ဖီအိုရင်တီနား တောင်ပံကစားသမား ချီယေဆာကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူရန် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကို ဆက်သွယ်လိုက်တဲ့ ဂျူဗင်တပ်စ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ ဖီအိုရင်တီးနား တောင်ပံတိုက်စစ်ကစားသမားကို ခေါ်ယူရန်အတွက် ချီယေဆာရဲ့ အေးဂျင့်ဖြစ်သူကို ဆက်သွယ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အီတလီလက်ရွေးစင်ကစားသမားကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူရန် ပြင်ဆင်နေပြီး (၅) နှစ်စာချုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဖီအိုရင်တီးနားက ပေါင် ၆၄ သန်းတောင်းဆိုနေတဲ့အတွက် (၂) ဖက်ကြား ဆွေးနွေးရန် ကျန်ရှိနေပါသေးတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အငှားနဲ့ ခေါ်ယူပြီး နောက်နွေရာသီမှ အပြီးသတ်ဝယ်ယူမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ဖီအိုရင်တီးနားက လက်ခံလိုက်တယ်လို့ အီတလီက သတင်းအချို့ကလည်း ဖော်ပြနေကြပါတယ်။

ချီယေဆာဟာ ဖီအိုရင်တီးနားအသင်းအတွက် ပြီးခဲ့တဲ့ ရာသီက (၇) ဂိုးသွင်းထားလို့ အသက် ၂၂ နှစ်အရွယ်ကစားသမားကို ပီယာလိုက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ ချီယေဆာကို ယူနိုက်တက်အသင်းကလည်း ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

ဖီအုိရင္တီနား ေတာင္ပံကစားသမား ခ်ီေယဆာကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူရန္ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကို ဆက္သြယ္လိုက္တဲ့ ဂ်ဴဗင္တပ္စ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ ဖီအိုရင္တီးနား ေတာင္ပံတုိက္စစ္ကစားသမားကို ေခၚယူရန္အတြက္ ခ်ီေယဆာရဲ႕ ေအးဂ်င့္ျဖစ္သူကို ဆက္သြယ္လိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ အီတလီလက္ေရြးစင္ကစားသမားကို ေပါင္ ၄၅ သန္းနဲ႔ ေခၚယူရန္ ျပင္ဆင္ေနျပီး (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္သြားမွာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ဖီအုိရင္တီးနားက ေပါင္ ၆၄ သန္းေတာင္းဆိုေနတဲ့အတြက္ (၂) ဖက္ၾကား ေဆြးေႏြးရန္ က်န္ရွိေနပါေသးတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ အငွားနဲ႔ ေခၚယူျပီး ေနာက္ေႏြရာသီမွ အျပီးသတ္၀ယ္ယူမယ္ဆိုတဲ့ ကမ္းလွမ္းခ်က္ကို ဖီအိုရင္တီးနားက လက္ခံလိုက္တယ္လို႔ အီတလီက သတင္းအခ်ိဳ႕ကလည္း ေဖာ္ျပေနၾကပါတယ္။

ခ်ီေယဆာဟာ ဖီအိုရင္တီးနားအသင္းအတြက္ ျပီးခဲ့တဲ့ ရာသီက (၇) ဂိုးသြင္းထားလို႔ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို ပီယာလိုက ေခၚယူလိုေနတာ ျဖစ္ပါတယ္။ ခ်ီေယဆာကို ယူႏိုက္တက္အသင္းကလည္း ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ ေအာင္ျမင္မႈ မရခဲ့ပါဘူး။