ချဲလ်ဆီ နဲ့ အေစီမီလန်တိုက်စစ်မှူးဟောင်း ပါတို ကို အံ့အားသင့်ဖွယ် ခေါ်ယူမယ့် ဘာမင်ဂမ်အသင်း

ဘာမင်ဂမ်စီးတီးအသင်းဟာ တိုက်စစ်မှူး ပါတိုကို ခေါ်ယူရန် ပြင်ဆင်နေတယ်လို့ အီတလီက သတင်းများ အရ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ သြဂုတ်လတုန်းက ဆာပေါ်လိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။ ယခုအီတလီသတင်းစာ က ဖော်ပြချက်အရ ဘာမင်ဂမ်အသင်းဟာ ချဲလ်ဆီး နဲ့ အေစီမီလန်တိုက်စစ်မှူးကို အင်္ဂလန်ကို ပြန်ခေါ်ယူရန် စဉ်းစားနေတယ်လို့ သိရပါတယ်။


သို့သော်လည်း ဘရာဇီးလက်ရွေးစင်ကစားသမားကို အီတလီက ဂျီနိုအာ နဲ့ စပက်ဇီယာအသင်းတို့ကလည်း စိတ်ဝင်စားနေသေးတယ်လို့ သိရပါတယ်။ ဘာမင်ဂမ်အသင်းဟာ ဒီရာသီ ချန်ပီယံရှစ်မှာ ကစားခဲ့တဲ့ (၇) ပွဲမှာ (၃) ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် (၁၇ )မှာ ရပ်တည်နေတာဖြစ်ပါတယ်။


အေစီမီလန်အသင်းမှာ (၆) နှစ်တာ ကစားခဲ့ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ ပါတိုဟာ အေစီမီလန်အသင်းအတွက် ပွဲ (၁၅၀) ကစားခဲ့ပြီး (၆၃) ဂိုးသွင်းပေးခဲ့ပါတယ်။အေစီမီလန်အသင်းက ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပါတိုရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းဆီ အငှားနဲ့ ကစားခဲ့တုန်းက (၆) လအတွင်း (၂) ပွဲသာ ကစားခဲ့ရပြီး (၁) ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် တရုတ်ကို ပြောင်းရွှေ့ခဲ့ပြီး တီယန်ကျင်း မှာ ပွဲ (၆၀) ကစားခဲ့ပြီး (၃၆) ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကစားပေးခဲ့ပြီး (၂၇) ပွဲကစားကာ (၁၀) ဂိုးသွင်းပေးခဲ့ပါတယ်။

ခ်ဲလ္ဆီ နဲ႔ ေအစီမီလန္တုိက္စစ္မွဴးေဟာင္း ပါတို ကို အံ့အားသင့္ဖြယ္ ေခၚယူမယ့္ ဘာမင္ဂမ္အသင္း

ဘာမင္ဂမ္စီးတီးအသင္းဟာ တိုက္စစ္မွဴး ပါတိုကို ေခၚယူရန္ ျပင္ဆင္ေနတယ္လို႔ အီတလီက သတင္းမ်ား အရ သိရပါတယ္။ အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ ၾသဂုတ္လတုန္းက ဆာေပၚလိုအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ျပီး ကတည္းက အသင္းလက္မဲ့ ျဖစ္ေနသူပါ။ ယခုအီတလီသတင္းစာ က ေဖာ္ျပခ်က္အရ ဘာမင္ဂမ္အသင္းဟာ ခ်ဲလ္ဆီး နဲ႔ ေအစီမီလန္တိုက္စစ္မွဴးကို အဂၤလန္ကို ျပန္ေခၚယူရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း ဘရာဇီးလက္ေရြးစင္ကစားသမားကို အီတလီက ဂ်ီႏိုအာ နဲ႔ စပက္ဇီယာအသင္းတို႔ကလည္း စိတ္၀င္စားေနေသးတယ္လို႔ သိရပါတယ္။ ဘာမင္ဂမ္အသင္းဟာ ဒီရာသီ ခ်န္ပီယံရွစ္မွာ ကစားခဲ့တဲ့ (၇) ပြဲမွာ (၃) ဂိုးသာ သြင္းယူထားႏိုင္ခဲ့ျပီး အမွတ္ေပးဇယား အဆင့္ (၁၇ )မွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ေအစီမီလန္အသင္းမွာ (၆) ႏွစ္တာ ကစားခဲ့ျပီး ကမာၻ႕ေဘာလံုးေလာကရဲ႕ စိတ္၀င္စားမႈကို ခံခဲ့ရတဲ့ ပါတုိဟာ ေအစီမီလန္အသင္းအတြက္ ပြဲ (၁၅၀) ကစားခဲ့ျပီး (၆၃) ဂိုးသြင္းေပးခဲ့ပါတယ္။ေအစီမီလန္အသင္းက ထြက္ခြာခဲ့ျပီးေနာက္ပိုင္း ပါတိုရဲ႕ ဂုဏ္သတင္းက တျဖည္းျဖည္း ေမွးမွိန္သြားခဲ့ရတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးအသင္းဆီ အငွားနဲ႔ ကစားခဲ့တုန္းက (၆) လအတြင္း (၂) ပြဲသာ ကစားခဲ့ရျပီး (၁) ဂိုးသာ သြင္းႏိုင္ခဲ့ပါတယ္။

အဲ့ဒီေနာက္ တရုတ္ကို ေျပာင္းေရႊ႕ခဲ့ျပီး တီယန္က်င္း မွာ ပြဲ (၆၀) ကစားခဲ့ျပီး (၃၆) ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၃၁ ႏွစ္အရြယ္ကစားသမားဟာ ဘရာဇီးလက္ေရြးစင္အသင္းအတြက္ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ ကစားေပးခဲ့ျပီး (၂၇) ပြဲကစားကာ (၁၀) ဂိုးသြင္းေပးခဲ့ပါတယ္။