လာဇီယိုနဲ့ပွဲမှာ စီရော်နယ်ဒိုအနေနဲ့ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့တဲ့ ဂျူဗင်တပ်နည်းပြ ပီယာလို


ဂျူဗင်တပ်အသင်းနည်းပြ ပီယာလိုက လာဇီယိုနဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ ခြေချင်းဝတ် မှာ ဒဏ်ရာရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ လာဇီယိုနဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် ဦး ဆောင်ဂိုးကို သွင်းယူခဲ့ပေမယ့် ပွဲပြီးခါနီး ၁၅ မိနစ်အလိုမှာတော့ ခြေချင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် နောက်ထပ် တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာနဲ့ လူစားလဲခဲ့ရတာပဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ပီယာလိုက “ စီရော်နယ်ဒိုက အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အခြား ကစားသမားတွေကလည်း အကောင်းဆုံးကစားနိုင်ပါတယ်။ စီရော်နယ်ဒိုက လာဇီယိုနဲ့ ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ လာဇီယိကို ပွဲပြီးခါနီးအထိ ဦးဆောင်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပို လာဇီ ယိုတိုက်စစ်မှူး ကိုင်ဆီဒိုရဲ့သွင်းဂိုးကြောင့် တစ်ဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။


လာဇီယိုနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့လည်း ပီယာလိုက “ အကောင်းဆုံးပွဲစဉ်တစ်ပွဲကို ကစားခဲ့ရ တာပါ။ ပွဲပြီးခါနီး နောက်ဆုံးစက္ကန့်ပိုင်းကို အသင်းအနေနဲ့ အကောင်းဆုံးမထိန်းချုပ်နိုင်ခဲ့လို့သာ အနိုင်ရမယ့်အခွင့်အရေး လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အသင်းသားတွေအနေနဲ့လည်း အကောင်းဆုံးလုပ် ဆောင်နိုင်ခဲ့တာကြောင့် ပွဲရလဒ်အ တွက်တော့ ကျေနပ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

zawgyi version

လာဇီယိုနဲ႔ပြဲမွာ စီေရာ္နယ္ဒိုအေနနဲ႔ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့ေၾကာင္း အတည္ျပဳခဲ့တဲ့ ဂ်ဴဗင္တပ္နည္းျပ ပီယာလို
ဂ်ဴဗင္တပ္အသင္းနည္းျပ ပီယာလိုက လာဇီယိုနဲ႔တစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ တိုက္စစ္မွဴး စီေရာ္နယ္ဒိုအေနနဲ႔ ေျခခ်င္းဝတ္ မွာ ဒဏ္ရာရရွိခဲ့ေၾကာင္းကို အတည္ျပဳေျပာၾကားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ လာဇီယိုနဲ႔ကစားခဲ့တဲ့ပြဲမွာ အသင္းအတြက္ ဦး ေဆာင္ဂိုးကို သြင္းယူခဲ့ေပမယ့္ ပြဲၿပီးခါနီး ၁၅ မိနစ္အလိုမွာေတာ့ ေျခခ်င္းဝတ္မွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေနာက္ထပ္ တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဒိုင္ဘာလာနဲ႔ လူစားလဲခဲ့ရတာပဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ပီယာလိုက “ စီေရာ္နယ္ဒိုက အသင္းအတြက္အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ အျခား ကစားသမားေတြကလည္း အေကာင္းဆံုးကစားႏိုင္ပါတယ္။ စီေရာ္နယ္ဒိုက လာဇီယိုနဲ႔ ပြဲမွာ ေျခခ်င္းဝတ္ဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။ ဂ်ဴဗင္တပ္ဟာ လာဇီယိကို ပြဲၿပီးခါနီးအထိ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပို လာဇီ ယိုတိုက္စစ္မွဴး ကိုင္ဆီဒိုရဲ႕သြင္းဂိုးေၾကာင့္ တစ္ဂိုးစီသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။
လာဇီယိုနဲ႔ တစ္ဂိုးစီသေရက်ခဲ့တဲ့ ပြဲရလဒ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ပီယာလိုက “ အေကာင္းဆံုးပြဲစဥ္တစ္ပြဲကို ကစားခဲ့ရ တာပါ။ ပြဲၿပီးခါနီး ေနာက္ဆံုးစကၠန္႔ပိုင္းကို အသင္းအေနနဲ႔ အေကာင္းဆံုးမထိန္းခ်ဳပ္ႏိုင္ခဲ့လို႔သာ အႏိုင္ရမယ့္အခြင့္အေရး လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။ အသင္းသားေတြအေနနဲ႔လည္း အေကာင္းဆံုးလုပ္ ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ပြဲရလဒ္အ တြက္ေတာ့ ေက်နပ္ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။