အီဘရာဟီမိုဗစ်က လွန်ခဲ့တဲ့ (၁၀) နှစ်ကထက် ပိုပြီးသန်မာ နေတယ်လို့ ဆိုလိုက်တဲ့ နာပိုလီ နည်းပြ ဂတ်တူဆို

နာပိုလီ နည်းပြ ဂတ်တူဆိုက သူ့အသင်းဖော်ဟောင်းဖြစ်တဲ့ လက်ရှိ အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြီးခဲ့တဲ့ (၁၀) နှစ်ကထက် ပိုပြီး သန်မာလာတယ်လို့ တနင်္ဂနွေနေ့က သူ့အသင်းဘက်ကို (၂) ဂိုးသွင်းခဲ့ပြီးနောက်ပြောသွားခဲ့တာဖြစ်ပါတယ်။ ဆွီဒင်တိုက်စစ်မှူးဟာ အေစီမီလန်အသင်း (၃-၁) နဲ့ နာပိုလီကို အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်စေခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ အသက် ၄၀ နား ကပ်နေပြီဖြစ်သော်လည်း အမှတ်ပေးလိဂ် (၆) ပွဲကစားပြီးချိန်မှာ (၁၀) ဂိုးအထိ သွင်းပေးထားသူ ဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီက မေဂျာလိဂ်ကနေ ထွက်ခွာခဲ့ပြီး အေစီမီလန်ကို ပူးပေါင်းခဲ့ပြီး ဆက်လက်စွမ်းဆောင်နိုင်ဆဲ ဆိုတာကို ပြသနေပါတယ်။

အီဘရာဟီမိုဗစ်နဲ့ အေစီမီလန်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၂ အထိ အတူတူ တွဲကစားခဲ့ဖူးတဲ့ ဂတ်တူဆိုက အီဘရာဟီမိုဗစ်ရဲ့ ယုံကြည်မှုအပြည့်ရှိနေတဲ့အပေါ် မအံ့သြဘူးလို့ ပြောခဲ့ပြီး လွန်ခဲ့တဲ့ (၁၀) (၁၂) နှစ်ကထက် ပိုပြီး သန်မာလာတယ်လို့ ပြောသွားခဲ့ပါတယ်။

“အေစီမီလန်အသင်းက အီဘရာကို ယုံကြည်ခဲ့ပါတယ်။ သူတို့လုပ်တဲ့အရာအပေါ်ကို (၁၀၀) ရာနှုန်းပြည့် ယုံကြည်ထားပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၁၀) နှစ် (၁၂) နှစ်ကထက် ပိုပြီး သန်မာလာတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဂတ်တူဆိုက အီတလီက စကိုင်းစပေါ့သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ္က လြန္ခဲ့တဲ့ (၁၀) ႏွစ္ကထက္ ပိုၿပီးသန္မာ ေနတယ္လို႔ ဆိုလိုက္တဲ့ နာပိုလီ နည္းျပ ဂတ္တူဆို

နာပိုလီ နည္းျပ ဂတ္တူဆိုက သူ႔အသင္းေဖာ္ေဟာင္းျဖစ္တဲ့ လက္ရွိ ေအစီမီလန္တိုက္စစ္မွဴး အီဘရာဟီမိုဗစ္က ၿပီးခဲ့တဲ့ (၁၀) ႏွစ္ကထက္ ပိုၿပီး သန္မာလာတယ္လို႔ တနဂၤေႏြေန႔က သူ႔အသင္းဘက္ကို (၂) ဂိုးသြင္းခဲ့ၿပီးေနာက္ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဆြီဒင္တိုက္စစ္မွဴးဟာ ေအစီမီလန္အသင္း (၃-၁) နဲ႔ နာပိုလီကို အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး အသင္းကို အမွတ္ေပးဇယား ထိပ္ဆံုးမွာ ဆက္လက္ရပ္တည္ေစခဲ့ပါတယ္။ အီဘရာဟီမိုဗစ္ဟာ အသက္ ၄၀ နား ကပ္ေနၿပီျဖစ္ေသာ္လည္း အမွတ္ေပးလိဂ္ (၆) ပြဲကစားၿပီးခ်ိန္မွာ (၁၀) ဂိုးအထိ သြင္းေပးထားသူ ျဖစ္ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေမဂ်ာလိဂ္ကေန ထြက္ခြာခဲ့ၿပီး ေအစီမီလန္ကို ပူးေပါင္းခဲ့ၿပီး ဆက္လက္စြမ္းေဆာင္ႏိုင္ဆဲ ဆိုတာကို ျပသေနပါတယ္။ အီဘရာဟီမိုဗစ္နဲ႔ ေအစီမီလန္အသင္းမွာ ၂၀၁၀ ကေန ၂၀၁၂ အထိ အတူတူ တြဲကစားခဲ့ဖူးတဲ့ ဂတ္တူဆိုက အီဘရာဟီမိုဗစ္ရဲ႕ ယံုၾကည္မႈအျပည့္ရွိေနတဲ့အေပၚ မအံ့ၾသဘူးလို႔ ေျပာခဲ့ၿပီး လြန္ခဲ့တဲ့ (၁၀) (၁၂) ႏွစ္ကထက္ ပိုၿပီး သန္မာလာတယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ေအစီမီလန္အသင္းက အီဘရာကို ယံုၾကည္ခဲ့ပါတယ္။ သူတို႔လုပ္တဲ့အရာအေပၚကို (၁၀၀) ရာႏႈန္းျပည့္ ယံုၾကည္ထားပါတယ္။ သူဟာ လြန္ခဲ့တဲ့ (၁၀) ႏွစ္ (၁၂) ႏွစ္ကထက္ ပိုၿပီး သန္မာလာတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ ဂတ္တူဆိုက အီတလီက စကိုင္းစေပါ့သတင္းဌာနကို ေျပာခဲ့တာ ျဖစ္ပါတယ္။