်းမှန်နဲ့ လှမ်းထားပါတယ်။ အူဒီးနီးစ်အသင်းကို တနင်္ဂနွေနေ့က စီးရီးအေမှာ ရှုံးခဲ့တာက အနည်းငယ်ဆိုးရွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှုံးပွဲက တွေ့နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ မာနကြောင့် ပေးဆပ်ခဲ့ရတာပါ။ ပွဲကို သေချာစီစစ်ပြီး ချက်ခြင်းပြန်လည်တည်ဆောက်ရပါတယ်။ ပြီးခဲ့တဲ့ (၄) ၊ (၅) နှစ်ကတည်းက ချန်ပီယံလိဂ်ကို ပြန်လာနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ။ အခု ဒီမှာကစားဖို့ ကျွန်တော်တို့ အကောင်းဆုံးအရည်အသွေးတွေ ရှိနေပါတယ်” လို့ အင်ဇာဂီက ပြောသွားခဲ့ပါတယ်။




