စီရော်နယ်ဒိုထက် အေဘရာဟီမိုဗစ်က အီတလီဘောလုံးလောကမှာ ပိုပြီး ကြီးကျယ်ခမ်းနားတယ်လို့ ပြောခဲ့တဲ့ ဇက်ချီရိုနီ


ဂျူဗင်တပ်နဲ့ အေစီမီလန်အသင်းတို့ရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဇက်ချီရိုနီက ဆွီဒင်တိုက်စစ်မှူးဖြစ်တဲ့ အေဘရာဟီမို ဗစ် က နာမည်ကျော်ကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုထက် အီတလီဘောလုံးလောကမှာ ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ သူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အေဘရာဟီမိုဗစ်ဟာ အီတလီစီးရီးအေရဲ့ ထိပ်သီးအသင်းကြီးတွေလို့ ဆိုရမယ့် ဂျူဗင် တပ်၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။


အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အေစီမီလန်ကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲ ၂၀ မှာ ၁၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့ အေဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ကစားခဲ့တဲ့ မီလန် ဒါဘီမှာလည်း အေစီမီလန်အတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။


စီရော်နယ်ဒိုကတော့ ၂၀၁၈ ခုနှစ်မှာ ရီးရဲလ်ကနေ ဂျူဗင်တပ်ကိုပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၉၁ ပွဲ မှာ ၆၈ ဂိုးသွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ နည်းပြဟောင်း ဇက်ချီရိုနီက “ ကျွန်တော်အနေနဲ့ ကစားသမားကောင်း တွေကို နည်းပြခဲ့ဖူးပေမယ့် အေဘရာဟီမိုမစ်ကိုတော့ နည်းမပြခဲ့ဖူးပါဘူး။ သူက အီတလီမှာရှိတဲ့ လူငယ်ကစားသမားတွေ အတွက် စံပြကစားသမားတစ်ဦးဖြစ်ပြီး သူရှိနေတာထက် စီရော်နယ်ဒိုထက်တောင် အီတလီဘောလုံးလောကကို ပိုပြီးခမ်း နားစေပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုထက္ ေအဘရာဟီမိုဗစ္က အီတလီေဘာလံုးေလာကမွာ ပိုၿပီး ၾကီးက်ယ္ခမ္းနားတယ္လို႔ ေျပာခဲ့တဲ့ ဇက္ခ်ီရိုနီ
ဂ်ဴဗင္တပ္နဲ႔ ေအစီမီလန္အသင္းတို႔ရဲ႕ နည္းျပေဟာင္းတစ္ဦးျဖစ္တဲ့ ဇက္ခ်ီရိုနီက ဆီြဒင္တုိက္စစ္မွဴးျဖစ္တဲ့ ေအဘရာဟီမို ဗစ္ က နာမည္ေက်ာ္ကစားသမားတစ္ဦးျဖစ္တဲ့ စီေရာ္နယ္ဒိုထက္ အီတလီေဘာလံုးေလာကမွာ ပိုၿပီး ၾကီးက်ယ္ခမ္းနားတဲ့ သူ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ေအဘရာဟီမိုဗစ္ဟာ အီတလီစီးရီးေအရဲ႕ ထိပ္သီးအသင္းၾကီးေတြလို႔ ဆိုရမယ့္ ဂ်ဴဗင္ တပ္၊ အင္တာမီလန္နဲ႔ ေအစီမီလန္အသင္းေတြမွာ ကစားခဲ့ဖူးသူ ျဖစ္ပါတယ္။
အသက္ ၃၉ ႏွစ္ရွိၿပီျဖစ္တဲ့ ေအဘရာဟီမိုဗစ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေအစီမီလန္ကို တစ္ေက်ာ့ျပန္ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ပြဲ ၂၀ မွာ ၁၁ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူၿပီးေနာက္ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရတဲ့ ေအဘရာဟီမိုဗစ္ဟာ ၿပီးခဲ့တဲ့အပတ္တုန္းက ကစားခဲ့တဲ့ မီလန္ ဒါဘီမွာလည္း ေအစီမီလန္အတြက္ အႏိုင္ဂိုး ႏွစ္ဂိုးစလံုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။
စီေရာ္နယ္ဒိုကေတာ့ ၂၀၁၈ ခုႏွစ္မွာ ရီးရဲလ္ကေန ဂ်ဴဗင္တပ္ကိုေျပာင္းေရႊ႕လာၿပီးေနာက္ အသင္းအတြက္ ၿပိဳင္ပြဲစံု ၉၁ ပြဲ မွာ ၆၈ ဂိုးသြင္းယူေပးႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။ နည္းျပေဟာင္း ဇက္ခ်ီရိုနီက “ ကြ်န္ေတာ္အေနနဲ႔ ကစားသမားေကာင္း ေတြကို နည္းျပခဲ့ဖူးေပမယ့္ ေအဘရာဟီမိုမစ္ကိုေတာ့ နည္းမျပခဲ့ဖူးပါဘူး။ သူက အီတလီမွာရွိတဲ့ လူငယ္ကစားသမားေတြ အတြက္ စံျပကစားသမားတစ္ဦးျဖစ္ၿပီး သူရွိေနတာထက္ စီေရာ္နယ္ဒိုထက္ေတာင္ အီတလီေဘာလံုးေလာကကို ပိုၿပီးခမ္း နားေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။