ဆဲလ်တစ်ကို အနိုင်ရပြီးနောက် ၅၆ နှစ်ကြာ စံချိန်နဲ့ တူညီသွားပြီးနောက် အေစီမီလန်အသင်းရဲ့ လျှိုဝှက်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့ နည်းပြ ပိုင်အိုလီ


အေစီမီလန်အသင်းနည်းပြ ပိုင်အိုလီက ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်မှာ ဆဲလ်တစ်ကို အနိုင်ရပြီးနောက် အသင်းရဲ့ စွမ်းဆောင်နိုင်မှု လျှိုဝှက်ချက်တွေကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အေစီမီလန်အသင်းဟာ ပိုင် အိုလီရဲ့ လက်အောက်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၅ ပွဲဆက် ရှုံးပွဲမရှိခဲ့တာပဲ ဖြစ်ပါတယ်။


ဆဲလ်တစ်ကို အနိုင်ရတဲ့ပွဲအပြီးမှာတော့ အေစီမီလန်နည်းပြ ပိုင်အိုလီက “ ကျွန်တော်တို့အသင်းအနေနဲ့ပွဲကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နည်းစနစ်ပိုင်း အခက်အခဲတွေကြောင့် အနည်းငယ်စိုးရိမ်ခဲ့ရပေမယ့် နိုင်ပွဲရ အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တုန်းကဆိုရင်လည်း အသင်းအနေနဲ့ ဒါဘီပွဲကစားခဲ့ရပြီး အင်တာမီလန်ကို အနိုင်ရခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ပိုင်အိုလီက “ အခုလို အသင်းရဲ့နိုင်ပွဲဆက်မှုတွေကို ဘာကြောင့်ရနေသလဲဆိုတာကတော့ အသင်းက စပြီး နည်းစနစ်ပိုင်းကျွမ်းကျင်သူတွေ၊ ကစားသမားတွေနဲ့ အသင်းနဲ့ သက်ဆိုင်သူတွေဟာ ရည်မှန်းချက်တစ်ခုတည်းထားပြီး ကြိုးစားနေလို့ပဲ ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ သူအားလုံးက အသင်းတိုးတက်ဖို့အတွက်ပဲ ရည်ရွယ်ပြီး လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဆဲလ္တစ္ကို အႏိုင္ရၿပီးေနာက္ ၅၆ ႏွစ္ၾကာ စံခ်ိန္နဲ႔ တူညီသြားၿပီးေနာက္ ေအစီမီလန္အသင္းရဲ႕ လွ်ိဳဝွက္ခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ နည္းျပ ပိုင္အိုလီ
ေအစီမီလန္အသင္းနည္းျပ ပိုင္အိုလီက ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူရိုပါလိဂ္မွာ ဆဲလ္တစ္ကို အႏိုင္ရၿပီးေနာက္ အသင္းရဲ႕ စြမ္းေဆာင္ႏိုင္မႈ လွ်ိဳဝွက္ခ်က္ေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ေအစီမီလန္အသင္းဟာ ပိုင္ အိုလီရဲ႕ လက္ေအာက္မွာ ေျခစြမ္းပိုင္း သိသိသာသာ တိုးတက္လာခဲ့တာျဖစ္ၿပီး ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၂၅ ပြဲဆက္ ရႈံးပြဲမရွိခဲ့တာပဲ ျဖစ္ပါတယ္။
ဆဲလ္တစ္ကို အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ ေအစီမီလန္နည္းျပ ပိုင္အိုလီက “ ကြ်န္ေတာ္တို႔အသင္းအေနနဲ႔ပြဲကို အေကာင္းဆံုး ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာ နည္းစနစ္ပိုင္း အခက္အခဲေတြေၾကာင့္ အနည္းငယ္စုိးရိမ္ခဲ့ရေပမယ့္ ႏိုင္ပြဲရ ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ပြဲစဥ္တုန္းကဆိုရင္လည္း အသင္းအေနနဲ႔ ဒါဘီပြဲကစားခဲ့ရၿပီး အင္တာမီလန္ကို အႏိုင္ရခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ပိုင္အိုလီက “ အခုလို အသင္းရဲ႕ႏုိင္ပြဲဆက္မႈေတြကို ဘာေၾကာင့္ရေနသလဲဆိုတာကေတာ့ အသင္းက စၿပီး နည္းစနစ္ပိုင္းကြ်မ္းက်င္သူေတြ၊ ကစားသမားေတြနဲ႔ အသင္းနဲ႔ သက္ဆိုင္သူေတြဟာ ရည္မွန္းခ်က္တစ္ခုတည္းထားၿပီး ၾကိဳးစားေနလို႔ပဲ ျဖစ္ပါတယ္။ အသင္းမွာရွိတဲ့ သူအားလံုးက အသင္းတိုးတက္ဖို႔အတြက္ပဲ ရည္ရြယ္ၿပီး လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။