ရော်နယ်ဒိုက ကျွန်တော့်ထက် ပိုမြန်တယ်လို့ ဆိုလိုက်တဲ့ ကမ္ဘာ့အမြန်ဆုံး အပြေးသမား အူစိန်ဘော့

ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ်စံချိန်တင်ထားတဲ့ အိုလံပစ်ဆု (၈) ကြိမ် ရရှိထားတဲ့ အူစိန်ဘော့က ဘောလွန်းဒီအောဆု (၅) ကြိမ်ရထားတဲ့ ဘောလုံးသမား ရော်နယ်ဒိုက သူ့ထက်ပိုမြန်တယ်လို့ ခံစားနေရပါတယ်။ ဂျူဗင်တပ်စ် နဲ့ ပေါ်တူဂီ ကြယ်ပွင့် ရော်နယ်ဒိုဟာ လက်ရှိမှာ သူ့ထက်ပိုမြန်မြန်ပြေးနိုင်တယ်လို့ အူစိန်ဘော့က ပြောခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကတည်းက အူစိန်ဘော့ဟာ အပြေးသမားဘဝကနေ အနားယူသွားခဲ့ပေမယ့် သူ့ရဲ့ ကမ္ဘာ့စံချိန်တွေကို ယခုအချိန်အထိ ပိုင်ဆိုင်ထားနေဆဲဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ကစားသမားဟာ မီတာ ၁၀၀ကို ၉.၅၈ စက္ကန့်နဲ့ ၂၀၀၉ ကမ္ဘာ့ချန်ပီယံရှစ်တုန်းက စံချိန်တင်ထားခဲ့သူဖြစ်ပြီး မီတာ ၂၀၀ ကိုလည်း ၁၉.၁၉ စက္ကန့်နဲ့ ပြီးခဲ့တဲ့ (၁၁) နှစ်က ဂျာမနီမှာ စံချိန်တင်ထားခဲ့သူပါ။ သို့သော်လည်း အူစိန်ဘော့က လက်ရှိမှာ ဘောလွန်းဒီအောဆု (၅) ကြိမ် ရ ထားတဲ့ ရော်နယ်ဒိုက သူ့ထက် ပိုမြန်မြန်ပြေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

“သေချာတာပေါ့ ရော်နယ်ဒိုက ကျွန်တော့်ထက် ပိုမြန်မှာပါ။ သူဟာ နေ့တိုင်း အလုပ်ကြိုးစားသူပါ။သူဟာ ထူးခြားတဲ့ အားကစားသမား တစ်ယောက်ပါ။ သူဟာ အမြဲတမ်း ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ သူဟာ အလုပ်ကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကြိုးစားသူပါ။ အခုလက်ရှိမှာတော့ သူဟာ ကျွန်တေ်ာ့ထက် သေချာပေါက် ပိုမြန်သူပါ” လို့ ယူနိုက်တက် ပရိသတ်ဖြစ်တဲ့ အူစိန်ဘော့က ပြောသွားခဲ့တာဖြစ်ပါတယ်။

ေရာ္နယ္ဒိုက ကၽြန္ေတာ့္ထက္ ပိုျမန္တယ္လို႔ ဆုိလုိက္တဲ့ ကမာၻ႕အျမန္ဆံုး အေျပးသမား အူစိန္ေဘာ့

ကမာၻ႕အျမန္ဆံုး လူသားအျဖစ္စံခ်ိန္တင္ထားတဲ့ အိုလံပစ္ဆု (၈) ၾကိမ္ ရရွိထားတဲ့ အူစိန္ေဘာ့က ေဘာလြန္းဒီေအာဆု (၅) ၾကိမ္ရထားတဲ့ ေဘာလံုးသမား ေရာ္နယ္ဒိုက သူ႔ထက္ပိုျမန္တယ္လို႔ ခံစားေနရပါတယ္။ ဂ်ဴဗင္တပ္စ္ နဲ႔ ေပၚတူဂီ ၾကယ္ပြင့္ ေရာ္နယ္ဒိုဟာ လက္ရွိမွာ သူ႔ထက္ပိုျမန္ျမန္ေျပးႏိုင္တယ္လို႔ အူစိန္ေဘာ့က ေျပာခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ကတည္းက အူစိန္ေဘာ့ဟာ အေျပးသမားဘ၀ကေန အနားယူသြားခဲ့ေပမယ့္ သူ႔ရဲ႕ ကမာၻ႕စံခ်ိန္ေတြကို ယခုအခ်ိန္အထိ ပိုင္ဆိုင္ထားေနဆဲျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ကစားသမားဟာ မီတာ ၁၀၀ကို ၉.၅၈ စကၠန္႔နဲ႔ ၂၀၀၉ ကမာၻ႕ခ်န္ပီယံရွစ္တုန္းက စံခ်ိန္တင္ထားခဲ့သူျဖစ္ျပီး မီတာ ၂၀၀ ကိုလည္း ၁၉.၁၉ စကၠန္႔နဲ႔ ျပီးခဲ့တဲ့ (၁၁) ႏွစ္က ဂ်ာမနီမွာ စံခ်ိန္တင္ထားခဲ့သူပါ။  သို႔ေသာ္လည္း အူစိန္ေဘာ့က လက္ရွိမွာ ေဘာလြန္းဒီေအာဆု (၅) ၾကိမ္ ရ ထားတဲ့ ေရာ္နယ္ဒိုက သူ႔ထက္ ပိုျမန္ျမန္ေျပးႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။

“ေသခ်ာတာေပါ့ ေရာ္နယ္ဒိုက ကၽြန္ေတာ့္ထက္ ပိုျမန္မွာပါ။ သူဟာ ေန႔တိုင္း အလုပ္ၾကိဳးစားသူပါ။သူဟာ ထူးျခားတဲ့ အားကစားသမား တစ္ေယာက္ပါ။ သူဟာ အျမဲတမ္း ထိပ္ဆံုးေနရာမွာ ရပ္တည္ေနပါတယ္။ သူဟာ အလုပ္ကို အာရံုစူးစိုက္မႈ အျပည့္နဲ႔ ၾကိဳးစားသူပါ။ အခုလက္ရွိမွာေတာ့ သူဟာ ကၽြန္ေတ္ာ့ထက္ ေသခ်ာေပါက္ ပိုျမန္သူပါ” လို႔ ယူႏိုက္တက္ ပရိသတ္ျဖစ္တဲ့ အူစိန္ေဘာ့က ေျပာသြားခဲ့တာျဖစ္ပါတယ္။