ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကောလဟာလ သတင်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ

ဂျူဗင်တပ်စ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယိုပါရက်တီစီက ရော်နယ်ဒို ရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆန်သွားခဲ့ပါတယ်။ ၂၀၂၂ နွေရာသီမှ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာစေမယ့် အစား အသင်းကနေ ရောင်းချရန် စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဘဏ္ဍာရေးထိခိုက်ဆုံးရှုံးမှုတွေရှိထားပြီး သူ့ရဲ့ မြင့်မားတဲ့ လစာကြောင့် စီးရီးအေ လက်ရှိ ချန်ပီယံအသင်းက ရောင်းချရန် စဉ်းစားနေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုကို ရောင်းချဖြစ်ပါက ပီအက်စ်ဂျီအသင်းက ဝယ်ယူရန် စိတ်ဝင်စားနေပြီး အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့လည်း သတင်းထွက်ပေါ်နေတာဖြစ်ပါတယ်။ သို့သော်လည်း ပါရတ်တီစီက ရော်နယ်ဒိုဟာ သူ့ရဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်အချိန်အထိ ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

“သူ့အနာဂတ်က ကျွန်တော်တို့နဲ့ အတူ ရှိနေပါတယ်။ ဒါကို ကျွန်တော်သေချာပြောနိုင်ပါတယ်။ နေ့တိုင်းမှာတော့ ကစားသမားတွေရဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေတာပါပဲ။ မတူညီတဲ့ အသင်းမျိုးစုံနဲ့ သတင်းတွေက ထွက်ပေါ်နေတယ်။ ကျွန်တော်တို့ကတော့ အဲ့ဒါတွေကို အာရုံမစိုက်ဖြစ်ပါဘူး” လို့ ပါရက်တီစီ က စနေနေ့က ပြောသွားခဲ့တာဖြစ်ပါတယ်။

ေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕ေကာလဟာလ သတင္းေတြနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းအားကစားဒါ႐ိုက္တာ

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ေဖဘီယိုပါရက္တီစီက ေရာ္နယ္ဒို ရဲ႕ အေျပာင္းအေရႊ႕သတင္းေတြနဲ႔ ပတ္သက္ၿပီး ျငင္းဆန္သြားခဲ့ပါတယ္။ ၂၀၂၂ ေႏြရာသီမွ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ အသက္ ၃၅ ႏွစ္အရြယ္ ေရာ္နယ္ဒိုကို ဂ်ဴဗင္တပ္စ္အသင္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာေစမယ့္ အစား အသင္းကေန ေရာင္းခ်ရန္ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ဘ႑ာေရးထိခိုက္ဆံုးရႈံးမႈေတြရွိထားၿပီး သူ႔ရဲ႕ ျမင့္မားတဲ့ လစာေၾကာင့္ စီးရီးေအ လက္ရွိ ခ်န္ပီယံအသင္းက ေရာင္းခ်ရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုကို ေရာင္းခ်ျဖစ္ပါက ပီအက္စ္ဂ်ီအသင္းက ၀ယ္ယူရန္ စိတ္၀င္စားေနၿပီး အသင္းေဟာငး္ ရီးရဲလ္မက္ဒရစ္နဲ႔လည္း သတင္းထြက္ေပၚေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း ပါရတ္တီစီက ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္း မကုန္ဆံုးခင္အခ်ိန္အထိ ဘယ္ကိုမွ ထြက္သြားမွာ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။

“သူ႔အနာဂတ္က ကၽြန္ေတာ္တို႔နဲ႔ အတူ ရွိေနပါတယ္။ ဒါကို ကၽြန္ေတာ္ေသခ်ာေျပာႏိုင္ပါတယ္။ ေန႔တိုင္းမွာေတာ့ ကစားသမားေတြရဲ႕ အေျပာင္းအေရႊ႕ ေကာလဟာလေတြ ထြက္ေပၚေနတာပါပဲ။ မတူညီတဲ့ အသင္းမ်ိဳးစံုနဲ႔ သတင္းေတြက ထြက္ေပၚေနတယ္။ ကၽြန္ေတာ္တို႔ကေတာ့ အဲ့ဒါေတြကို အာရံုမစိုက္ျဖစ္ပါဘူး” လို႔ ပါရက္တီစီ က စေနေန႔က ေျပာသြားခဲ့တာျဖစ္ပါတယ္။