တစ်ကိုယ်ကောင်းလည်းဆန် ၊ လစာလည်း များနေတဲ့ ရော်နယ်ဒိုနဲ့ လမ်းခွဲချင်နေတဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ လမ်းခွဲချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပေါ်တူဂီ စူပါကြယ်ပွင့်ဟာ တူရင်မှာ ကစားနေတဲ့ (၂) နှစ်ခွဲအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၉၅) ပွဲကစားထားပြီး (၇၁) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

သို့သော်လည်း သတင်းများအရ အသင်းအကြီးအကဲတွေဟာ အသက် ၃၅ နှစ်အရွယ်ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းကို ထပ်မံ တိုးသွားရန် ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အီတလီစီးရီးအေ ချန်ပီယံအသင်းဟာ ရော်နယ်ဒိုရဲ့ လစာကို လျော့ချပြီး အသင်းရဲ့ ဘဏ္ဍာရေးကို ပြန်လည်ထိန်းညှိချင်နေတာလည်း ဖြစ်ပါတယ်။

တိုက်စစ်ကစားသမားဟာ အသင်းရဲ့ လစာအများဆုံးရရှိနေတဲ့ ကစားသမား (၅) ယောက်ထက်တောင် ပိုရနေတယ်လို့ သိရပါတယ်။ ၂၀၂၁ မှာ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ရော်နယ်ဒိုကို မရောင်းချနိုင်ပါက ကစားသမားဟာ စီးရီးအေ ချန်ပီယံအသင်းဆီကနေ အလွတ်ပြောင်းရွှေ့ခွင့်ရမှာ ဖြစ်ပါတယ်။

တစ္ကုိယ္ေကာင္းလည္းဆန္ ၊ လစာလည္း မ်ားေနတဲ့ ေရာ္နယ္ဒိုနဲ႔ လမ္းခြဲခ်င္ေနတဲ့ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ အသင္းရဲ႕ တိုက္စစ္မွဴး ေရာ္နယ္ဒိုနဲ႔ လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႕မွာ လမ္းခြဲခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ေပၚတူဂီ စူပါၾကယ္ပြင့္ဟာ တူရင္မွာ ကစားေနတဲ့ (၂) ႏွစ္ခြဲအတြင္း အသင္းအတြက္ ျပိဳင္ပြဲစံု (၉၅) ပြဲကစားထားျပီး (၇၁) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။

သို႔ေသာ္လည္း သတင္းမ်ားအရ အသင္းအၾကီးအကဲေတြဟာ အသက္ ၃၅ ႏွစ္အရြယ္ကစားသမားရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းကို ထပ္မံ တိုးသြားရန္ ဆႏၵမရွိဘူးလို႔ သိရပါတယ္။ အီတလီစီးရီးေအ ခ်န္ပီယံအသင္းဟာ ေရာ္နယ္ဒိုရဲ႕ လစာကို ေလ်ာ့ခ်ျပီး အသင္းရဲ႕ ဘ႑ာေရးကို ျပန္လည္ထိန္းညွိခ်င္ေနတာလည္း ျဖစ္ပါတယ္။

တိုက္စစ္ကစားသမားဟာ အသင္းရဲ႕ လစာအမ်ားဆံုးရရွိေနတဲ့ ကစားသမား (၅) ေယာက္ထက္ေတာင္ ပိုရေနတယ္လို႔ သိရပါတယ္။ ၂၀၂၁ မွာ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ေရာ္နယ္ဒိုကို မေရာင္းခ်ႏိုင္ပါက ကစားသမားဟာ စီးရီးေအ ခ်န္ပီယံအသင္းဆီကေန အလြတ္ေျပာင္းေရႊ႕ခြင့္ရမွာ ျဖစ္ပါတယ္။