ပရော်ဖက်ရှင်ဘောလုံးသမားဘဝမှာ ဟက်ထရစ်အများဆုံး ရထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒို


ဘောလုံးသမားတစ်ယောက်အတွက် သွင်းဂိုးတစ်ဂိုးရရှိဖို့ဆိုတာ ခက်ခဲပြီး တစ်ပွဲတည်းမှာ ဟက်ထရစ်လို့ခေါ်တဲ့ သုံးဂိုး သွင်းယူနိုင်ဖို့ဆိုတာ ပိုခက်ခဲပါတယ်။ တစ်ပွဲတည်းမှာ ဟက်ထရစ်သွင်းယူနိုင်ဖို့ဆိုတာ တိုက်စစ်မှူးတွေသာ ပြုလုပ်နိုင်ဖို့ အခွင့်အရေးပိုများတယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ စပါးက မက္ကာ ဘီဟိုင်ဖာကို ခုနှစ်ဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။


စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ သူရဲ့ကစားသမားဘဝမှာ ဟက်ထရစ်သွင်းယူနိုင်မှု ၁၂ ကြိမ်အထိ ရရှိခဲ့တာဖြစ်ပြီး ကစားသမားဘဝ ဟက်ထရစ်သွင်းယူမှုအများဆုံးစာရင်းမှာတော့ ဂါလာတာစာရေးတိုက်စစ်မှူး ဖယ်ကာအိုနဲ့အတူ အဆင့်-၇ နေရာမှာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပေါ်တို၊အက်သလက်တီကို၊ မိုနာကို တို့မှာ ခြေစွမ်းပြခဲ့တဲ့ ဖယ်ကာအိုက လည်း ကစားသမားဘဝမှာ ဟက်ထရစ် ၁၂ ကြိမ်အထိ ရရှိထားသူဖြစ်ပါတယ်။


ပီအက်စ်ဂျီကနေထွက်ပြီး လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူး ကာဗာနီက ဟက်ထရစ် ၁၅ ကြိမ်ရရှိထားပြီး မန် စီးတီးတိုက်စစ်မှူး အဂူရိုက ဟက်ထရစ် ၁၇ ကြိမ်ရရှိထားတာလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ စကီးကတော့ ကစားသမားဘဝမှာ ဟက်ထရစ် ၂၂ ကြိမ်ရရှိခဲ့ပြီး ဘာစီလိုနာကနေ အက်သလက်တီကို ,ကို ပြောင်းရွှေ့ သွားတဲ့ ဆွာရက်ဇ်က ဟက်ထရစ် ၂၉ ကြိမ်အထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ ကစားသမားဘဝမှာ ဟက်ထရစ် ၅၃ ကြိမ် ရရှိထားခဲ့တာဖြစ်ပြီး ဂျူဗင်တပ် တိုက် စစ်မှူး စီရော်နယ်ဒိုက ဟက်ထရစ် ၅၄ ကြိမ် ရရှိထားတာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့လာပြီးနောက် ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဟက်ထရစ် ၅ ကြိမ်အထိ သွင်းယူပေးနိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ပေရာ္ဖက္ရွင္ေဘာလံုးသမားဘဝမွာ ဟက္ထရစ္အမ်ားဆံုး ရထားတဲ့ ခရစၥတီယာႏို ေရာ္နယ္ဒို
ေဘာလံုးသမားတစ္ေယာက္အတြက္ သြင္းဂိုးတစ္ဂိုးရရွိဖို႔ဆိုတာ ခက္ခဲၿပီး တစ္ပြဲတည္းမွာ ဟက္ထရစ္လို႔ေခၚတဲ့ သံုးဂိုး သြင္းယူႏိုင္ဖို႔ဆိုတာ ပိုခက္ခဲပါတယ္။ တစ္ပြဲတည္းမွာ ဟက္ထရစ္သြင္းယူႏိုင္ဖို႔ဆိုတာ တိုက္စစ္မွဴးေတြသာ ျပဳလုပ္ႏိုင္ဖို႔ အခြင့္အေရးပိုမ်ားတယ္လို႔ ဆိုရမွာပါ။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ စပါးက မကၠာ ဘီဟိုင္ဖာကို ခုႏွစ္ဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး တုိက္စစ္မွဴး ဟယ္ရီကိန္းက ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။
စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းအေနနဲ႔ သူရဲ႕ကစားသမားဘဝမွာ ဟက္ထရစ္သြင္းယူႏိုင္မႈ ၁၂ ၾကိမ္အထိ ရရွိခဲ့တာျဖစ္ၿပီး ကစားသမားဘဝ ဟက္ထရစ္သြင္းယူမႈအမ်ားဆံုးစာရင္းမွာေတာ့ ဂါလာတာစာေရးတိုက္စစ္မွဴး ဖယ္ကာအိုနဲ႔အတူ အဆင့္-၇ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေပၚတို၊အက္သလက္တီကို၊ မိုနာကို တို႔မွာ ေျခစြမ္းျပခဲ့တဲ့ ဖယ္ကာအိုက လည္း ကစားသမားဘဝမွာ ဟက္ထရစ္ ၁၂ ၾကိမ္အထိ ရရွိထားသူျဖစ္ပါတယ္။
ပီအက္စ္ဂ်ီကေနထြက္ၿပီး လက္ရွိမွာအသင္းလက္မဲ့ျဖစ္ေနတဲ့ တိုက္စစ္မွဴး ကာဗာနီက ဟက္ထရစ္ ၁၅ ၾကိမ္ရရွိထားၿပီး မန္ စီးတီးတိုက္စစ္မွဴး အဂူရိုက ဟက္ထရစ္ ၁၇ ၾကိမ္ရရွိထားတာလည္း ျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီဝန္ေဒါ စကီးကေတာ့ ကစားသမားဘဝမွာ ဟက္ထရစ္ ၂၂ ၾကိမ္ရရွိခဲ့ၿပီး ဘာစီလိုနာကေန အက္သလက္တီကို ,ကို ေျပာင္းေရႊ႕ သြားတဲ့ ဆြာရက္ဇ္က ဟက္ထရစ္ ၂၉ ၾကိမ္အထိ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။
ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီကေတာ့ ကစားသမားဘဝမွာ ဟက္ထရစ္ ၅၃ ၾကိမ္ ရရွိထားခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္ တိုက္ စစ္မွဴး စီေရာ္နယ္ဒိုက ဟက္ထရစ္ ၅၄ ၾကိမ္ ရရွိထားတာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ၂၀၁၈ ခုႏွစ္မွာ ဂ်ဴဗင္တပ္ကုိ ေျပာင္းေရႊ႕လာၿပီးေနာက္ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ဟက္ထရစ္ ၅ ၾကိမ္အထိ သြင္းယူေပးႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။