စီရော်နယ်ဒိုရဲ့ အကြောင်းကို နောက်ထပ် နှစ်ပေါင်း ၃၀၀ လောက်အထိ လူတွေပြောနေကြဦးမှာပါ လို့ ပြောခဲ့တဲ့ ရူအီ ကော်စတာ


စီရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ရူအီကော်စတာက လက်ရှိမှာ အသက် ၃၅ နှစ်ရှိနေပြီဖြစ်ပေမယ့် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ စီရော်နယ်ဒိုရဲ့ အကြောင်းကို လူတွေအနေနဲ့ နောက်ထပ်နှစ်ပေါင်း ၃၀၀ လောက်အထိ ပြောဆိုနေကြမှာ ဖြစ်တယ်ဆိုပြီး ပြောခဲ့သလို ဂျူဗင်တပ်နည်းပြ ပီယာလိုကလည်း စီရော်နယ်ဒိုအတွက် ပြီးပြည့်စုံတဲ့ နည်း ပြ တစ်ဦးဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။


လက်ရှိမှာ အသက် ၄၈ နှစ်ရှိနေပြီဖြစ်တဲ့ ရူအီကော်စတာဟာ စီရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းမှာ အတူတွဲကစားခဲ့ဖူူးသလို ဂျူဗင်တပ်နည်းပြ ပီယာလိုနဲ့လည်း အေစီမီလန်အသင်းမှာ အတူတွဲကစားဖူးသူ ဖြစ်ပါတယ်။ ရူအီကော်စတာက ပေါ်တူဂီ အသင်းခေါင်းဆောင်ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ အကြောင်းကို လူတွေအနေနဲ့ နှစ်ပေါင်းများစွာ ပြောဆိုနေပြီး သတိရနေမှာ ဖြစ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။


ရူအီကော်စတာက “ အခုကနေစပြီး နောက်ထပ် နှစ် ၃၀၀ လောက်အထိ စီရော်နယ်ဒိုရဲ့ အကြောင်းကို လူတွေအနေနဲ့ ပြောနေကြဦးမှာပါ။ သူက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး မတူညီတဲ့အသင်းတွေနဲ့ အောင်မြင်မှုရအောင်စွမ်းဆောင်နိုင်တဲ့ သူပါ။ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ နောက်ထပ်နှစ်ပေါင်းများစွာ ဘောလုံးကစားနိုင်ဦးမှာပါ။” လို့ ပြောခဲ့ ပါတယ်။


ဆက်လက်ပြီး ရူအီကော်စတာက ဂျူဗင်တပ်နည်းပြ ပီယာလိုနဲ့ ပတ်သက်ပြီးတော့လည်း ပီယာလိုအနေနဲ့ ဆာရီရဲ့နေရာအ တွက် အကောင်းဆုံးအစားထိုးမှု ဖြစ်လာမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ ကစားသမားဘဝတုန်းက ချန်ပီယံဆုတွေရရှိခဲ့ပြီး ကစားသမားကောင်းတွေနဲ့ တွဲကစားခွင့်ရခဲ့တဲ့ ပီယာလိုအနေနဲ့ နည်းပြဘဝမှာလည်း စီရော်နယ်ဒိုလို ကစားသမားကောင်း ကို နည်းပြခွင့်ရတာကြောင့် အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လို့လည်း ရူအီကော်စတာက ပြောခဲ့ပါတယ်။

zawgyi version

စီေရာ္နယ္ဒိုရဲ႕ အေၾကာင္းကို ေနာက္ထပ္ ႏွစ္ေပါင္း ၃၀၀ ေလာက္အထိ လူေတြေျပာေနၾကဦးမွာပါ လို႔ ေျပာခဲ့တဲ့ ရူအီ ေကာ္စတာ
စီေရာ္နယ္ဒိုရဲ႕ ေပၚတူဂီအသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ ရူအီေကာ္စတာက လက္ရွိမွာ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ အေကာင္းဆံုး ေျခစြမ္းျပေနတဲ့ စီေရာ္နယ္ဒိုရဲ႕ အေၾကာင္းကို လူေတြအေနနဲ႔ ေနာက္ထပ္ႏွစ္ေပါင္း ၃၀၀ ေလာက္အထိ ေျပာဆိုေနၾကမွာ ျဖစ္တယ္ဆိုၿပီး ေျပာခဲ့သလို ဂ်ဴဗင္တပ္နည္းျပ ပီယာလိုကလည္း စီေရာ္နယ္ဒိုအတြက္ ၿပီးျပည့္စံုတဲ့ နည္း ျပ တစ္ဦးျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။
လက္ရွိမွာ အသက္ ၄၈ ႏွစ္ရွိေနၿပီျဖစ္တဲ့ ရူအီေကာ္စတာဟာ စီေရာ္နယ္ဒိုနဲ႔ ေပၚတူဂီအသင္းမွာ အတူတြဲကစားခဲ့ဖူူးသလို ဂ်ဴဗင္တပ္နည္းျပ ပီယာလိုနဲ႔လည္း ေအစီမီလန္အသင္းမွာ အတူတြဲကစားဖူးသူ ျဖစ္ပါတယ္။ ရူအီေကာ္စတာက ေပၚတူဂီ အသင္းေခါင္းေဆာင္ျဖစ္တဲ့ စီေရာ္နယ္ဒိုရဲ႕ အေၾကာင္းကို လူေတြအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေျပာဆိုေနၿပီး သတိရေနမွာ ျဖစ္ေၾကာင္း ေျပာခဲ့တာျဖစ္ပါတယ္။
ရူအီေကာ္စတာက “ အခုကေနစၿပီး ေနာက္ထပ္ ႏွစ္ ၃၀၀ ေလာက္အထိ စီေရာ္နယ္ဒိုရဲ႕ အေၾကာင္းကို လူေတြအေနနဲ႔ ေျပာေနၾကဦးမွာပါ။ သူက ပါရမီရွင္တစ္ေယာက္ျဖစ္ၿပီး မတူညီတဲ့အသင္းေတြနဲ႔ ေအာင္ျမင္မႈရေအာင္စြမ္းေဆာင္ႏိုင္တဲ့ သူပါ။ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ ေဘာလံုးကစားႏိုင္ဦးမွာပါ။” လို႔ ေျပာခဲ့ ပါတယ္။
ဆက္လက္ၿပီး ရူအီေကာ္စတာက ဂ်ဴဗင္တပ္နည္းျပ ပီယာလိုနဲ႔ ပတ္သက္ၿပီးေတာ့လည္း ပီယာလိုအေနနဲ႔ ဆာရီရဲ႕ေနရာအ တြက္ အေကာင္းဆံုးအစားထိုးမႈ ျဖစ္လာမွာျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ ကစားသမားဘဝတုန္းက ခ်န္ပီယံဆုေတြရရွိခဲ့ၿပီး ကစားသမားေကာင္းေတြနဲ႔ တြဲကစားခြင့္ရခဲ့တဲ့ ပီယာလိုအေနနဲ႔ နည္းျပဘဝမွာလည္း စီေရာ္နယ္ဒိုလို ကစားသမားေကာင္း ကို နည္းျပခြင့္ရတာေၾကာင့္ အေကာင္းဆံုးလုပ္ေဆာင္ႏုိင္မယ္လို႔လည္း ရူအီေကာ္စတာက ေျပာခဲ့ပါတယ္။