ဒါမီယန်ကို ခေါ်ယူခဲ့တာကြောင့် ယူနိုက်တက် ကစားသမားတွေကို ချစ်ခင်နေတာလားဆိုပြီး မေးခွန်းထုတ်ခံနေရတဲ့ ကွန်တီ


နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူနိုက်တက်ကနေ ပါးမားကို အဌားချထားတဲ့ ဒါမီယန်ကို ခေါ်ယူခဲ့တာကြောင့် မီဒီယာတွေကတော့ အင်တာမီလန်နည်းပြ ကွန်တီအနေနဲ့ ယူနိုက်တက်ကစားသမားတွေကို ချစ်ခင်နေတာလားဆိုပြီး မေး ခွန်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ပါးမားအသင်းမှာ အဌားနဲ့ လာကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒါမီယန်ကို ကွန်တီအနေနဲ့ အဌားနဲ့အရင်ခေါ်ယူပြီးမှ အပြီးသတ်စာချူပ်ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။


ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်နည်းပြဖြစ်လာပြီးနောက်မှာ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ လူကာကူ၊ ဆန်းချက်ဇ်နဲ့ အက်ရှလေယန်းတို့ကို ခေါ်ယူခဲ့သလို စပါးက အဲရစ်ဆင်နဲ့ ချဲလ်ဆီးက မော့ဆက်တို့ကို ခေါ်ယူခဲ့တာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ ဒုတိယပဲ ရခဲ့သလို ယူရိုပါလိဂ်လည်း ဒုတိယပဲ ရရှိခဲ့တာကြောင့် ကွန်တီအနေနဲ့ ဒီရာသီမှာ အောင်မြင်မှုရယူဖို့ အတွက်လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်တွေ ခေါ်ယူမှု ပြုလုပ်ခဲ့သလို အသင်းက ကစားသမားတွေကိုလည်း အခြားအသင်းတွေထံ အဌားချတာမျိုး ၊ ရောင်းချတာမျိုးတွေ ပြလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ စမောလင်းကို ယူရို ၁၅ သန်းနဲ့ ရိုးမားကို အပြီးသတ်ရောင်းချလိုက်သလို ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ပါရဲရားကိုလည်း လာဇီယိုထံ အဌားချခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ဒါမီယန္ကို ေခၚယူခဲ့တာေၾကာင့္ ယူႏို္က္တက္ ကစားသမားေတြကို ခ်စ္ခင္ေနတာလားဆိုၿပီး ေမးခြန္းထုတ္ခံေနရတဲ့ ကြန္တီ
ေႏြရာသီအေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ ယူႏိုက္တက္ကေန ပါးမားကို အဌားခ်ထားတဲ့ ဒါမီယန္ကို ေခၚယူခဲ့တာေၾကာင့္ မီဒီယာေတြကေတာ့ အင္တာမီလန္နည္းျပ ကြန္တီအေနနဲ႔ ယူႏိုက္တက္ကစားသမားေတြကို ခ်စ္ခင္ေနတာလားဆိုၿပီး ေမး ခြန္းထုတ္ခဲ့တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရာသီက ပါးမားအသင္းမွာ အဌားနဲ႔ လာကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒါမီယန္ကို ကြန္တီအေနနဲ႔ အဌားနဲ႔အရင္ေခၚယူၿပီးမွ အၿပီးသတ္စာခ်ဴပ္ခ်ဳပ္ဆိုမယ္လို႔လည္း သိရပါတယ္။
ကြန္တီဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္နည္းျပျဖစ္လာၿပီးေနာက္မွာ ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ လူကာကူ၊ ဆန္းခ်က္ဇ္နဲ႔ အက္ရွေလယန္းတို႔ကို ေခၚယူခဲ့သလို စပါးက အဲရစ္ဆင္နဲ႔ ခ်ဲလ္ဆီးက ေမာ့ဆက္တို႔ကို ေခၚယူခဲ့တာျဖစ္ပါ တယ္။ ၿပီးခဲ့တဲ့ရာသီက စီးရီးေအၿပိဳင္ပြဲမွာ ဒုတိယပဲ ရခဲ့သလို ယူရိုပါလိဂ္လည္း ဒုတိယပဲ ရရွိခဲ့တာေၾကာင့္ ကြန္တီအေနနဲ႔ ဒီရာသီမွာ ေအာင္ျမင္မႈရယူဖို႔ အတြက္လုပ္ေဆာင္ရမွာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ကစားသမားသစ္ေတြ ေခၚယူမႈ ျပဳလုပ္ခဲ့သလို အသင္းက ကစားသမားေတြကိုလည္း အျခားအသင္းေတြထံ အဌားခ်တာမ်ိဳး ၊ ေရာင္းခ်တာမ်ိဳးေတြ ျပလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ဟာ စေမာလင္းကို ယူရို ၁၅ သန္းနဲ႔ ရိုးမားကို အၿပီးသတ္ေရာင္းခ်လိုက္သလို ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ပါရဲရားကိုလည္း လာဇီယိုထံ အဌားခ်ခဲ့တယ္လို႔ သိရပါတယ္။