ကိုဗစ်-၁၉ ကူးစက်ခံထားရသော်လည်း ကြံ့ခိုင်မှု အပြည့်ဝရှိတယ်ဆိုတာကို ပြသသွားတဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုက ကိုဗစ်-၁၉ တတိယအကြိမ် ကူးစက်ခံထားရသော်လည်း ကြံ့ခိုင်မှု အပြည့်အဝရှိတယ်ဆိုတာကို ဘာစီလိုနာနဲ့ ပွဲပြီး နောက်တစ်နေ့မှာ ပရိသတ်တွေကို ပြသသွားခဲ့ပါတယ်။ အင်္ဂါနေ့မှာ နောက်တစ်ကြိမ် Positive ဖြစ်ခဲ့တဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက ပထမဆုံးကြိမ် Positive ဖြစ်ခဲ့သူပါ။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ရော်နယ်ဒိုဟာ ကျန်းမာပြီး ကြံ့ခိုင်မှု အပြည့်ရှိတယ်ဆိုတာကို ပရိသတ်တွေဆီကို ပြသွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းကတော့ မနေ့ညက ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အုပ်စုအဖွင့်ပွဲမှာတော့ ဒိုင်နမိုကိဗ်အသင်းကို အနိုင်ရထားပါတယ်။


