စီးရီးအေက ဘွန်ဒက်စ်လီဂါထက် ပိုပြီး ခက်ခဲကြမ်းတမ်းတယ်လို့ ညာနောက်ခံလူဟာကီမီကို သတိပေးလိုက်တဲ့ အင်တာမီလန်နည်းပြ ကွန်တီ

အင်တာမီလန်နည်းပြ ကွန်တီက မိုချန်ဂလာဘတ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်မီ ညာနောက်ခံလူ ဟာကီမီကို ခြေစွမ်းပြစေချင်နေတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ စနေနေ့က ဆာဆူအိုလိုအသင်းနဲ့ ပွဲကို ဟာကီမီဟာ လွဲချော်ခဲ့ပေမယ့် မနက်ဖြန် ဂျာမနီမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲ၌ ပါဝင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အင်တာမီလန်နည်းပြ ကွန်တီက “ ဟာကီမီနဲ့ ပတ်သက်ပြီး ရာသီအစက ကျွန်တော်ဘာပြောခဲ့သလဲ ပြန်သွားကြည့်လိုက်ပါ။ ကျွန်တော်အခု ကျွန်တော့်နေရာမှာ ရှိနေဆဲပါ။ သူ့မှာ အလားအလာရှိပေမယ့် သူအလုပ်အများကြီးလုပ်ဖို့ လိုပါတယ်။ အီတလီမှာက ဂျာမနီနဲ့ ပရီးမီးယားလိဂ်မှာထက် ဖိအားတွေ ၊ မျှော်လင့်ချက်တွေနဲ့ တောင်းဆိုတာတွေ ပိုများပါတယ်။

အထူးသဖြင့် အင်တာမီလန်လို အသင်းမျိုးမှာပေါ့။ သူဟာ ငယ်သေးပြီး အလားအလာရှိတဲ့ကောင်လေးပါ။ ဒါပေမယ့် မတူညီတဲ့ ဖိအားတွေရှိတယ်ဆိုတာကို သိဖို့ အလုပ်ကြိုးစားရပါမယ်။ မနက်ဖြန်ကစားမယ့်ပွဲမှာ ကိုလာရော့ဗ်၊ ဟာကီမီ နဲ့ ဗီဒယ်တို့ ပြန်လည်ပါဝင်ကစားသွားမှာပါ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

စီးရီးေအက ဘြန္ဒက္စ္လီဂါထက္ ပိုၿပီး ခက္ခဲၾကမ္းတမ္းတယ္လို႔ ညာေနာက္ခံလူဟာကီမီကို သတိေပးလိုက္တဲ့ အင္တာမီလန္နည္းျပ ကြန္တီ

အင္တာမီလန္နည္းျပ ကြန္တီက မိုခ်န္ဂလာဘတ္နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမတိုင္မီ ညာေနာက္ခံလူ ဟာကီမီကို ေျခစြမ္းျပေစခ်င္ေနတယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။ စေနေန႔က ဆာဆူအိုလိုအသင္းနဲ႔ ပြဲကို ဟာကီမီဟာ လြဲေခ်ာ္ခဲ့ေပမယ့္ မနက္ျဖန္ ဂ်ာမနီမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲ၌ ပါ၀င္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

အင္တာမီလန္နည္းျပ ကြန္တီက “ ဟာကီမီနဲ႔ ပတ္သက္ၿပီး ရာသီအစက ကၽြန္ေတာ္ဘာေျပာခဲ့သလဲ ျပန္သြားၾကည့္လိုက္ပါ။ ကၽြန္ေတာ္အခု ကၽြန္ေတာ့္ေနရာမွာ ရွိေနဆဲပါ။ သူ႔မွာ အလားအလာရွိေပမယ့္ သူအလုပ္အမ်ားႀကီးလုပ္ဖို႔ လိုပါတယ္။ အီတလီမွာက ဂ်ာမနီနဲ႔ ပရီးမီးယားလိဂ္မွာထက္ ဖိအားေတြ ၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေတာင္းဆိုတာေတြ ပိုမ်ားပါတယ္။

အထူးသျဖင့္ အင္တာမီလန္လို အသင္းမ်ိဳးမွာေပါ့။ သူဟာ ငယ္ေသးၿပီး အလားအလာရွိတဲ့ေကာင္ေလးပါ။ ဒါေပမယ့္ မတူညီတဲ့ ဖိအားေတြရွိတယ္ဆိုတာကို သိဖို႔ အလုပ္ႀကိဳးစားရပါမယ္။ မနက္ျဖန္ကစားမယ့္ပြဲမွာ ကိုလာေရာ့ဗ္၊ ဟာကီမီ နဲ႔ ဗီဒယ္တို႔ ျပန္လည္ပါ၀င္ကစားသြားမွာပါ” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။