တစ်နေ့မှာ အန်ဒါလက်ချ်ကို ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပြီး ဘယ်ဂျီယံလက်ထောက်နည်းပြဟောင်း အွန်နရီက သူရဲ့ ဆရာ လို့ ပြောခဲ့တဲ့ လူကာကူ


အင်တာမီလန်တိုက်စစ်မှူး လူကာကူက တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့တဲ့ အန်ဒါလက်ချ်အသင်း ကို ပြန်လာကစားမယ်လို့ ကတိပေးခဲ့ပြီး ဘယ်ဂျီယံလက်ထောက်နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ အွန်နရီက သူရဲ့ဆရာ ဖြစ် တယ်လို့ ပြောခဲ့ပါတယ်။လူကာကူဟာ အန်ဒါလက်ချ်လူငယ်အသင်းကနေ အသင်းကြီးကိုရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအ တွက် ပွဲပေါင်း ၉၈ ပွဲမှာ ၄၁ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


၂၀၁၁ ခုနှစ်မှာတော့ ချဲလ်ဆီးအသင်းရဲ့ခေါ်ယူခြင်းခံရပြီးနောက် ဝက်စ်ဘရွန်း၊ အဲဗာတန်အသင်းတွေထံကို အဌားချခံခဲ့ရ ပါတယ်။ အဲဗာတန်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူကာကူကို ယူနိုက်တက်ကခေါ်ယူခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် နွေရာသီမှာ ပေါင် ၇၄ သန်းနဲ့ အင်တာမီလန်အသင်းကို ရောင်းချခဲ့ပါတယ်။ အင်တာမီလန်မှာတော့ လူကာကူ အနေနဲ့ ခြေစွမ်းပြနိုင်ခဲ့ပြီး ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။


လူကာကူက “ ကျွန်တော်အနေနဲ့ အသင်းဟောင်းဖြစ်တဲ့ အန်ဒါလက်ချ်အကြောင်းကို အမြဲတမ်းနားထောင်လေ့ရှိပါတယ်။ တစ်ချိန် အသင်းမှာ ပြန်ကစားဖြစ်မှာပါ။ အွန်နရီနဲ့လည်း အမြဲလိုလိုစကားပြောဖြစ်ပါတယ်။ သူက ကျွန်တော်ရဲ့ဆရာလည်း ဖြစ်သလို အခြားတိုက်စစ်မှူးတွေအကြောင်းကိုလည်း ရှင်းပြလေ့ရှိပါတယ်။ သူက ကျွန်တော်ကို ခွန်အားတွေပေးသလို တွန်းအားလည်း ပေးပါတယ်” လို့ ပြောခဲ့ပါတယ်။


လူကာကူက သူအနေနဲ့ ဘောလုံးပွဲတစ်ပွဲမှာ အရှုံးပေးရမှာ မုန်းတီးကြောင်းနဲ့ ဒီအချက်ဟာ အင်တာမီလန်နည်းပြ ကွန်တီ နဲ့ တူကြောင်းလည်း ပြောခဲ့ပါတယ်။ အင်တာမီလန်အသင်းက တိုက်စစ်မှူး နှစ်ယောက်ကစားလေ့ရှိပြီး ကွန်တီနဲ့ နီးတဲ့ ဘက်အခြမ်းမှာဆိုရင် သူရဲ့ အနိုင်ရလိုစိတ်ပြင်းထန်စွာနဲ့ ပြောနေတာကို တစ်ချိန်လုံးကြားနေရမှာပါလို့ လူကာကူူက ပြောခဲ့ ပါတယ်။

zawgyi version

တစ္ေန႔မွာ အန္ဒါလက္ခ်္ကို ျပန္လာခဲ့မယ္လို႔ ကတိေပးခဲ့ၿပီး ဘယ္ဂ်ီယံလက္ေထာက္နည္းျပေဟာင္း အြန္နရီက သူရဲ႕ ဆရာ လို႔ ေျပာခဲ့တဲ့ လူကာကူ
အင္တာမီလန္တိုက္စစ္မွဴး လူကာကူက တစ္ေန႔မွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ စတင္ခဲ့တဲ့ အန္ဒါလက္ခ်္အသင္း ကို ျပန္လာကစားမယ္လို႔ ကတိေပးခဲ့ၿပီး ဘယ္ဂ်ီယံလက္ေထာက္နည္းျပေဟာင္းတစ္ဦးျဖစ္တဲ့ အြန္နရီက သူရဲ႕ဆရာ ျဖစ္ တယ္လို႔ ေျပာခဲ့ပါတယ္။လူကာကူဟာ အန္ဒါလက္ခ်္လူငယ္အသင္းကေန အသင္းၾကီးကိုေရာက္ရွိခဲ့သူျဖစ္ၿပီး အသင္းအ တြက္ ပြဲေပါင္း ၉၈ ပြဲမွာ ၄၁ ဂိုးအထိသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။
၂၀၁၁ ခုႏွစ္မွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ေခၚယူျခင္းခံရၿပီးေနာက္ ဝက္စ္ဘရြန္း၊ အဲဗာတန္အသင္းေတြထံကို အဌားခ်ခံခဲ့ရ ပါတယ္။ အဲဗာတန္အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ လူကာကူကို ယူႏိုက္တက္ကေခၚယူခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ ၂၀၁၉ ခုႏွစ္ ေႏြရာသီမွာ ေပါင္ ၇၄ သန္းနဲ႔ အင္တာမီလန္အသင္းကို ေရာင္းခ်ခဲ့ပါတယ္။ အင္တာမီလန္မွာေတာ့ လူကာကူ အေနနဲ႔ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ပထမဆံုးရာသီမွာပဲ ၿပိဳင္ပြဲစံု ၃၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။
လူကာကူက “ ကြ်န္ေတာ္အေနနဲ႔ အသင္းေဟာင္းျဖစ္တဲ့ အန္ဒါလက္ခ်္အေၾကာင္းကို အျမဲတမ္းနားေထာင္ေလ့ရွိပါတယ္။ တစ္ခ်ိန္ အသင္းမွာ ျပန္ကစားျဖစ္မွာပါ။ အြန္နရီနဲ႔လည္း အျမဲလိုလိုစကားေျပာျဖစ္ပါတယ္။ သူက ကြ်န္ေတာ္ရဲ႕ဆရာလည္း ျဖစ္သလို အျခားတိုက္စစ္မွဴးေတြအေၾကာင္းကိုလည္း ရွင္းျပေလ့ရွိပါတယ္။ သူက ကြ်န္ေတာ္ကို ခြန္အားေတြေပးသလို တြန္းအားလည္း ေပးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လူကာကူက သူအေနနဲ႔ ေဘာလံုးပြဲတစ္ပြဲမွာ အရႈံးေပးရမွာ မုန္းတီးေၾကာင္းနဲ႔ ဒီအခ်က္ဟာ အင္တာမီလန္နည္းျပ ကြန္တီ နဲ႔ တူေၾကာင္းလည္း ေျပာခဲ့ပါတယ္။ အင္တာမီလန္အသင္းက တိုက္စစ္မွဴး ႏွစ္ေယာက္ကစားေလ့ရွိၿပီး ကြန္တီနဲ႔ နီးတဲ့ ဘက္အျခမ္းမွာဆိုရင္ သူရဲ႕ အႏိုင္ရလိုစိတ္ျပင္းထန္စြာနဲ႔ ေျပာေနတာကို တစ္ခ်ိန္လံုးၾကားေနရမွာပါလို႔ လူကာကူူက ေျပာခဲ့ ပါတယ္။