အိမ်မှာကွာရာတင်းဝင်နေရလို့ ပျင်းနေတဲ့ ရော်နယ်ဒို ကတုံးဆံပင် ပုံစံပြောင်း

ကွာရာတင်းဝင်ရောက်နေချိန်မှာ ရေပန်းအစားဆုံးအရာ (၂) ခုကတော့ လေ့ကျင့်ခန့်လုပ်ခြင်းနဲ့ ဆံပင် ပုံစံပြောင်းခြင်းတို့ဖြစ်ပါတယ်။ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ ရော်နယ်ဒိုကိုယ်တိုင်လည်း တူရင်က အိမ်မှာ သီးသန့် ကွာရာတင်းဝင်ရောက်နေပြီး အခြားသူတွေနဲ့ မထူးမခြားနား ဆံပင်ပုံစံအသစ်ကို ပြောင်းပြီး လေ့ကျင့်ရေးလုပ်နေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ (၈) ရက်တုန်းက ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တူရင်က နေအိမ်ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ လေ့ကျင်းရေးကွင်းကို တောင် သွားရောက်လို့မရတဲ့ ရော်နယ်ဒိုဟာ နေအိမ်က Gym မှာပဲ သီးသန့် လုပ်နေဆဲပါ။ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ Gym Bike ကို သီးချင်းလေးဆိုရင်း လုပ်နေတာဖြစ်ပေမယ့် သူ့ရဲ့ ဆံပင်ပုံစံအသစ်က ပရိသတ်တွေအတွက် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ဗီဒီယိုကို ချစ်သူဖြစ်တဲ့ ဂျော်ဂျီနာရိုဒရီဂွတ်ဇ်က ရိုက်ကူးပေးခဲ့တာပါ။



