အရန်ခုံမှာ ထိုင်နေချင်တာမဟုတ်ဘဲ ဘောလုံးကစားချင်တာလို့ အင်တာမီလန်အသင်းကို သတိပေးလိုက်တဲ့ အဲရစ်ဆင်


စပါးကနေ ပြောင်းရွှေ့လာပြီးနောက် အင်တာမီလန်အသင်းရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တဲ့ အဲရစ်ဆင်က သူအနေနဲ့ အရန်ခုံမှာ ထိုင်နေချင်တာမဟုတ်ဘဲ ဘောလုံးကစားချင်တာလို့ အသင်းတာဝန်ရှိသူတွေကို သတိပေးခဲ့တယ်လို့ သိရ ပါတယ်။ အင်တာမီလန်နည်းပြ ကွန်တီက အဲရစ်ဆင်ရဲ့စွမ်းဆောင်ရည် ကျဆင်းနေမှုကြောင့် ဒီရာသီအသင်းရဲ့ ကွင်း လယ်မှာ ဗီဒယ်ကို ပိုပြီး အသုံးပြုလေ့ရှိတာ တွေရှိပါတယ်။


သတင်းတွေရဲ့ဖော်ပြချက်အရတော့ အင်တာမီလန်အသင်းဘက်က အဲရစ်ဆင်ကို ရောင်းချဖို့အတွက် အလိုရှိနေတယ်လို့ သိရပြီး အသင်းဟောင်းစပါးက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို ပီအက်စ်ဂျီကလည်း စိတ်ဝင်စားခဲ့တယ်လို့ သိရပါ တယ်။ အဲရစ်ဆင်ကတော့ အင်တာမီလန်မှာပဲ ပွဲထွက်ခွင့်နေရာကို ပြန်လည်ရယူသွားနိုင်အောင်လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။


အဲရစ်ဆင်က “ အခုလိုဖြစ်နေတာက နည်းပြကွန်တီ ဒါမှမဟုတ် အသင်းတာဝန်ရှိသူတွေရဲ့ ရည်ရွယ်ချက်လို့ ကျွန်တော်မ ထင်ပါဘူး။ ရာသီတစ်ခုမှာ အသင်းအနေနဲ့ ပွဲစဉ်တွေအများကြီး ကစားရဖို့ရှိနေပါတယ်။ ကျွန်တော်အနေနဲ့ အရန်ခုံမှာပဲ ထိုင်နေရတာမျိုးမဟုတ်ဘဲ ဘောလုံးကစားချင်ပါတယ်။ အသင်းအတွက် အများကြီးလုပ်ဆောင်ပေးခဲ့သလို ကျွန်တော် အနေနဲ့ အများကြီးလုပ်ဆောင်နိုင်ပါသေးတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version
