စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အေစီမီလန်အသင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး (၅) ဦး စစ်ဆေးတွေ့ရှိ
အေစီမီလန်အသင်းက ဒွန်နာရူမာ နဲ့ ဟူဂီ တို့ အပါအဝင် ကစားသမား (၅) ယောက်အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ သူတို့ (၂) ယောက်စလုံးဟာ တနလာၤနေ့ ရိုးမားအသင်းနဲ့ ကစားမယ့်ပွဲကို လွဲချော်ရမှာဖြစ်ပြီး သီးသန့် နေထိုင်ရတော့မှာ ဖြစ်ပါတယ်။
အမည်မဖော်ပြခဲ့တဲ့ အခြားသော (၃) ယောက်ကိုလည်း အပြင်မှာပဲ သီးသန့်ထားရှိမယ်လို့ သိရပါတယ်။လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေစီမီလန်အသင်းဟာ တနင်္ဂနွေနေ့ညနေမှာ နောက်ဆုံး ဆေးစစ်တာလုပ်ခဲ့တာ ဖြစ်ပါတယ်။
အသင်းရဲ့ ထုတ်ပြန်ကြေညာချက်မှာ “အေစီမီလန်အသင်းက မနေ့က ညနေက စစ်ဆေးမှုမှာ ဒွန်နာရူမာ နဲ့ ဟူဂီအပြင် အခြားသော (၃) ယောက်တွေ့ရှိခဲ့တယ်လို့ အဖြေထွက်ခဲ့ပါတယ်။ သူတို့အားလုံးကို နေအိမ်မှာပဲ သီးသန့်နေထိုင်သွားရမှာဖြစ်ပြီး ဒေသ ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ဒီနေ့ အသင်းက အကုန်လုံးကို ထပ်စစ်ခဲ့ပေမယ့် ဘယ်သူ့မှာမှ ပိုးမတွေ့ပါဘူး” လို့ သိရပါတယ်။