ဂျူဗင်တပ်စ်အသင်းကနေ ၂၀၂၂ ခုနှစ် ကုန်ရင် ထွက်ခွာဖွယ်ရှိနေတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၂၂ အလွန်မှာ လမ်းခွဲပြီး အခြားသော ဥရောပ ထိပ်သီးအသင်း တစ်သင်းဆိကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက ်၃၅ နှစ်အရွယ်ကစားသမားဟာ ၂၀၁၆ ခုနှစ်တုန်းက အသက် (၄၀) အရွယ်အထိ ဘောလုံးကစားမယ်လို့ ကြုံးဝါးခဲ့တာဖြစ်ပြီး သူ့ရဲ့ အီတလီကလပ်အသင်းနဲ့ စာချုပ်သက်တမ်းက (၂) နှစ်ပဲ ကျန်တော့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ အသင်းနဲ့ လမ်းခွဲဖွယ်ရှိတယ်လို့ Tuttosport သတင်းဌာနက အဆိုအရ သိရပါတယ်။ပြင်သစ်လီဂူး၁ ချန်ပီယံ ပီအက်စ်ဂျီအသင်းက ရော်နယ်ဒို အတွက် စိတ်ဝင်စားစရာ အသင်းဖြစ်ပေမယ့် အသက် ၄၀ အရွယ်အထိ ဥရောပ ထိပ်သီးလိဂ်မှာပဲ ကစားချင်တယ်လို့ ပြောခဲ့တဲ့အတွက် မေဂျာလိဂ် နဲ့ တရုတ်စူပါလိဂ်တို့ကတော့ မဖြစ်နိုင်ပါဘူး။

“ဒါက ကျွန်တော်လှုပ်ရှားမှု အပေါ်မူတည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာအရတော့ ပြဿနာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အကောင်းဆုံးနေထိုင်ဖို့ လိုပေမယ့် ဒါက အရေးအကြီးဆုံး အရာလို့မထင်ပါဘူး” လို့ ရော်နယ်ဒိုက မနှစ်က အနားယူမယ့်အကြောင်းနဲ့ ပတ်သက်ပြီး မာကာ သတင်းဌာနကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကလပ်ပွဲပေါင်း (၈၅၃) ပွဲကစားထားပြီး (၆၄၃) ဂိုးသွင်းကာ ယခုအချိန်အထိ နှေးကွေးတဲ့ လက္ခဏာကို ပြသခြင်းမရှိသေးပါဘူး။ ဘောလွန်းဒီအောဆု (၅) ကြိမ် ဆွတ်ခူးနိုင်ထားတဲ့ ရော်နယ်ဒိုဟာ ကိုဗစ်ကနေ ပြန်လည်သက်သာလာပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း အရန်ခုံကနေ (၂) ဂိုးသွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ဖာရန်ဗားရိုစ့်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။

ဂ်ဴဗင္တပ္စ္အသင္းကေန ၂၀၂၂ ခုႏွစ္ ကုန္ရင္ ထြက္ခြာဖြယ္ရွိေနတဲ့ ေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ၂၀၂၂ အလြန္မွာ လမ္းခြဲျပီး အျခားေသာ ဥေရာပ ထိပ္သီးအသင္း တစ္သင္းဆိကို ေျပာင္းေရႊ႕ႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက ္၃၅ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၆ ခုႏွစ္တုန္းက အသက္ (၄၀) အရြယ္အထိ ေဘာလံုးကစားမယ္လို႔ ၾကံဳး၀ါးခဲ့တာျဖစ္ျပီး သူ႔ရဲ႕ အီတလီကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက (၂) ႏွစ္ပဲ က်န္ေတာ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆံုးတာနဲ႔ အသင္းနဲ႔ လမ္းခြဲဖြယ္ရွိတယ္လို႔ Tuttosport သတင္းဌာနက အဆိုအရ သိရပါတယ္။ျပင္သစ္လီဂူး၁ ခ်န္ပီယံ ပီအက္စ္ဂ်ီအသင္းက ေရာ္နယ္ဒို အတြက္ စိတ္၀င္စားစရာ အသင္းျဖစ္ေပမယ့္ အသက္ ၄၀ အရြယ္အထိ ဥေရာပ ထိပ္သီးလိဂ္မွာပဲ ကစားခ်င္တယ္လို႔ ေျပာခဲ့တဲ့အတြက္ ေမဂ်ာလိဂ္ နဲ႔ တရုတ္စူပါလိဂ္တို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး။

“ဒါက ကၽြန္ေတာ္လႈပ္ရွားမႈ အေပၚမူတည္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၾကံ့ခိုင္မႈပိုင္းဆိုင္ရာအရေတာ့ ျပႆနာမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကို အေကာင္းဆံုးေနထိုင္ဖို႔ လိုေပမယ့္ ဒါက အေရးအၾကီးဆံုး အရာလို႕မထင္ပါဘူး” လို႔ ေရာ္နယ္ဒိုက မႏွစ္က အနားယူမယ့္အေၾကာင္းနဲ႔ ပတ္သက္ျပီး မာကာ သတင္းဌာနကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ကလပ္ပြဲေပါင္း (၈၅၃) ပြဲကစားထားျပီး (၆၄၃) ဂိုးသြင္းကာ ယခုအခ်ိန္အထိ ေနွးေကြးတဲ့ လကၡဏာကို ျပသျခင္းမရွိေသးပါဘူး။ ေဘာလြန္းဒီေအာဆု (၅) ၾကိမ္ ဆြတ္ခူးႏိုင္ထားတဲ့ ေရာ္နယ္ဒိုဟာ ကိုဗစ္ကေန ျပန္လည္သက္သာလာျပီးေနာက္ ေနာက္ဆံုးကစားခဲ့တဲ့ပြဲမွာလည္း အရန္ခံုကေန (၂) ဂိုးသြင္းယူေပးခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္အသင္းဟာ ဗုဒၶဟူးေန႔ညမွာ ဖာရန္ဗားရိုစ့္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ကစားရမွာ ျဖစ္ပါတယ္။