ဝက်ဖို့ဒ်ကို ကူညီဖို့အတွက် အီတလီမြေက ထွက်ခွာသင့်ခဲ့တယ်လို့ ပြောခဲ့တဲ့ အက်ရ်ှလေယန်း
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်က အင်တာမီလန်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ အက်ရှ်လေယန်း က အသင်းမှာ ခြေစွမ်းပြန်ပြနိုင်တာလာကြောင့် အဓိက,ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ အက်ရ်ှလေယန်းက လူငယ် ကစားသမားဘဝစတင်ခဲ့တဲ့ ဝက်ဖို့ဒ်အသင်းအတွက် အီတလီမြေက ထွက်ခွာသင့်တယ်လို့ ပြောခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အက်ရ်ှလေယန်းဟာ ဝက်ဖို့ဒ်လူငယ်အသင်းမှာ ၈ နှစ်ကြာကစားပြီးမှ ၂၀၀၃ ခုနှစ်မှာ အသင်းကြီးကို ရောက်ရှိခဲ့တာ ဖြစ်ပါ တယ်။ ဝက်ဖို့ဒ်အသင်းကြီးမှာ လေးရာသီကြာကစားပြီးနောက်မှာ အက်စ်တွန်ဗီလာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။အက်စ်တွန်ဗီလာကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းခေါင်းဆောင်အထိ ဖြစ်ခဲ့ပေမယ့် အသက်ရလာတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပဲ ဖြစ်ပါတယ်။
အက်ရှ်လေယန်းက “ ဝက်ဖို့စ်အသင်းအတွက် ပြန်ကစားချင်တဲ့စိတ်ရှိခဲ့ပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်း ဆက်ကစားဖို့လည်းရှိနေပါတယ်။ အခုလိုအခြေအနေမျိုးတွေ ၊ အောင်မြင်မှုတွေရအောင် ကျွန်တော်ရဲ့ကစားသမားဘဝ အစဖြစ်တဲ့ ဝက်ဖို့ဒ်က စတင်ခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။ အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အင်တာမီလန်ကို ကာလတိုစာချုပ်နဲ့ ရောက်ရှိခဲ့တယ်ဆိုပေမယ့် ဇွန်လအပြီးမှာစာချုပ်ပါသဘောတူညီမှုအရ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။
zawgyi version
ဝက်ဖို့ဒ်ကို ကူညီဖို့အတွက် အီတလီမြေက ထွက်ခွာသင့်ခဲ့တယ်လို့ ပြောခဲ့တဲ့ အက်ရှ်လေယန်း