ဗီရိုနာ နဲ့ ပွဲမှာ ဒီဘားလား ပွဲထွက်ကစားမှာဖြစ်ပြီး မိုရာတာ ဂိုးတွေသွင်းနေတာ မအံ့သြဘူးလို့ ဆိုလိုက်တဲ့ ဂျူဗင်တပ်စ်နည်းပြ ပီယာလို

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက မနက်ဖြန် ဗီရိုနာအသင်းနဲ့ ကစားမယ့်ပွဲမှာ ဒီဘားလား ပွဲထွက်ကစားမှာဖြစ်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂိုးတွေသွင်းနေတဲ့ မိုရာတာနဲ့ ပတ်သက်ပြီး မအံ့သြဘူးလို့ ပြောသွားခဲ့ပါတယ်။ “ဒိုင်နမိုကိဗ်နဲ့ ပွဲအပြီးမှာ ကျွန်တော်တို့ နားချိန်ရပါတယ်။ ချီလီနီကလွဲပြီး အားလုံးပါနိုင်မှာပါ” လို့ တနင်္ဂနွေနေ့ကစားမယ့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပီယာလိုက ပြောသွားခဲ့တာဖြစ်ပါတယ်။

မနေ့ညကအထိ ရော်နယ်ဒိုရဲ့ ကိုဗစ် သတင်းဘာမှ မကြားပါဘူး။ ကျွန်တော်တို့အားလုံးလည်း ဒီမနက်မှာ စစ်ဆေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အိမ်မှာစစ်တာပါ။ ဆန်ဒရိုလည်း အပြည့်အ၀ ပြန်လည်သက်သာလာပေမယ့် နိုင်ငံတကာပွဲတွေအပြီးမှာပဲ သူပြန်ကစားလို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီဘားလားကတော့ မနက်ဖြန် ပွဲထွက်မှာပါလို့ ကျွန်တော်အတည်ပြုနိုင်ပါတယ်။ လေ့ကျင့်ရေးမှာ သူတိုးတက်လာပါတယ်။

Ronaldo waiting on coronavirus test but remains unavailable for Juventus |  FOOTBALL News | Stadium Astro

ဒီပွဲကို သူပါမှ မျှတမှာပါ။ သူဟာ ဒဏ်ရာ ရရှိခဲ့ပြီးနောက် လက်ရွေးစင်အသင်းမှာ ဗိုင်းရပ်စ်ကူးခဲ့ပါတယ်။ ပြီးတော့ အရန်ခုံမှာ (၂) ပွဲထိုင်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ (၁၀) ယောက်ဖြစ်နေခဲ့လို့ပါ။ ဒိုင်နမိုကိဗ်နဲ့ ပွဲမှာ သူလူစားဝင်ကစားခဲ့ပါတယ်။ မနက်ဖြန်တော့ သူသေချာပေါက် ပွဲထွက်မှာပါ” လို့ ပီယာလိုက ထပ်ပြောသွားခဲ့ပါတယ်။

ဒီဘားလား နဲ့ ရော်နယ်ဒို မရှိချိန်မှာ မိုရာတာဟာ အကောင်းဆုံးခြေစွမ်းပြနေပြီး ခရိုတိုနီ ၊ ဒိုင်နမိုကိဗ်နဲ့(၂) ပွဲမှာ (၃) ဂိုးသွင်းထားခဲ့တာဖြစ်ပါတယ်။ “ဒါကြောင့် သူ့ကို ကျွန်တော်တို့ ခေါ်ယူခဲ့တာပါ။ သူဟာ ကျွန်တော်တို့ရဲ့ မတူညီတဲ့ နည်းစနစ်ပိုင်းမှာ အထောက်အပံ့ပေးမှု သူဆိုတာကျွန်တော်တို့ သိခဲ့ပါတယ်။ ဒီဘားလား နဲ့ သူနဲ့ အတူတူပွဲထွက်လာရင်လည်း သူတို့ အကောင်းဆုံးကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မိုရာတာနဲ့ ပတ်သက်ပြီး ထပ်မံ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဗီရိုနာ နဲ႔ ပြဲမွာ ဒီဘားလား ပြဲထြက္ကစားမွာျဖစ္ျပီး မိုရာတာ ဂိုးေတြသြင္းေနတာ မအံ့ၾသဘူးလို႔ ဆိုလိုက္တဲ့ ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလို

ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုက မနက္ျဖန္ ဗီရိုနာအသင္းနဲ႔ ကစားမယ့္ပြဲမွာ ဒီဘားလား ပြဲထြက္ကစားမွာျဖစ္ျပီး အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ဂိုးေတြသြင္းေနတဲ့ မိုရာတာနဲ႔ ပတ္သက္ျပီး မအံ့ၾသဘူးလို႔ ေျပာသြားခဲ့ပါတယ္။ “ဒိုင္နမိုကိဗ္နဲ႔ ပြဲအျပီးမွာ ကၽြန္ေတာ္တို႔ နားခ်ိန္ရပါတယ္။ ခ်ီလီနီကလြဲျပီး အားလံုးပါႏိုင္မွာပါ” လို႔ တနဂၤေႏြေန႔ကစားမယ့္ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ ပီယာလိုက ေျပာသြားခဲ့တာျဖစ္ပါတယ္။

မေန႔ညကအထိ ေရာ္နယ္ဒိုရဲ႕ ကိုဗစ္ သတင္းဘာမွ မၾကားပါဘူး။ ကၽြန္ေတာ္တို႔အားလံုးလည္း ဒီမနက္မွာ စစ္ေဆးခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ အိမ္မွာစစ္တာပါ။ ဆန္ဒရိုလည္း အျပည့္အ၀ ျပန္လည္သက္သာလာေပမယ့္ ႏိုင္ငံတကာပြဲေတြအျပီးမွာပဲ သူျပန္ကစားလို႔ရမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒီဘားလားကေတာ့ မနက္ျဖန္ ပြဲထြက္မွာပါလို႔ ကၽြန္ေတာ္အတည္ျပဳႏိုင္ပါတယ္။ ေလ့က်င့္ေရးမွာ သူတိုးတက္လာပါတယ္။

ဒီပြဲကို သူပါမွ မွ်တမွာပါ။ သူဟာ ဒဏ္ရာ ရရွိခဲ့ျပီးေနာက္ လက္ေရြးစင္အသင္းမွာ ဗိုင္းရပ္စ္ကူးခဲ့ပါတယ္။ ျပီးေတာ့ အရန္ခံုမွာ (၂) ပြဲထိုင္ခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ (၁၀) ေယာက္ျဖစ္ေနခဲ့လို႔ပါ။ ဒိုင္နမိုကိဗ္နဲ႔ ပြဲမွာ သူလူစား၀င္ကစားခဲ့ပါတယ္။ မနက္ျဖန္ေတာ့ သူေသခ်ာေပါက္ ပြဲထြက္မွာပါ” လို႔ ပီယာလိုက ထပ္ေျပာသြားခဲ့ပါတယ္။

ဒီဘားလား နဲ႔ ေရာ္နယ္ဒို မရွိခ်ိန္မွာ မိုရာတာဟာ အေကာင္းဆံုးေျခစြမ္းျပေနျပီး ခရိုတုိနီ ၊ ဒိုင္နမိုကိဗ္နဲ႔(၂) ပြဲမွာ (၃) ဂိုးသြင္းထားခဲ့တာျဖစ္ပါတယ္။ “ဒါေၾကာင့္ သူ႔ကို ကၽြန္ေတာ္တို႔ ေခၚယူခဲ့တာပါ။ သူဟာ ကၽြန္ေတာ္တို႔ရဲ႕ မတူညီတဲ့ နည္းစနစ္ပိုင္းမွာ အေထာက္အပံ့ေပးမႈ သူဆိုတာကၽြန္ေတာ္တို႔ သိခဲ့ပါတယ္။ ဒီဘားလား နဲ႔ သူနဲ႔ အတူတူပြဲထြက္လာရင္လည္း သူတို႔ အေကာင္းဆံုးကစားႏိုင္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ မိုရာတာနဲ႔ ပတ္သက္ျပီး ထပ္မံ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။